August 1, 2025
Uncategorized

တစ္ဆေ နိုင် သာဝ

ဂမ္ဘီရမောင်ဘုန်း နှင့်

”တစ္ဆေ နိုင် သာဝ”

မူရင်းရေးသားသူ-အံ့မင်းခန့်
——
ဤဇာတ်လမ်းသည် သိုက်နဂါး သွားရောက်ဆုံးမစဥ်က မှော်ဝင်တမာပင်အကြောင်းနှင့် ဆက်နွယ်နေသောဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ဂမ္ဘီရမောင်ဘုန်းနှင့်မျက်ကန်းဝိဇ္ဇာမကြာမှီလာမည်။
—–

ကျုပ် နာမည်ကတော့ သာဝ ပါ။
ကျုပ် က ညောင်ပင်စုရွာမှာနေတယ်ဗျ။ညောင်ပင်စုရွာဆိုတာက မြေနီလမ်းလေးနဲ့ ရွာထဲမှာညောင်ပင်ကြီးတွေရှိတယ်။
ဟိုးအရင်တုန်းကတော့ ညောင်ပင်တွေကို ရွာထဲမှာရှိတဲ့အိမ်တိုင်းလိုလို မှာတွေ့ရတတ်တယ်။အခုတော့ လေးငါးပင်လောက်ပဲရှိတော့တာ။
အဘကတော့ပြောပြဖူးတယ်။ဟိုးအရင်တုန်းက ရွာလမ်းထိပ်မှာ တမာပင်တွေတန်းစီပြီးရှိခဲ့ဖူးတယ်လို့ပြောတယ်ဗျ။နောက်တော့
တမာပင်တွေက ဂမ္ဘီရဆန်ဆန် ပျောက်ကွယ်သွားတဲ့အကြောင်းလဲပြောပြတယ်လေ။
ကျုပ်ကလည်း ဂမ္ဘီရ ပညာရပ်တို့ သရဲတစ္ဆေ ပရလောက ကိုလွှတ်စိတ်ဝင်စားတာ။ရွာမှာက ပညာရှင်ရယ်လို့သိပ်မရှိကြဘူး။

ကျုပ် တို့ရွာလေး မှာတော့ ကျုပ်က နာမည်တစ်လုံးနဲ့ဗျ။သြဇာငြောင်းတယ်ဆိုပါတော့ဗျာ။
ဘာကြောင့်လဲဆိုရင် ကျုပ် က လူတွေကို လုပ်အားရော၊ငွေအားပါ လွှတ်ကူညီတတ်တယ်လေ။နောက်ပြီးရွာရဲ့ သာရေး၊နာရေးတွေမှာလည်း ကျုပ် မပါရင် မဖြစ်ဆိုသလိုပေါ့ဗျာ။ကျုပ် အဘက ရွာသူကြီးဗျ။ပိုက်ဆံလည်းနည်းနည်းရှိတော့ တစ်ရွာလုံးကရိုသေလေးစားကြတယ်။အဘ ပိုင်တာဆိုလို့ လယ် ကိုးဧက လောက်နဲ့ အိမ်ရှေ့ကွက်တောင်ယာခင်းကြီးပေါ့။တောင်ယာခင်းဆိုတာကလည်း ​လေး ဧကလောက်ကိုရှိတာ။တောင်ယာထဲမှာတော့ ရာသီအလိုက်သီးနှံတွေစိုက်ထားတယ်ဗျ။မြို့နဲ့လည်းသိပ်မဝေးလှ့တော့ စိုက်ခင်းတွေအတွက် မြေသြဇာက ဝယ်ရလွယ်တာပေါ့ဗျာ။ကျုပ်အဘနာမည်က ဗိုလ်ဋ္ဌေး။ အမေရဲ့နာမည်ကတော့ ဒေါ်အေးဗျ။

နောက်ပြီးလွန်ခဲ့တဲ့နှစ်တွေက
ရွာလည်ခေါင်မှာ စေတီတစ်ဆူတည်ထားတယ်ဗျ။စေတီဘွဲ့တော် က မဟာဝိဇိယ တဲ့။
မယာဝိဇိယစေတီတော်မြတ် ကြီးပေါ့ဗျာ။
စေတီ ပရဝန်ကိုတော့် မြို့မှာကျောင်းထိုင်နေတဲ့ ရွာခံဆရာတော်ကြီးက ပြုပြင်မွန်းမံပေးထားတယ်။စေတီပရဝန်က လည်းအကျယ်ကြီးဗျ။ဝါတွင်းကာလ ဥပုသ် သီလ ဆောက်တည်ကြတဲ့အခါမှာတော့ လွှတ်ကောင်းတာဗျို့။ တစ်ပတ်တစ်ခါ ဥပုသ်နေ့တိုင်း ဥပုသ် သည် တွေကို အာဟာရဒါန ပြုတဲ့သူတွေကလည်းပေါသဗျာ။

စေတီနဲ့ ဓမ္မာရုံ နဲ့ကို တွဲပြီး ကြွေပြားခင်းထားတာဗျ။အမိုးကိုလည်း မြို့ကနေ အလှူရှင်တွေ တစ်ခါတလေ လိုက်လာကြပြီး
သွပ်ပြားအ မိုး လာလှူကြတယ်။
စေတီ ထဲက ဂြိုလ်တိုင် ဘုရားတွေရဲ့အလည်မှာ ဗောဓိညောင်ပင်းကြီးက တည်ရှိနေခဲ့တယ်။နောက်ပြီး စေတီ လျှောက်လမ်းရဲ့ဘေးမှာတော့ ကန်ညီနောင်တည်ရှိတယ်ဗျ။တောင်ဘက်မှာ ကန်တစ်လုံး၊မြောက်ဘက်မှာကန်တစ်လုံးကိုခေါ်တာလေဗျာ ။ကြာပင်တွေ များကန်ထဲမှာပိတ်နေတာ စိမ်းဆိုနေတာဘဲ။စေတီ ရဲ့တောင်ဘက်မှာ နဂါးရုံ ဘုရားရုပ်ပွားတော်တစ်ဆူရှိသေးတယ်။

ဆရာတော်ကြီးက ရွာမှာတော့ ကျေးဇူးကြီးလှပါတယ်ဗျာ။ရွာထဲမှာ သောက်သုံးဖို့အတွက် မဂ်လာကန်တော်ကြီးနဲ့ အများသူငှာသွားလာဖို့လူသွားလမ်းတွေလည်း လှူထားတာဗျ။လမ်းလှူတယ်ဆိုတာကတော့ရှိပြီးသားလမ်းကို မြင့်မားတောင့်တင်းဖို့အတွက် မြေကြီးဖို့ထားတာကိုပြောတာ။နောက်ပြီး အပေါ်မှာ ဂဝံ့ကျောက်တွေကို ထုပြီးခင်းထားတာဆိုတော့ မြို့နဲ့ရွာအတွက်က​တော့ လမ်းပန်းဆက်သွယ်ရေးက လွှတ်ကောင်းတာဗျို့။ ကန်ကြီးရဲ့ဘေးမှာတော့ ကျေးလက် ဆေးပေးခန်း ရှိတယ်ဗျ။လောလောဆယ် ကျုပ်တို့ရွာမှာ ဆိုလာတွေအသုံးများကြတယ်။မီးကတော့ပူစရာမရှိဘူးဆိုပါတော့လေ နေကဆယ့်နှစ်ရာသီပူနေတာကိုးဗျ။

ရွာမှာလဲ ဘုန်းကြီးကျောင်းကရှိတယ် ။ရွာဦးကျောင်းပေါ့ဗျာ။ဆရာတော်ကြီးတစ်ပါးနဲ့ ကိုရင်ငယ် တွေ ဦူးဇင်းငယ်တွေရှိကြတယ်ဗျ။ကျုပ်က မနက်တိုင်းဆွမ်းခံထွက်တာနဲ့ ဆွမ်းချိုင့် လိုက်ဆွဲပြီး ကုသိုလ်ယူနေကျလေဗျာ။ဆရာတော်ကြီး ကို ရွာက လူကြီးတွေခေါ်တာက ဝိလာသ တဲ့။

