September 13, 2025

မုဆိုးပရိယာယ်နှင့် သားကောင်၈

#အောင်ခင်စိုးမုဆိုးပရိယာယ်နှင့် သားကောင်နေဝင်သည်နှင့်တစ်ပြိုင်နက်ထဲ မခံမရပ်နိုင်အောင် စိမ့်၍အေး၍ လာသော ကချင်ပြည်နယ်၏ဆိုးဝါးသောရာသီဥတုအရှိန်ကို ပြသလေတော့ သည်။ ထို့ကြောင့်လည်း တပ်စခန်းစည်းရိုးအတွင်းရှိ ဘန်ကာကျင်းအလယ်တွင် မီးဖိုကြီးဖို၍ ကျွန်တော်တို့ကို နွေးစေရပါသည်။ ထိုအချိန်မှာပင် စခန်းရိက္ခာအတွက် တောင်ယာတဲများမှဝယ်ယူ စုဆောင်းထားသော စခန်းအနောက်ဖက်ရှိ ကြက်ခြံဆီမှ ရုန်းကန်သံနှင့် ကြက်တွေ ဆူညံနေတော့၏။ကျွန်တော်နှင့် လမ်းပြမုဆိုးကြီး လမုန်ထန်တို့ …

ဘွားမယ်စိန်နဲ့ သူတော်ယောင်၈၈၈

စ…ဆုံးထိုနေ့သည်သောင်ထွန်းရွာ၌ ထူးခြားမှုရှိနေခဲ့၏။ဖြစ်ပုံသည်ကသောင်ထွန်းရွာရှိ ထန်းတက်သမားတစ်ဦးဖြစ်သော မောင်စိုင်၏ မိတ်ဆွေတစ်ဦးရွာသို့လာရောက်ခြင်းကြောင့်ဖြစ်ပေသည်။ထိုထန်းတက်သမားမောင်စိုင်၏ မိတ်ဆွေကြောင့်ပင် ရွာရှိကာလသားများ မောင်စိုင်၏အိမ်၌ ဝိုင်းဖွဲ့နေကြလေသည်။မောင်စိုင်၏ မိတ်ဆွေသည်က သာမာန်မဟုတ်…။တုတ်ပြီး..ဓားပြီးဆေးများ ကျွမ်းကျင်သူဟုနာမည်ကြီး၏။“ဟကောင်တွေ…မင်းတို့က ဒီမှာသောက်လို့ကောင်းနေကြ…။ဟိုမှာဆရာက ဆေးတွေပေါက်ပေးနေတယ်လေ မင်းတို့သွားမကြည့်ကြဘူးလား”အရက်ဆိုင်အတွင်း ရွာသားများ ပြောဆိုနေကြခြင်းဖြစ်၏။“ဆေးကတကယ်ရောစွမ်းတာဟုတ်ရဲ့လားဗျာ…။ကျုပ်တော့မယုံပါဘူး”ရွာသားတစ်ဦးကသောက်လက်စအရက်ခွက်ကိုချကာပြောလိုက်လေတော့…“ဟ..ကိုမောင်စိုင်မိတ်ဆွေက တကယ်စွမ်းတာဟ…သူနဲ့ကိုမောင်စိုင်နဲ့က မြို့မှာဆုံပြီးခင်ခဲ့ကြတာဆိုပဲ…တို့ ကိုမောင်စိုင်ကြီးကို သူကဆေးပေါက်ပေးလိုက်တယ်တဲ့ကွ…အဲ့သည်ကနေ ပြန်လာ​တော့ ကိုမောင်စိုင် ထန်းပင်ပေါ်ကပြုတ်ကြသေးတယ်လေကွာ…အားလုံးက သေပြီထင်တာ…ဘယ်ဟုတ်မလဲ..သူ့မှာပွန်းရာပဲ့ရာတောင်မဖြစ်ဘူးဟ…အဲ့ဆရာဆေးစွမ်းလိုက်ပုံများ…အခုဆို …

