ချောင်းရေဖွေးဖွေး မိုးအေးအေး၆
တွင်းကြီးသားတင်ဝင်းဦးချောင်းရေဖွေးဖွေး မိုးအေးအေးထက်ကောင်းကင်သည် ပြာပြာမှိုင်းမှိုင်း။ပါးလွှာသော တိမ်ပါးတို့သည် ပြေးလွှားနေရာမှ ထက်အာကာကို လွှမ်းခြုံထားလိုက်ကြချေပြီ။တောင်လေက ခပ်ညင်းညင်းတိုက်နေသည်။မိုးရနံ့က မနေ့ကအတိုင်း မွှေးမြမြ။နေမင်းသည် တိမ်ယံတို့အကြား ကွယ်ပုန်းနေပြီ။ရိုးပြတ်ချောင်း၏ သည်ဘက်ရှိ ရိုးပြတ်ကွင်းထဲတွင် ထွန်ယက်နေကြချေပြီ။မနေ့က မိုးရွာခဲ့သည်။ နှစ်နာရီကျော်ကြာ ရွာခဲ့သောမိုးက အနှစ်ပါသည်။ ရွာပေါ် မှာရော ရိုးပြတ်ကွင်းမှာပါ ရေတွေအပြည့်။ ရိုးပြတ်ကွင်း ရေပြည့်ပြီဆိုသောအခါ …