ကျုပ် တို့ရွာမှာပညာရေးက မူလတန်းကျောင်းဘဲရှိတာဗျ။မူလတန်းကျောင်းဆိုတော့ သုံးတန်းအထိပဲတက်ခွင့်ရကြတယ်။
ကျုပ် ဆယ်တန်းတက်ဖို့အတွက်တော့ မြို့ကဆရာတော်ကြီးရဲ့ကျောင်းတိုက်မှာတည်းပြီး တက်ခဲ့တာ။ကျုပ်က ဆယ်တန်းအောင်ပြီးသားပါ။ကျုပ်နဲ့ ငယ်ငယ် ကတည်းကအေးအတူပူအမျှ ပေါင်းလာတဲ့သူငယ်ချင်း နှစ်ယောက်တော့ရှိတယ်ဗျ။တစ်ယောက်ကတော့ မြို့မှာအလုပ်သွားလုပ်တယ်။နောက်တစ်ယောက်က မိန်းမယူပြီး မိန်းမနေတဲ့ရွာကိုလိုက်သွားတယ်။သူတို့နာမည်တွေက မျိုးကိုနဲ့ ငစိုင်း ပေါ့ဗျာ။
ကျုပ်ကတော့ရွာမှာဘဲတောင်ယာစိုက်တယ်ဗျ။တောင်ယာထဲမှာတော့ ကျုပ်က အစုံစိုက်ထားတာ။

“သာဝရေ မထသေးဘူးလားဟဲ.
အမေကျုပ်ကိုနှိုးနေတာဗျ။ဒီနေ့က ကျုပ်နဲ့ ရွာဦးကျောင်းဆရာတော်တို့က မြို့ကိုသွားကြရမှာ။ဘာလို့လည်းဆိုတော့ အခုက နယုန်လဗျ။နောက်လ ဝါမဆိုခင် သွားကြရမှာ။ဆရာတော်နဲ့ ဦူးဇင်းတွေက ဝါတွင်းကာလ ကျောင်းမှာဘဲနေတာအပြင်သွားလို့မရဘူး ။ဒါကြောင့် ကျောင်းအတွက်လိုအပ်တဲ့ပစ္စည်းတွေသွားဝယ်ရင်း မြို့ကျောင်းက ဆရာတော်ကို သွားဖူးမလို့ဆိုပါတော့ဗျာ။ဒါကြောင့်ကျုပ်ကို အဖော်ခေါ်တာဗျ။
ကျုပ်ကလည်း သိပ် သွားချင်တာဗျို့။ဆရာတော်ကြီးက ကျုပ်ဆိုရင်သိပ်ခင်တာ။နောက်ပြီး ကျောင်းရောက်ရင် စားဖို့သောက်ဖို့ကအလျှံအပါယ်လေဗျာ။အခုလို ရွာဦးကျောင်းဆရာတော်လည်းပါတော့ ကျုပ်သိပ်ပျော်နေတာ။ဆရာတော်ကြီးဆီသွားတိုင်း သွားတိုင်း ပညာလေးတွေရတတ်တယ်ဗျ။

ပညာဆိုတာကတော့ အဂ္ဂရိတ် ပညာ မျိုးကိုပြောတာ။ဆရာတော်ကြီးဆီကို ပရောဂလာကုတဲ့သူတွေရှိရင် ပျောက်အောင်ကုသပေးနိုင်လို့နာမည်ကြီးတယ်။ကျုပ်ကတော့ တိတိကျကျ မတွေ့ဘူးသေးပါဘူးဗျာ။

ကျုပ်အိပ်ရာထ မျက်နှာသစ်ပြီးတာနဲ့ ထမင်းစားမလို့ဗျ။ဒီနေ့ မြို့သွားမှာဆိုတော့အမေက ကျုပ်သိပ်ကြိုက်တတ်တဲ့ ဘဲဥနဲ့မကျည်းရွက်ရော ကို ချက်ထားတာ။နောက်ပြီး ချင်ပေါင်အူပေါက် လေးနဲ့ ဗျ။ ကြက်ကလီစာလဲပါသေးတယ်။ကျုပ်လည်းမြိန်မြိန်နဲ့စားလိုက်တာ နှစ်ပန်းကန် လောက်ကိုကုန်သွားတာဗျို့။
အဘကတော့မိုးလင်းကတည်းက ယာကွက်ထဲသွားတယ်ဗျ။

ကျုပ်ထမင်းစားပြီးတော့ အမေကပြောတယ် ငါ့သားခရီးသွားမှာဆိုတော့ဘုရားလေးလည်းရှိခိုးပြီးမှ့သွားတဲ့။အမေက ဒီနေ့ ယာထဲမှာ ချည်ပေါင်ရွက်နှုပ်ဖို့ နေ့စားသမားသွားငှားဖို့ ပြင်ဆင်နေတာ။
ရွာထဲက ဝိုင်းစိန် တို့ အရီးသင်း တို့က အလုပ်လုပ်ရင် ပြန်မကြည့်ရတဲ့သူတွေလေဗျာ။
သူတို့က ရွာမြောက်ပိုင်းမှာနေတာဗျ။

”ဟုတ်ကဲ့ပါ အမေ
လို့ ကျုပ်က​ ပြန် ပြောလိုက်ပြီး ဘုရားရှိခိုး အမျှဝေပြီးမှ့ ရွာဦးကျောင်းကိုသွားတာ။
အမေ့ကိုလည်းသေချာနှုတ်ဆက်ခဲ့သေးတာနောက်ပြီး ယာခင်းထဲက အဘကိုလည်း သွားနှုတ်ဆက်လိုက်သေးတယ်ဗျ။

ရွာဦးကျောင်းရောက်တော့ ဆရာတော်ကြီးကို ဦးချပြီး တာနဲ့
ဆရာတော်ကြီးက ဟေ့ ဒကာလေးကဝိရီယ တော့ရှိသားတဲ့။
ကျုပ်က ခပ်ပြုံးပြုးလေးနဲ့ မှန်ပါ့ဘုရား လို့ပြန်လျှောက်လိုက်တယ်ဗျ။

ခဏနေတော့ ဆရာတော်က ကျောင်းက ဦူးဇင်းတစ်ပါးကို ကျောင်း ကိုသေချာအပ်ပြီး ကျုပ်နဲ့ အတူ ကားလမ်းမရောက်ခင်အထိ ကိုရင်ဖိုးဇော် လှည်းနဲ့ထွက်လာခဲ့ကြတယ်။ဆရာတော်ကြီးကတော့ အညိုရောင် လွယ်အိတ်ကလေးလွယ်လို့ ဗျ။ကျုပ်အထင်တော့ ဘက်စုံမွန်းမံပြုပြင်ရေး အလှူငွေအချို့ ထင်တယ်။

ဆရာတော်က ဒကာသာဝ ဒကာလေးကို ဘုန်းဘုန်းပြောစရာရှိတယ်ကွယ့်။မြို့ရောက်တာနဲ့ ဘုန်းဘုန်းက ဆွေမျိုးတော်စပ်ဖူးခဲ့တဲ့ ဒကာကြီး ဦးဖိုးထင်နဲ့ မယ်တော်ကြီးတို့အိမ်မှာတည်းမှာကွယ့််။ဒကာလေးရော လိုက်မယ်မဟုတ်လား။
ဦးဖိုထင်ဆိုတာက ရွာဦးကျောင်းဆရာတော်ရဲ့ ဖခင်ပေါ့ဗျာ။မယ်တော်ကြီးကတော့ ဆုံးပြီဗျ။

ဆရာတော်က ကျုပ်ကိုမေးတာဗျ။ကျုပ်ကတော့ မလိုက်ချင်ပါဘူး။ရွာခံ ဆရာတော်ကြီးကျောင်းမှာဘဲ ကျုပ်က နေချင်တာကိုး။
ဒါကြောင့် ဆရာတော်ဘုရား တပည့်တော်က တော့ ရွာခံဆရာတော်ကြီး ဦူးဇင်းဝင်း ကျောင်းတိုက်မှာဘဲသွားရောက်တည်းခိုပါ့မယ်ဘုရား။အရှင်ဘုရား အပြန်ကျမှ့ဝင်ခေါ်လိမ့်ပါ။