တစ်ကောင်ဖွား၇၇၇

ခြင်ကျား(မအူပင်)တစ်ကောင်ဖွား(၁)အမှောင်ထဲမှာ ကျင့်သားရနေသည့် မောင်ခြုံ့မျက်လုံး။ဘယ်လောက်ပင် ကျင့်သားရနေသော်လည်း ညမျက်လုံးကိုတော့ မမီနိုင်။ညဘက်တွင် လှုပ်ရှားတတ်ကြသော တိရစ္ဆာန်များတွင် ညမျက်လုံးများ ကိုယ်စီရှိကြပါ၏။ညမျက်လုံးသည် သဘာဝကပေးသော မျက်လုံး။ မောင်ခြုံ့မျက်လုံးက အကျင့်က ဖန်တီးသော မျက်လုံး။မောင်ခြုံ့မျက်စိသည် ညအမှောင်ကို ဘယ်လိုပင် ကျင့်သားရရ သဘာဝကပေးသော တိရစ္ဆာန်တို့ ညမျက်လုံးကိုတော့ မီနိုင်မည် မဟုတ်။ ညမျက်လုံး …

ရဲဝံ့ကြသူများ၈၈

မောင်ခြိမ့်ရဲဝံ့ကြသူများအနောက်တောင်မုတ်သုံလေက သယ်ဆောင်လာသော ရေခိုးရေငွေ့တို့ဖြင့် စုဖွဲ့ထားသည့် မိုးသား တိမ်တိုက်ကြီးတွေက အိပ်တန်းတက် စစ်စလီငှက်အုပ်ကြီးကဲ့သို့ မည်းမည်းညို့ညို့နှင့် ကောင်းကင်ပေါ်မှာ တစ်သုတ်ပြီးတစ်သုတ် တအိအိ လွင့်မျောနေကြသည်။မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသကြီးတွင် မိုးအများဆုံး ရွာလေ့ရှိသော ဩဂုတ်လ၏ နောက်ဆုံးရက်များဖြစ်၍ နေသာသော ရက်များက ပါးလျားလွန်းလှ၏။ဆီးနှင်း၊ မြူတိမ်နှင့် သူရိန်မီးခိုးတို့သည် နေ၏ ရန်သူတော်များ …

တောတွင်းသားနှင့် ငှက်ဖျားရောဂါ၈

ထောင်မှူးကြီးသိန်းဝင်းတောတွင်းသားနှင့် ငှက်ဖျားရောဂါတောနေလူတန်းစားများအတွက် အဓိကဖြစ်ပွားတတ်သော ရောဂါများမှာ ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါတို့ ဖြစ်ကြသည်။ ရွာသူရွာသား၊ တောတွင်းနေသူများအတွက် မဖြစ်မနေ ဖြစ်ပွားတတ်သည့် ရောဂါဆိုးကြီးများဖြစ်ကြပါသည်။ဝမ်းရောဂါကား ယင်နားစာနှင့် အမှည့်လွန်သစ်သီးများကို မစားဘဲ ရေကို ကြိုချက်သောက်ခြင်းဖြင့်ကာကွယ်နိုင်သည်။ ဖြစ်ပွားလာပါကလည်း တိုင်းရင်းဆေးနှင့် ခေတ်ပေါ်ဆေးများက ထိရောက်စွာ အချိန်တိုအတွင်း သက်သာပျောက်ကင်းအောင် ကုသနိုင်ပါသည်။ငှက်ဖျားရောဂါကတော့ ထိုသို့မဟုတ်ပါ။ …

ခါးဖော့၈၈

သန်လျင်ရန်နောင်ခါးဖော့တောင်နံရံသည် ကျောက်စွန်းကျောက်စွယ်တို့ဖြင့် ပြည့်နေသည်။ မတ်သည့်နေရာ မတ်သည်။ ပြေသည့်နေရာ ပြေသည်။ အကွဲအအက် အပဲ့အခြမ်းတို့လည်း ရှိသည်။သည်တောင်ကို ကျော်လျှင် ဂီဂီတရာသို့ ရောက်မည်။ ခက်ခက်ခဲခဲ ဖြတ်သန်းစရာ မလို။ လားလမ်းရှိသည်။ တစ်လန်သာသာခန့် တောင်ပေါ် လားလမ်းပင် ဖြစ်၏။မှန်ပြောင်းကို အထက်သို့ မြှင့်လိုက်သည်။ တောင်ခါးပန်းအလယ်မှ ဖြတ်၍ …

ဣသာမစ္ဆိရိယစိတ်နှင့် ဘုရားတိုက်(စ/ဆုံး)၅

——————————————- ဧရာဝတီတိုင်းအတွင်းမှ ….ရွာတွင် ဦးခင်မောင်နှင့် ဒေါ်တင်မြဆိုသည့် ဇနီးမောင်နှံ နေထိုင်ကြသည်။ ဒေါ်တင်မြက ရွာထဲတွင် ကုန်စုံဆိုင်ကြီးဖွင့်လှစ်၍ ရောင်းချပြီး ယောက်ျားဖြစ်သူ ဦးခင်မောင်မှာ လယ်မြေဧက တစ်ရာကျော်ခန့်ကို သူရင်းငှားများဖြင့် လုပ်ကိုင်လေသည်။ ကုန်စုံဆိုင်ကြီးမှာ လက်မလည်အောင် ရောင်းချရသည့်အပြင် လယ်ယာများမှလည်း စပါးအထွက်ကောင်းလှသဖြင့် စီးပွားရေးအလွန်အဆင်ပြေ၏။ ထို့ကြောင့် အလုပ်သမား …

