မျိုးဖျက်တဲ့ပိုး၇
မောင်ခြိမ့်မျိုးဖျက်တဲ့ပိုးဝါလကင်းလွတ် သီတင်းကျွတ်ခဲ့ပြီ။မြန်မာပြည်အနှံ့ စိုးမိုးမင်းမူ ဘုရင်တစ်ဆူလုပ်နေခဲ့သော မုတ်သုံလေတို့ ဆုတ်ခွာသွားပြီ။မိုးအလွန် ဆောင်းအကူးကာလပေမို့ ကောင်းကင်တစ်ခွင်တစ်ပြင်လုံး ကြည်စင်၍နေလေသည်။ တိမ်ခြေ၊ မင်းလွင်မြူခိုးဝင်စ ခါသမယမို့ အပြာနုရောင် မိုးသားပြင်သည် ကြယ်အပေါင်းတို့ ဝန်းရံခလျက် တင့်တယ်စွာ ထွန်းပနေသော လမင်းကြီးနှင့် ပနံတင့်လှလေ၏။ဝိုင်းဝိုင်းစက်စက် လမင်းကြီးသည် ဖြူဝါဝါရောင်ခြည်များ သွန်းချလျက်ရှိသောကြောင့် ဖိုးနီတို့ ဇုက္ကနိရွာကလေးသည် …