အင်း….ကောင်းပြီဒကာ။ဘုန်းဘုန်းကတော့ ပစ္စည်းတွေလိုက်ဝယ်ပေးနေကျ မယ်တော်ကြီးရဲ့ သားအငယ်ဆုံးနဲ့ပဲ့သွားလိုက်ပါ့မယ်။မြို့ရောက်ရင် ဒကာကြီး ဦူးဇင်းဝင်းကျောင်းမှာနေခဲ့ချေ။
ဆရာတော်က မိန့်တော့ကျုပ် က ခေါင်းလေးညှိတ်ပြခဲ့လိုက်တယ်။

ကျုပ်နဲ့ဆရာတော် ၃၄ ကားစီးပြီး တော့ကျုပ်တို့ မြို့ကျောင်းကိုရောက်တယ်ဗျ။ရွာဦးကျောင်းဆရာတော်နဲ့ ဦးဇင်းဝင်း ဆရာတော်နှစ်ပါးကရှေးဟောင်းနှောင်းဖြစ်လေးတွေပြောပြီးမှ့

ကျုပ်ကို ဦူးဇင်းဝင်းကျောင်းတိုက်မှာသေချာအပ်နှံခဲ့ပြီး ရွာဦးကျောင်းဆရာတော်က သွားတာဗျာ။

ကျုပ်ရောက်တာနဲ့ ဦူးဇင်းဝင်းက ကျုပ်ကို စားစရာတွေချပေးပြီး ကျုပ်အဘနဲ့အမေရဲ့ကျန်းမာရေး ကောင်းရဲ့လား လို့မေးတာ။
ကျုပ်က ဦူးဇင်းဝင်း မေးသမျှ အားလုံးသေချာဖြေဆိုပြီး ခဏနေတော့ ကျုပ်လည်းပင်ပန်းလာတာမို့
နားနေခန်းမှာ ဝင်နားခဲ့တယ်။ ဦူးဇင်းဝင်းရဲ့သက်တော်ကမငယ်တော့ဘူးဗျ။
ဒီလထဲမှာဘဲ ၇၉ နှစ်ပြည့်တာ။ကျုပ်ကိုတော့ တော်တော်လေးခင်ရှာတယ်ဗျ။ကျုပ်ကလည်း ဆရာတော်ကြီးကို လေးစားကြည်ညိုပါတယ်ဗျာ။ ရွာမှာဆိုရင် နေရာလပ်မရှိ အလှုအတန်းရပ်ရောတာဆိုတော့ တစ်ရွာလုံးကလည်းကြည်ညိုလေးစား ကြတယ်။

ကျုပ် ကျောင်းတိုက်ကိုရောက်ပြီး မကြာပါဘူး မိုးတွေသည်းသည်းမဲနေအောင်ရွာတော့ ကျုပ်တောင်မှ့ ရွာဦးကျောင်းရာတော် မိုးလွတ်ပါ့မလားစိတ်ပူနေခဲ့သေးတာ။တအောင့်နေတော့
ကျုပ်လည်းနားနေခန်းမှာ ခေါင်းချလိုက်တာနဲ့မှေးကနဲအိပ်ပျော်သွားတော့တယ်။

ခဏကြာတော့ ကိုရင်တစ်ပါး လာနှိုးတာနဲ့ ထပြီး မျက်နှာသစ်ကာ ဆရာတော်ကြီးထံသွားရောက်ခဲ့တယ်ဗျ။ ထူးဆန်းတာက ကျုပ်ရောက်တာနဲ့ ဆရာတော်ကြီးက ကျုပ်ကို ကျက်သရေခန်းထဲကနေ ဆေးတော်ကြီးလွယ်အိပ်ကိုယူခိုင်းတာဗျ။

ဆရာတော်ကြီး ငယ်ငယ်ကဆိုရင် အဂ္ဂရိတ် ပညာရပ်ကိုသေချာလေ့လာ လိုက်စားခဲ့သေးတာကိုးဗျ။ကျုပ် က ကျက်သရေခန်းထဲကနေ ဖုန်အလိမ်းလိမ်းတက်နေတဲ့ လွယ်အိပ်ကို ဖူးကနဲနေအောင်လေနဲ့မှုတ် ပြီး အပြင်ကိုယူလာခဲ့လိုက်တယ်
။ကျုပ်ကြည့်လိုက်တော့ လူကြီးနှစ်ယောက်နဲ့ ကလေးမတစ်ယောက်ဗျ။ကလေးမက တုန်ရီနေတဲ့အသံနဲ့ တဟီးဟီးတဟားဟားလုပ်နေတာ။ကျုပ်ဆရာတော်ကြီးကို ဆေးလွယ်အိပ်ပေးလိုက်တော့ ဆရာတော်ကြီးက ဆေးလွယ်အိပ်ထဲက ကြက်သွေးရောင်သေတ္တာလေးထဲကနေ ရွှေရောင် လက်သည်းခွံ့လောက်ရှိတဲ့ဆေးတောင့်လေးကို ဖလားတစ်ခုနဲ့ရေစိမ်ပြီးရလာတဲ့ရေကို ကောင်မလေးရဲ့ခေါင်းပေါ်ကိုတောက်လိုက်တာ ကောင်မလေးကချက်ချင်း ဗိုင်းကနဲ့ ပတ်လက်လန်လဲသွားတာဗျ။

ကျုပ်ကြည့်လိုက်တော့ ဖလားထဲကရေတွေက အဝါရောင်တွေဖြစ်နေတာ။
ကျုပ်ဖြင့် အံ့သြလို့မဆုံးဘူးဗျို့။ကြည့်နေရင်းနဲ့ဆရာတော်က ပရိတ်ချည် ကိုကောင်မလေး လည်ပင်းမှာပတ်ပေးခိုင်းလိုက်တာ။ပြီးတာနဲ့ ချက်ခြင်းလူကောင်းပြန်ဖြစ်သွားတာဗျို့။သမီးလေး သတိရလာပြီလားလို့မေးတယ်ဗျ။
ကောင်မလေးကလည်း ခေါင်းညိတ်ပြတယ်။

တအောင့်နေတော့ ပါလာတဲ့လူကြီးမိဘတွေက ကျေးဇူးတင်ဟန်နဲ့
ဆရာတော်ကို ဦးချကန်တော့ပြီးတာနဲ့
အလှူငွေ ထည့်ကာပြန်သွားကြတယ်။
ဆရာတော်က ဘာဝင်ပူးတယ်ညာဝင်ပူးတယ်ရှည်ရှည်ဝေးဝေးပြောမနေဘူး။
ကျုပ်က နာနေခန်းကနေကြည့်နေတာလေဗျာ။

တအောင့်နေတော့
ကျောင်းက ဦူးဇင်းတစ်ပါးက
ကျုပ်ကို ကျောင်းမှာကျန်တဲ့ ဆွမ်းထမင်းနဲ့ဟင်းတွေကို ဆွမ်းစားဆောင်မှာ လိုက်ကျွေးတယ်။ကျုပ်လည်းစာစာနဲ့တီးပလိုက်တာ ဗိုက်ကိုတင်းပါလေရောလားဗျာ။

စားပြီးခဏနေတော့
ကျုပ်က ဆရာတော်အနားသို့သွား၍ အရှင်ဘုရား ခုနကဆေး တောင့်က ဘယ်လိုစွမ်းတာလဲဗျ။
လို့မေးကြည့်လိုက်တာ

အင်း ခုနက ဆေးတောင့်က ပရောမှန်သမျှ အကုန်နိုင်တယ်ကွယ့် ငါကိုယ်တိုင်ဖိုထိုးပြီးရလာတယ်ဆိုပါတော့။
ဗျာ… ဒါဆိုရင်ခုနကကောင်မလေးကအပမှီနေတာပေါ့။
ကျုပ်ကအဲ့လိုမေးလိုက်တော့ ဆရာတော်က ရယ်တယ်ဗျ။