မုဆိုးသားအဖနှင့် အသားစားမျောက်တစ်အုပ်၈၈

တင့်ထူး(ဇေယျဝတီ)မုဆိုးသားအဖနှင့် အသားစားမျောက်တစ်အုပ်မုဆိုးကြီးစံအေးမှာ သားကောင်များ ရှာဖွေပစ်ခတ်၍ ရရှိလာသည့် သားကောင်အသားများကို ရောင်းခြင်းဖြင့် အသက်မွေးနေသူဖြစ်သည်။သူ၏အိမ်တွင် ဆတ်ချိုများ၊ ကျားသားရေများ၊ ဒရယ်ခေါင်းများ ချိတ်ဆွဲထား၏။ ထိုပစ္စည်းများကို တွေ့မြင်ရသည်နှင့် ကိုစံအေးမှာ အမည်ခံမုဆိုးတစ်ယောက်မဟုတ်ဘဲ အတွေ့အကြုံ ရင့်ကျက်နေသော မုဆိုးကျော်တစ်ဦးဖြစ်သည်ကို ခန့်မှန်းသိရှိနိုင်လေသည်။ကိုစံအေးနေထိုင်ရာ ရွာကလေးမှာ မုဆိုးစံအေးရှိနေသဖြင့် ဟင်းစားမပြတ်ခဲ့ကြပေ။ နှစ်ရက်ခြား တစ်ခါ၊ …

သားကောင်ငယ်ခိုး လူမုဆိုး၇၇

မင်းရဲကျော်သားကောင်ငယ်ခိုး လူမုဆိုးအင်ဘာပါဟုခေါ်သော မွန်ဘာပါရွာကြီးသည်ကား တရုတ်ပြည်နယ်နှင့် နယ်နိမိတ်ဆက်စပ်နေသလို ကချင်ရိုးမတောင်တန်းကြီးပေါ်မှာပင် အံ့ဩဖွယ်ကောင်းသော ကျေးရွာကြီးတစ်ရွာ။ထိုရွာကြီးသည်ကား နက်နက်ရှိုင်းရှိုင်း မြင့်မြင့်မားမား တောင်တန်းကြီးပေါ်မှာတည်ရှိပြီး သစ်ကြီးဝါးကြီးတွေ ပေါက်ရောက်ထူထပ်သော ကျေးရွာကြီးလည်း ဖြစ်ပါသည်။သို့သော် ထိုရွာကြီးသည် တောင်တန်းကြီး ဝိုင်းပတ်နေပြီး ဒယ်အိုးပမာ ချိုင့်ခွက်နိမ့်နေသည့် တောင်တန်းတွေစပ်ကြားရွာဟုဆိုပါကလည်း မမှားပါ။ ကချင်တိုင်းရင်းသားတွေသည် တောင်စောင်း တောင်ထိပ်ပေါ်တွင် …

ငါးဖယ်တန်း၉

ပုသိမ်ရန်နောင်စိုးငါးဖယ်တန်းနေပူရှိန်ပြင်းထန်လာပြီး နွေလည်းရင့်ရော်ကာ သစ်ပင်တို့ ရွက်ဟောင်းရွက်ဝါများကိုပင် စွန့်ခြွေနေလေပြီ။ဥဩငှက်ငယ်တို့သည်ပင် နွေသရုပ်ကို အလွမ်းတေးနှင့် ဖော်ကျူးကာ ချစ်သူပျောက်ကို ရှာဖွေနေကြပါပြီ။ထိပ်သီးတို့လို တံငါတွေအဖို့ နွေသည် ချစ်စရာမဟုတ်၊ လွမ်းစရာဟုလည်း မထင်၊ ဥဩငှက်တို့၏ အလွမ်းတေးသံများက တံငါတို့၏ရင်ကို လာပြီး မထိမှန်။နွေကာလသည် ငါးသလောက် အရနည်းလွန်းသည့် အချိန်ပင် ဖြစ်သည်။ တစ်နေကုန် …