အေး…ဒကာလေးက မြင်နေရက်သားနဲ့မေးတာလားလို့မေးတယ်။ကျုပ်ကလည်း အစကတော့ဆရာတော်ဘာမေးမှန်းမသိခဲ့ဘူး။

ဆရာတော်က ကျုပ်ကိုမေးတယ်ဗျ။ ဒကာအသက်အခုဘယ်လောက်ရှိပြီလဲ
လို့မေးတယ်။
ကျုပ်က တပည့်တော်အသက် ၂၀ ပါဘုရား လို့ပြန်လျှောက်လိုက်တယ်။

အင်း…..ဒါဆိုရင်တော့ အချိန်ကျနေပြီဘဲလို့ပြောပြီးချက်ခြင်း ဆေး တော်လွယ်အိပ်ထဲကနေ အနက်ရောင်ပြာတစ်ချို့ကိုယူပြီး ကျုပ်လည်ပင်းကဆွဲထားတဲ့ ဆွဲကြိုး လေးကိုတောင်းတယ်ဗျ။ကျုပ်လည်ပင်းကဆွဲကြိုးဆိုတာက အနက်ရောင်ကြိုးထုံးလေးကိုမှ့ လက်သန်းလောက်ရှိတဲ့ ရွှေရောင်ဗူးလေးဗျ။

ဆရာတော်က ရွှေရောင်ဗူးလေးကိုဖွင့်ပြီး အထဲက ရွှေမှုန်တစ်ချို့ကို ခေါက်ချပြီး အနက်ရောင်ပြာမှုန် နဲ့ရောပြီးတော့ ကျုပ်ကို မျက်ဆင်းခက်ပေးတာ။ကျုပ်ဖြင့် ဗူး လေးထဲမှာဘာရှိမှန်းတောင်မသိပါဘူးဗျာ။

ကျုပ်က ဆရာတော် နေခိုင်းတဲ့အတိုင်းနေခဲ့တာပေါ့။
ပြီးတာနဲ့ဆရာတော်က ကျက်သရေးခန်းထဲကို ဝင်ခိုင်းပြီး အနီရောင်ပိုးကြိုးလေးဝိုင်းထားတဲ့ အထဲကို ကျုပ်ကိုဝင်ခိုင်းတာတယ်။
ပိုကြိုးလေးကို နှစ်ပင်လိမ်ကျစ်ထားပြီး အပေါ်မှာလည်း အင်းကွက်လေးတွေပါတယ်ဗျ။
ခဏနေတော့ ဆရာတော်က ဂါထာတစ်ခုကိုရွတ်တယ်။
နာရီပိုင်းလောက်ကို တပလ္လင်ခွေထိုင်ပြီးရွတ်တာဗျ။ကျုပ်ကိုလည်း ခုနက ရောထားတဲ့ပြာမှုန်တွေနဲ့ လှမ်းလှမ်းပတ်သေးတာ။
ကျုပ်ကတော့ ဆရာတော်ကြီး ဘာလုပ်နေလဲမသိပေမယ့်။ကျုပ်ကို မကောင်းတာတော့လုပ်မပေးနိုင်ဘူးလို့ တထစ်ကျယုံကြည်တယ်။

ဆရာတော်ကြီးက ဂါထာရွတ်တာကိုရပ်လိုက်တယ်။
ဒကာဆရာတော့် ကိုယုံကြည်ပါသလား။
လို့မေးတော့ကျုပ်က ခေါင်ကလေးညိတ်ပြခဲ့လိုက်တယ်။

ကျုပ်ကတော့ ထိုင်မြဲထိုင်နေရတယ်။ဆရာတော်နေတဲ့ တိုက်ကျောင်းလေးကို ဘယ်ကိုယ်တော်မှ့မကြွဘူးဗျ။ကျောင်းကြီးထဲမှာ တိုက်ကျောင်းတွေ ဆွမ်းစားဆောင် တွေ သက်သက်စီ ဆောက်လုပ်ထားတာ ခုနှစ်ဆောင်လောက်ကိုရှိတာဗျ။တော်တော်လေးကို ကြီးကြီးကျယ်ကျယ်ပါဗျာ။

ညရောက်တာနဲ့
ဆရာတော်က ကျုပ်ထိုင်နေတဲ့ စည်းထဲကိုဝင်လာပြီး ကျုပ်ကျောပြင်ကို ဆေးတော်လွယ်အိပ်ထဲက ကြေးချောင်းကြီးတစ်ခုကိုယူလိုက်တယ်ဗျ။ကြေးချောင်းကြီးကို ခုနက ကျန်နေသေးတဲ့ ပြာနဲ့လူးလိုက်တာ ကြေးချောင်းက ရွှေရောင်တဖိတ်ဖိတ်တောက်သွားတာဗျို့။ကြေးချောင်းပေါ်မှာလည်း အင်းကွက် တစ်ဆယ့်ရှစ်ကွက် လောက်ကိုရှိမယ်။အသားထဲကနေထွင်းထားတာ။

လွယ်အိပ်ထဲကနေ လက်ငါးလုံးလောက်ဗူးလေးကိုထုတ်လိုက်တယ်။ဗူးလေးကိုဖွင့်လိုက်တော့ အထဲမှာ အနက်ရောင် ဆေးတွေဗျ။ဆရာတော်ကြီးက ရွှေရောင်တောက်နေတဲ့ ကြေးချောင်းကြီးနဲ့ ဗူးထဲက ဆေးကို ထိရုံလေးထိပြီး ကျောကိုတစ်ချက်ချင်းထိုးပေးတာဗျ။ကျုပ်ဖြင့် နာလိုက်တာပြောမနေပါနဲ့ဗျာ။မနည်းကိုအောင့်ခံနေရတာ။
ဆရာတော်ကြီးက တစ်ချက်ထိုးတိုင်း
”စမလေးလုံး အစပြုတဲ့ဂါထာတစ်ပုဒ်ရွတ်တယ်။ကျုပ်ကတော့ သေချာမသိပါဘူးဗျာ။

ပြီးတာနဲ့ ပြာမှုန်တွေကို ငယ်ထိပ်ကနေ ​ခါးအထိ ဆွဲချပြီးတော့ သရဏဂုံသုံးပါးရွတ်တယ်။
ဆရာတော်ကြီးရွတ်ပြီးတော့ မနက်တောင်အာရုံတက်စပြုနေပြီ။ကျုပ်လည်းတစ်ညလုံးမအိပ်ရသေးတာနဲ့ အိပ်ငိုက်နေတာဗျ။ဆရာတော်က ဒကာအိပ်ချင်ရင်အိပ်လို့ရပါပြီဆိုပြီး ပြောတာနဲ့ကျုပ်လည်းကျက်သရေခန်းထဲမှာဘဲအိပ်ပျော်သွားတာ။

မနက်ခင်းကျုပ်နိုးတော့ ရှစ်နာရီလောက်တောင်ရှိနေပြီပေါ့ဗျာ။ကျောက လည်းတဆစ်ဆစ်နာနေတာဗျ။
ကျုပ်လည်းမျက်နှာသစ် ဆရာတော်ကျွေးတဲ့
အာရုံဆွမ်းကျန်လေးတွေ စားပြီးခဏနေတော့
ဆရာတော်ကိုမတွေ့တော့လို့ကျောင်းအောက်ဆင်းလျှောက်တော့ ကျောင်းဝန်းထဲမှာ ကလေးခြောက်ယောက်ဆော့နေကြတာ။တော်တော်လေးကိုပျော်နေတဲ့ပုံပါပဲဗျာ။
ဒါနဲ့သူတို့လေးတွေကို စကားပြောမယ်ဆိုပြီးအနားကပ်သွားတော့ ကျုပ်နောက်ကျောကို တစ်ခုခုကဆွဲထားသလိုဖြစ်နေခဲ့တယ်။ကျုပ်လှည့်ကြည့်လိုက်တော့….ဟာ..ဟာ..
လို့ကျုပ်ပါးစပ်ကအော်လိုက်မိတယ်။

ဘာမှရှိမနေခဲ့ဘူးဗျ။ဘာတစ်ခုမှ့ကိုမတွေ့ရတာ။ခဏနေတော့ ဆရာတော်ကြီး ကျောင်းပေါ်တက်လာတယ်။ကျုပ်ကြည့်နေတာဗျ ဆရာတော်ကြီးတက်လာတော့ ခုနကဆော့ကစားနေတဲ့ ကလေးတွေက အငွေ့လိုပျောက်သွားတာဗျို့။ကျုပ်ဖြင့် အံသြစရာတွေချည်းတွေ့လိုက်တော့ တော်တော်လန့်သွားတာ။
ကျုပ်အထင် သရဲလေးတွေလားမပြောတတ်ပါဘူးဗျာ။

ဆရာတော်က ဒကာလေး ဘယ်လိုလဲ အစွမ်းပြနေပြီမဟုတ်လားလို့ ထူးထူးဆန်းဆန်း မိန့်တယ်ဗျ။
ကျုပ်ကလည်း မှန်ပါ့ဘုရားလို့ပြန်လျှောက်လိုက်တယ်။
ဒကာလေး ကအခုချိန်ကစလို့ မဟိဒ္ဓိဆေးဂိုဏ်း ဝင်ဖြစ်သွားပြီကွယ့်။ဆရာတော် ငယ်စဥ်က ဝင်ရောက်ပညာသင်ခဲ့တဲ့ဂိုဏ်းတော်မြတ်ပေါ့ကွယ်။ဆရာတော် ရဲ့ဆရာက ဒကာလေးကိုတွေ့ချင်တယ်ဆိုပြီးလာခေါ်လို့ပါကွယ်။အခုကျောင်းဝမှာစောင့်နေတယ်။
လှမ်းကြည့်လိုက်တော့ ယောကီရောင်ဝတ်စုံ အပေါ်အောက် ဝတ်ဆင်ထားတဲ့ သူတစ်ယောက်ကိုတွေ့လိုက်ရတယ်ဗျ။
ကျုပ်လည်း အရှင်ဘုရား ဘယ်သူပါလည်းဘုရားလို့လျှောက်လိုက်တော့။

ရပ်နေတဲ့သူက ကျုပ်ဘေးကိုချက်ချင်းဘယ်ကနေဘယ်လိုရောက်လာမှန်းမသိ
ကျုပ်နာမည်ကမောင်ဘုန်း ပါ။ဒီကနောင်ကြီးနာမည်က ဘယ်လိုခေါ်ပါသလဲ လို့ မေးတာဗျ။ကျုပ်ကလည်း ပြောလိုက်ပါတယ် ကျုပ်နာမည်ကသာဝပါ။

ဆရာတော်ကပြောတယ် ဒကာတို့နှစ်ယောက်က ယခု ဂိုဏ်းတော်တူနေကြပြီကွယ့်။
ခုဆရာတော် ပြောတာသေချာနားထောင်
ဒကာသာဝ။

ဟိုဘက်ကရပ်နေတဲ့ မောင်ဘုန်းဆိုသူက ဆရာတော် ရဲ့ ဆရာပါဘဲ။ဆရာတော် နဲ့ ဆရာမောင်ဘုန်းက အရင်တုန်းကတော့ ဆရာတပည့်အရင်းတွေပါ။အခု ဘုန်းဘုန်းက သာသနာ့ဘောင်ဝင်လိုက်တော့ ဆရာနဲ့မတွေ့ဖြစ်တာတောင်တော်တော်ကြာနေပါပြီကွယ်။

နောက်ပြီးကြည့်ပါဦး ဆရာတော် ငါးနှစ်သားအရွယ်ကတည်းက ဆရာရဲ့

ရုပ်အသွင်ပြင်က ခုထက်ထိလည်း မပြောင်းလည်း
ဘူး။နည်းနည်းလေးတောင် အရွယ်အိုမသွားဘူးကွယ့်။
ကျုပ်ဖြင့် ကြားရတဲ့နားယုံတောင်မယုံနိုင်ဖြစ်သွားတာဗျ။ဆရာတော်ကြီးရဲ့ဆရာက ကျုပ်နဲ့ မတိမ်းတယိမ်းဆိုတော့။ဆရာတော်ကြီးက အရွယ်တောင်တော်တော်ရနေပြီ ဆရာ ဆိုသူက ခုမှ့ ၂၁ လောက်ရှိသေးတာစဥ်းစားကြည့်ပေါ့ဗျာ။ကျုပ်ကစဥ်းစားမိတယ်ဗျ ဝဇ္ဇာတွေဘာတွေများလားပေါ့။

ကောင်းပါပြီ အရှင်ဘုရား။
ဒကာသာဝ ဆရာလေးက အကူညီတောင်းစရာရှိလို့ရောက်လာတာ။
တင့်ပါဘုရား။

အင်း….ဒကာ ယခု ဆရာလေးနဲ့လိုက်သွားပါ။
ကျီးမနိုင်ရွာက ဒကာမလေးကိုသွားရောက်ဖြောင်းဖြဖို့ အကူညီပေးလိုက်ပါဒကာလေး။
လို့ကျုပ်ကိုပြောတော့ ကျုပ်ကလည်း အရိပ်ပြအကောင်မြင်တယ်လေဗျာ။ဆရာတော်ပြောပုံထောက် ဒကာမဆိုသူက လူမဖြစ်နိုင်ဘူးဆိုတာကျုပ်ကသိ နေတာပေါ့ဗျာ။ဘာဖြစ်လို့လဲဆို ဆရာတော်ရဲ့ ဆရာဖြစ်သူက အထက်လမ်းဆရာဆိုတော့ကျုပ်ကတွေးလိုက်မိတာပေါ့။

ဒါနဲ့ ဆရာမောင်ဘုန်းရဲ့ အသက်ကြီးမသွားတဲ့အချက်ကိုကျုပ်သိချင်မိတာအမှန်ဘဲဗျ။ဘယ်လိုဆေးတွေများမှီဝဲလဲပေါ့ဗျာ။

ကျုပ်လည်းဆရာတော်ပြောတဲ့အတိုင်းဆရာမောင်ဘုန်းဆိုသူနောက်ကိုလိုက်သွားခဲ့လိုက်တယ်။နောက်ပြီး ကျုပ်ကလည်း ပရလောကဆိုလွှတ်စိတ်ဝင်စားတာ။

ဆရာမောင်ဘုန်းကို ကျုပ်ဘယ်လိုများကူညီနိုင်မလဲလို့မေးလိုက်တယ်ဗျ။
အင်း…..သင့်ကိုကျုပ်က ထွေထွေထူးထူးတော့အကူညီတောင်းစရာမရှိပါဘူး။သင့်အတွက် ပညာရစေချင်လို့ပါ။
လို့ပြောတာ ကျုပ်လည်း မောင်ဘုန်းဆိုသူရဲ့စကားအသွားအလာကို နားထောင်ရတာ
တစ်မျိုးလေးဗျ။သူက ယောက်ကျားပီသတဲ့မျက်နှာမျိုး နောက်ပြီး အရပ်ကလည်းတော်ညော်ရှည်တယ်ဗျ။ကျုပ်နဲ့တော့သိပ်မကွာပါဘူးလေ။ အသံကတော့ တခွန်းဆိုတစ်ခွန်းနားဝင်ချိုတယ်ဗျ။

ကျုပ်ကလည်း နောက်နေ့ဆို ရွာပြန်ရဦးမှာဆိုတော့ ဆရာက ဘယ်ကလာလို့ဘယ်ကိုသွားမှာလည်းဗျ။
အင်း…ကျုပ်က အခုလောလောဆယ် တမာတောရွာမှာပါ။အခုသင်စကားပြောနေတာက ကျုပ်ရဲ့ ကိုယ်ပွားဆိုပါတော့ လို့ပြောတာဗျ။
ကျုပ် နဲ့သင် မကြာခင်အတောအတွင်း ထပ်တွေရဦးမှာပါဆိုပြီးလည်း အတည်ကြီးကိုပြောနေတာဗျို့။

“ဗျာ…
ကျုပ်က တော်တော်လေးကိုအံ့သြသွားတာ။ ကျုပ်ရှေ့မှာမြင်နေရတဲ့အကောင်အထည်ကြီးက အစစ်မဟုတ်ဘူးဆိုတော့ ဆရာရဲ့ပညာရပ်တွေကိုအထင်ကြီးမိသွားတယ်ဗျ။ယုံတော့မယုံချင်ဘူးဗျ။

ဆရာမောင်ဘုန်းက ကျုပ်စိတ်ထဲကနေတွေးနေတာကို သိနေတာ။
သင်မယုံကြည်ဘူးဆိုရင် ကျုပ်ရဲ့အသားကိုထိကြည့်ပါလားလို့ပြောတာဗျ။ကျုပ်လည်းဘာရမလဲ ပုခုံးကိုလှမ်းဆွဲလိုက်တာ။

ဟာ…လေးကိုဘဲစမ်းမိတယ်ဗျ။ဆရာမောင်ဘုန်းကိုထိလို့မရဘူး။
ကျုပ်ကပြောတော့ ဆရာမောင်ဘုန်းက နှုပ်ခမ်းတွန့်ရုံလေးပြုံးလိုက်ပြီး ကျုပ်ကို ခေါင်းဆတ်ပြတယ်။

ကျုပ်တို့ နေ့ခင်းဘက်မှာပဲ့ ကျီးမနိုင်ရွာကိုရောက်လာခဲ့ကြတယ်။
လမ်းတစ်လျှောက်မှာလဲ တစ်လမ်းလုံးကနာနာဘာဝတွေကိုကျုပ်ကမြင်နေရတာ။ဒါပေမယ့်ကျုပ်က လုံးဝလန့်မသွားဘူးဗျ။ဘာလို့ဆို မျက်စိမှိတ်ထားတာကိုး။ဆရာမောင်ဘုန်းကတော့ ပြောတယ် ကျုပ်ရဲ့မွေးရာပါ ထူးခြား ချက်က ပြင်ပေးလို့မရဘူးတဲ့။ကျုပ်အသက်နှစ်ဆယ်ပြည့်တာနဲ့ ဒီလိုဘဲဖြစ်လာမှာတဲ့ဗျ။ဆရာတော်က ကြိုသိလို့ ဂိုဏ်းဂဏ သွတ်သွင်းပေးလိုက်တာဆိုဘဲ။

ရွာကိုရောက်တော့ ရွာသူရွာသားတွေက ဆရာဘုန်းနဲ့ကျုပ်ကို သေချာဧည့်ခံကြတယ်။တအောင့်နေတော့ ရွာထဲက အိမ်တစ်အိမ်ကို ကျုပ်နဲ့ဆရာသွားခဲ့ကြတယ်ဗျ။သွားခဲ့ကြတယ်ဆိုပေမယ့် ရွာခံတစ်ယောက်လိုက်ပို့လို့ပါဗျာ။

အိမ်ဝကိုရောက်တာနဲ့ အပုတ်နံ့ကထောင်းကနဲကျုပ်နှာခေါင်းကိုလာရိုက်တော့တာဗျို့။

ကျုပ်က မျက်နှာပျက်သွားတာကို ဆရာမောင်ဘုန်းကသတိထားမိတယ်ဗျ။
သင်သတ္တိကောင်းမှန်းသိလို့ ဆရာတော်က သင့်ကို ပညာအစုံအပ်လိုက်တာပဲကွယ့် ။နောက်ပြီး သင်အခု အပုတ်နံ့ရတယ်မလားလို့မေးတယ်။

ကျုပ်က ရပါတယ်ဆရာလို့ပြန်ပြောလိုက်တာ။
သင်က စရဏစွမ်းအင်အရမ်းကောင်းလွန်းတော့ ပညာရပ်တွေက ချက်ချင်းအစွမ်းပြတဲ့သဘောပါ အထဲရောက်ရင်ဒီထက်အံ့သြ
စရာတွေကိုသင်မျက်ဝါးထင်ထင်တွေ့ရဦးမှာ
လို့ကျုပ်ကိုပြောတယ်ဗျ။သင်ရဲ့ စိတ်ကိုသာ အကောင်းဆုံးပြင်ဆင်ထားပါလို့ပြောတယ်။

အိမ်ပေါ်ကိုစတက်တာနဲ့ ဆရာမောင်ဘုန်းက လက်ဝါးနှစ်ဖက်ကို ဖြန့်လိုက်ပြီး ဂါထာတစ်ပုဒ်ကိုပါးစပ်လှုပ်ရုံမျှရွတ်ပြီးမှ့ ဝင်လိုက်တယ်ဗျ။ကျုပ်လည်းအနောက်က လိုက်ဝင်တာပေါ့ဗျာ။ကျုပ်မြင်လိုက်ရတာက ဆရာ့လက်ဝါးက ရွှေရောင်အင်းကွက်တွေဖျာထွက်သွားတာဗျ။အင်းစံတွေကိုတောင်ကျုပ်ကမြင်နေရတာ။

အိမ်ထဲမှာ အသက်ကြီးကြီးအမျိုးသမီးတစ်ဦးက မျက်နှာငယ်လေးနဲ့ထိုင်နေတာ။ကျုပ်တို့အိမ်ပြင်ကိုကြည့်လိုက်တော့ လူတွေများတက်ညီလက်ညီ လာကြည့်နေကြတာ နတ်ကနားပွဲကနေတယ်များမှတ်လားမသိပါဘူးဗျာ။

အိမ်ထဲရောက်တော့ အမျိုးသမီးတစ်ဦးနဲ့ လိုက်ပို့ပေးတဲ့ ရွာခံက ကျွန်တော်တို့ ဆရာတော်ကြီး ကိုပင့်တော့ဆရာတော်ကြီးက သူ့ဆရာလွှတ်လိုက်ပါ့မယ်။လောကီရေးရာ ဝင်မပါချင် ဘူးဆိုလို့မျှော်နေတာ
ဆရာလေးကငယ်ငယ်လေးဘဲလို့ပြောတာဗျ။

သူ့ကြည့်ရတာ ရွာကိုစရောက်ကတည်းက ​မေး ချင်နေတာထင်ပါရဲ့။ဆရာမောင်ဘုန်းကိုတော့ ကျုပ်အထင်ကြီးလေးစားတာအမှန်ပါဘဲ။ဘာလို့ဆို သူက သာမာန်မဟုတ်နိုင်ဘူးဆိုတာကျုပ်ကသိနေလို့ပေါ့ဗျာ။နောက်ပြီး ရွာခံက ဆရာမောင်ဘုန်းကို စေ့စေ့စပ်စပ် ကြည့်နေတာဗျ။

ဆရာမောင်ဘုန်း က ဒီကဖြစ်နေတဲ့ ကိစ္စကိုသာအရင်ပြောပြပါ ဒါမှ့ကျုပ်တို့ဖြေရှင်းပေးလို့ရမှာပါ
လို့မေးလိုက်တော့ ရွာခံက ပြောတယ်ဗျ။
ရွာထဲမှာ လွန်ခဲ့တဲ့တစ်ပတ်လောက်က မအင်ကြင်း ဆိုသူ ဆုံးပါးသွားတာ။
အခုထိမကျွတ်သေးဘဲ ရွာသားတွေအပြင် ဒီအမေအိုကြီးကိုပါခြောက်လှန့်နေကြောင်းပြောပြတယ်။
ကျုပ်အံ့သြတာက ကိုယ့်အမေအရင်းကို ဘာဖြစ်လို့ပြန်ခြောက်ရလဲဆိုတာ ကိုသိချင်တာ။နောက်ပြီး
ရွာခံကဆက်အပြောဘဲငြိမ် နေတော့တာ။
စဥ်းစားကြည့်လေဗျာ ကိုယ့်အမေကိုကိုယ်ကပြန်ပြီးသရဲခြောက် ကြားမကြားဖူးဘူး။
အမေဖြစ်သူကလည်း စကားလာမပြောဘူးဗျ။သူ့ပါသူထိုင်ငိုင်နေတာ။

ပြီးတာနဲ့ ဆရာမောင်ဘုန်းကအမေဖြစ်သူစီမှာခွင့်တောင်းပြီးမှ့
ဘုရားဦးချပြီး
သြဇာရှိတဲ့လေသံနဲ့ ပွင့်လေပြီးသောဘုရားလေးဆူတို့၏အမိန့်၊အထက်ဆရာကြီးများ၏အာဏာ၊ကျုပ်၏အမိန့်အရ ကျီးမနိုင်ရွာ အနီးခြောက်လှန့်နေသော မအင်ကြင်းဆိုသူ မဆိုင်းမတွ ကျုပ်ရှေ့ရောက်စေ။

ဆရာအမိန့်ပြန်တာက ကြောက်စရာကြီးဗျ။အာဏာသံအပြည့်နဲ့ မကြာပါဘူး ခြံပြင်က မဝိုင်းစိန် ဆိုသူက ငိုကြီးရှိုက်မနဲ့ အိမ်ပေါ်ကိုတက်လာတာ။

ကျုပ်ဖြင့် နေ့ခင်းကြောင်တော့ ကြက်သိမ်းမွှေးညှင်းတွေပါထတယ်။ဘာဖြစ်လို့လဲဆိုရင် ကျုပ်က မအင်ကြင်းဆိုသူကိုမျက်ဝါးထင်ထင်မြင်နေရတာဗျ။ပါးပေါ်မှာလောက်တွေတွဲနေပြီး တစ်ကိုယ်လုံးက အပုတ်ရည်တွေထွက်နေတာ။
ဒါပေမယ့် ဆရာမောင်ဘုန်းကြောင့်ထင်တယ် ကျုပ် အပုတ်နံ့တော့ မနံတော့ဘူးဗျ။ကျုပ်အစွမ်းပြတာကလည်းသွေးပျက်စရာကြီးပါဗျာ။

”ကဲ သင်ဘယ်သူလဲ မအင်းကြင်းဟုတ်ပါသလား။

“ဟုတ်ပါတယ် ကျွန်မအင်ကြင်းပါ။
သင်ဟာ ရွာသူရွာသားတွေကို ဘာအကြောင်းကြောင့်ခြောက်လှန့်နေရတာလဲမှန်မှန်ပြောစမ်း။မှန်မှန် မပြောရင်တော့ ကျုပ်အမိန့်သုံးရလိမ့်မယ်။
ကျုပ်ကလည်းအသေအချာကိုနားထောင်နေတာဗျို့။
ဆရာတစ်ခွန်းထဲမေးလိုက်တာ နဲ့ကိုဖြေတာဗျ။

ကျွန်မပြောပြပါ့မယ်။ဆရာ ကျွန်မပြောပြပါ့မယ်။
ဆရာ့အာဏာစက်ကိုကြောက်ပါတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်မအပြင်းဖျားပါတယ်။ရွာထဲက ဆေးဆရာနဲ့ကုပါသေးတယ်။မသက်သာပါဘူး။
အပြင်းဖျားပြီး သတိလစ်သွားတာကို

ဆေးခန်းမပို့ကြည့်ကြဘဲ ဆေးဆရာက ဆုံးပြီလို့ပြောခဲ့ပါတယ်။ဒါကိုရွာသားတွေက
သခ်ျိုင်းရွှေ့တဲ့ရက်နဲဲ့တိုက်မှာဆိုးတဲ့အတွက် ရက်မထားဘဲ ချက်ချင်းသဂြိုလ်ဖို့ အမေဆီမှာခွင့်တောင်းတာကို အမေဖြစ်သူက
ခွင့်ပြုပေးပြီး အရှင်လတ်လတ်သဂြိုလ်သတ်ခဲ့ကြလို့ တစ်ရွာလုံးကိုခြောက်လှန့်နေတာပါ။
လို့ ငိုယိုပြီးပြောပြနေတာဗျ။

ဆရာမောင်ဘုန်းက သင့်အတွက်စိတ်မကောင်းပေမယ့် အခုလိုခြောက်လှန့် မှု့တွေ လုပ်နေတာကို ကျုပ်တို့ဘက်က လက်မခံနိုင်ပါဘူး။ဒါကြောင့်သင့်ကို ကျုပ်ကိုယ်တိုင် သခ်ျိုင်းကနေရွှေ့ပေးပြီး အမျှအတမ်းပေးဝေပါ့မယ်။
လို့ပြောတော့ ခဏစဥ်းစားပြီးခေါင်းလေးဆိုက်ခါ သဘောတူဟန်ပြောခဲ့တယ်။

သူ့အမေကတော့ယူကျုံးမရ ဖြစ်နေတာဗျ။စိတ်မကောင်းစရာကြီးပါဗျာ။မအင်ကြင်းဆိုသူရဲ့ အမေဖြစ်သူကိုကြည့်ရတာ ရူးနေတဲ့အတိုင်းပါဘဲ။

ဆရာမောင်ဘုန်းက သပြေကိုးညွှန့်ကို ရွာခံတွေဆီအကူညီတောင်းပြီးကျုပ်ကိုကိုင်ခိုင်းထားတယ်ဗျ။

ကျုပ်တို့က ဘာမှ့မရှိတော့တဲ့ သခ်ျိုင်းကိုသွားပြီး ဆရာမောင်ဘုန်းက မြေကြီးကိုလက်နှင့်ထောက်လို့ အမိန့်ပြန်ခဲ့တာ။
ဤနေရာ၌ ကျန်ရှိနေသော ပရလောကဝိညာဥ်အပေါင်း နှင့် မအင်ကြင်းဆိုသူ ဤနေရာသည်သခ်ျိုင်းမြေမဟုတ်တော့သည့်အတွက် နေရာအသစ်သို့ပြောင်းရွှေ့ရန် ဤသပြေပန်းအတွင်းသို့ ဝင်ရောက်ကြစေ။ပေကပ်နေပါက ငရဲမီးတမျှလောင်ကျွမ်းစေသား။

မကြာပါဘူး ကျုပ်လက်ထဲက သပြေပန်းလေးက

ဟော့…လှုပ်လာပြီဗျို့ လှုပ်လာပြီ.
သပြေပန်းလေးတွေက တုန်တုန်ပြီး လှုပ်နေတာဗျို့။ကျုပ်တော့ မမြင်ရဘူးဗျ။သပြေပန်းလှုပ်လာတာနဲ့ အဆင်သင့်ပါလာတဲ့ နံ့သာဖြူရည်လေးနဲ့ကျုပ်ကတောက်လိုက်တယ်။

ဆရာဘုန်းက ချက်ချင်းဘဲ
ရွာသားတွေကိုကိုယ့်အိမ်ကိုယ်ပြန်နေခိုင်းပြီး
ရွေ့ထားတဲ့ သခ်ျိုင်း ကိုကျုပ်နဲ့အတူ သွားခဲ့ကြတယ်။
အချိန်တစ်ခု့ ညမမှောင်ခင်အထိ ကျုပ်နဲ့ဆရာမောင်ဘုန်း သခ်ျိုင်း ဇရပ်မှာ ထိုင်နေခဲ့ကြရတယ်။
သခ်ျိုင်းထဲမှာတော့ ဂူအရေအတွက်က ရာကျော်လောက်ရှိမယ်ထင်တယ်ဗျ။

ညရောက်လို့ လူခြေတိတ်တာနဲ့ တာနဲ့ ဆရာမောင်ဘုန်းက
သခ်ျိုင်းရှင်မ မဖဲဝါကိုပင့်တာဗျ။

မြောက်ဘက်ရှင်မ၏အမိန့် အရ
သခ်ျိုင်းရှင်မ မဖဲဝါ ကျုပ် အကူညီတောင်းစရာရှိတဲ့အတွက် ဤနေရာသို့မဆိုင်းမတွလာရောက်စေ။

​မြောက်ဘက်ရှင်မ ကျုပ်ကြားဖူးတာပေါ့ဗျာ။ပညာသည်တွေဒူးတုန်အောင်ကြောက်ရတယ်ဆိုတာ။

မကြာပါဘူး..အူ….ဝူး….ဝေါ…..
လေတွေတိုက်လာတာဗျ။ကြောက်စရာခွေးအူသံကြီးကလည်းထွက်လာတာဗျို့။

သခ်ျိုင်းမြေ ထဲမှာကြားလိုရတဲ့အသံကြောင့်ကျုပ်လန့်ပြီးသွေးတက်မလောက်ပါဘဲဗျာ။တဖြည်းဖြည်းနဲ့ အသံကြီးက နီးသထက်နီးလာပြီး အဝါရောင်ထမီကိုဝတ်ဆင်ထားတဲ့ ဆံပင်ရှည်ရှည် မိန်းကလေးတစ်ယောက်ဗျ။မျက်နှာကိုတော့ကျုပ်မမြင်ရဘူး။ဆရာမောင်ဘုန်းက ကျုပ်ကို သခ်ျိုင်းအပြင်မှာနေခဲ့ခိုင်းပြီး သပြေပန်းကိုယူ သွားတာလေ ။ကျုပ်ကြားဖူးတာ က မဖဲဝါက အခေါင်းကြီးထမ်းပြီးလျှောက်သွားတယ်လို့ကြားဖူးတာ။အခုကျုပ်မြင်ရတာတော့ အခေါင်းကြီးမပါဘူးဗျ။

ပြီးတော့ဆရာမောင်ဘုန်းက မဖဲဝါကိုတည်ငြိမ်တဲ့မျက်နှာထားနဲ့ သေချာ စကားတွေပြောနေတာ
။ ကျုပ်တော့ဘာမှ့မကြားရဘူး။ဆရာဘုန်းက
သပြေ ကို လက်လှမ်းပေးလိုက်တယ်ဗျ။မဖဲဝါက လည်း ဆရာပေးလိုက်တဲ့ သပြေပန်းတွေကို ယူသွားပြီဗျို့။

ခဏနေတော့ ခွေးအူသံကြီးပြန်ထွက်လာပြီး တဖြည်းဖြည်း နဲ့ မဖဲဝါ ကအမှောင်ထဲကိုဝင်ပြီး
ပျောက်ကွယ်သွားတာ။

ဆရာမောင်ဘုန်းထွက်လာပြီဗျ။
ဆရာမောင်ဘုန်းက ထွက်လာပြီး မအင်ကြင်းဆိုတဲ့ ဝိညာဥ်ကို
ကျုပ်ရဲ့ ပြုသမျှကုသိုလ်အဖို့ ငှာ အမျှပေးဝေလိုတာကြောင့် သာဓုခေါ်ဆိုရန် လာရောက်ခဲ့ပါလို့ပြောပြီး
အမျှပေးတယ်ဗျ။ကျုပ်လှမ်းကြည့်လိုက်တော့ သခ်ျိုင်း ထဲက ဂူပေါ်မှာ အနက်ရောင်ဝတ်ဆင်ထားတဲ့
မိန်းမတစ်ယောက် သာဓုခေါ်နေတာတွေ့လိုက်ရတယ်။ကျုပ်တောင်မှ့ သာဓု သုံးကြိမ် လိုက်ဆိုမိပါသေးတယ်ဗျာ။

ကိစ္စတွေပြီးတော့ ကျုပ်နဲ့ ဆရာမောင်ဘုန်း ဆရာတော်ကျောင်းကိုပြန်လာခဲ့ကြတယ်။
ဆရာမောင်ဘုန်းက ကျောင်းထဲကိုပြန်မလိုက်တော့ဘူးဗျ။အရေးကြီးကိစ္စရှိနေတယ်လို့တော့ပြောတယ်ဗျ။ ကျောင်းဝကနေ ကျုပ်ကို အပြာရောင် စာအုပ်တစ် အုပ်ကိုပေးတယ်။အထဲမှာ ဂိုဏ်းတော်ကျင့်စဥ်တွေပါတယ်လို့လည်းပြောတယ်။မကြာခင် ပြန်တွေ့ကြရဦးမှာပါ သာဝရာ မင်းလည်းငါနဲ့အတူ သံသရာတစ်ကွေ့ချိုး ခုနှစ်ရက်သားသမီးကူညီဖို့ ဒီကျင့်စဥ်ကိုပြီးမြောက်အောင်ကျင့်ပေတော့။ကျင့်စဥ်အောင်တဲ့နေ မင်းနဲ့ငါပြန်တွေ့ကြမယ်။
လို့ပြော
ပြီးတာနဲ့ ဝိညာဥ်တစ်ကောင် လို မှေးမှိန်ပျောက်ကွယ်သွားတာဗျ။

ကျောင်းကို
ကျုပ်ပြန်ရောက်တော့ မနက် သုံးနာရီထိုးနေပြီ။

မနက် ခုနှစ်နာရီလောက်
ရောက်တော့ ဆရာတော်ကြီးကိုရှိခိုးနှုပ်ဆက်ပြီး ရွာဦးကျောင်းဆရာတော်နဲ့ ၃၄ ကားအမှီ စီးပြီးညောင်ပင်စုရွာကိုပြန်လာခဲ့ကြတယ်။

ဒီအကြောင်းတွေကိုကျုပ်ဘယ်သူကိုမှ့ပြန်မပြောဘူးလို့စဥ်းစားထားတယ် ။ဆရာမောင်ဘုန်းပေးအပ်သွားတဲ့ပညာရပ်ကျမ်းတွေကိုပဲ ခိုးခိုးပြီးလေ့လာကျင့်ကြံခဲ့တာ အခုဆိုရင် သာမာန် နတ်ပုဂ္ဂိုလ် လောက်ကိုတော့အမိန့်ပြန်စေခိုင်း လို့ရနေပြီဗျ။

အဲ့ဒီ့နေ့က စ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေရဲ့ အကူညီတောင်းမှု့တွေကို လိုက်လံကူညီရင်း နဲ့ နေလာခဲ့တာ။အခုတော့ ရွာတော်တော်များများက ပရောဂတွေတောင်ကုပေးနေရပြီဗျ။ပညာသည်တွေနဲ့တော့ ထိပ်တိုက်မတွေ့ဘူးသေးဘူး။

ရွာတော်တော်များများကတော့ ကျုပ်ကို တစ္ဆေနိုင်သာဝ လို့ခေါ်ကြတယ်ဗျ။

ကျုပ်ကတော့ ဆရာမောင်ဘုန်းကို ထပ်တွေ့ချင်နေပါသေးတယ်။ကျမ်းစာရဲ့နောက်မှာရေးထားတာက

”လမ်းဘေး အသွယ်သွယ်
ရှု့မြင်ဖွယ် ရွှေရောင်တမာမဝေဆာ
ဝေဆာရှိက သတိရ
ဂိုဏ်းနတ်အပေါင်း ခေါ်စေကြောင်း”

လို့ရေးထားတာ။

ဂါထာရဲ့အောက်မှာ
အင်းကွက်တွေဗျ။ကျုပ်ကတော့သိပ်နားမလည်သေးဘူး။ဆက်လက်ပြီး
သေချာကျင့်ကြံရဦးမယ်ထင်ပါတယ်ဗျာ။

ဆရာမောင်ဘုန်းရဲ့ ပညာရပ်တွေကိုအမှီလိုက်ချင်ပါသေးတယ်။အခုတော့ ကျုပ်ကျင့်စဉ်
ကျမ်းစာတစ်ဝက်ကျိုးနေပြီဗျ။

ပြီးပါပြီ

(Follow Page)
Page ကို Follow ထားကြပါ

ဂမ္ဘီရ မောင်ဘုန်းနှင့် မျက်ကန်းဝိဇ္ဇာဇာတ်လမ်းတွဲလေးကိုလဲစောင့်မျှော်အားပေးကြပါဦး။

❗စကားပြော ပုံစံလေးနဲ့ ခု ပထမဆုံးရေးဖူးတာမို့အမှားပါရင်ခွင့်လွှတ်ပေးကြပါခင်ဗျ။
အကြံပြုချက်များပြောကြားနိုင်ပါတယ်နော်။

ရေးသားသူ- အံ့မင်းခန့်

Leave a Reply

Your email address will not be published. Required fields are marked *