ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော
မိစ္စာတစ်ကောင်ရဲ့ရန်ငြိုး
ဘွားမယ်စိန်ရဲ့နေအိမ်၌ မောင်တိုး၊မောင်အုန်းတို့အပြင်
ခင်မြချစ်ပါရောက်နေခဲ့သည်။
သူတို့၏မျက်နှာများမှာတစ်စုံတစ်ခုအား
စိတ်မကောင်းဖြစ်နေဟန်ရှိ၏။
“ဘွားရာ…ကျုပ်ပြောပြီးပြီပဲ…
ဘွားဘယ်အရပ်သွားသွားကျုပ်တို့လိုက်ပါ့မယ်ဆိုဗျာ”
ဟု…မောင်တိုးက မျက်နှာမသာမယာဖြင့်
ဘွားမယ်စိန်ကိုပြောသည်။
ဘွားမယ်စိန်ကတော့ မည်သည့်စကားမှပြန်မပြောဘဲ
သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုသာ ဖွာရှိုက်နေခဲ့သည်။
“ဟုတ်သားပဲဗျာ…ကျုပ်ရဲ့မင်္ဂလာကလည်း
အခုချက်ချင်းဆောင်မှာမှမဟုတ်တာ…
မင်္ဂလာဆောင်မယ်ပဲထားပါဦးတော့…
ကျုပ်က နုယဥ်ကိုပြောထားပြီးသားပါဘွားရဲ့..
ကျုပ်တို့မင်္ဂလာဆောင်ပြီးရင်လည်း
ဘွားသွားတဲ့နောက်ကိုကျုပ်ကလိုက်နေဦးမှာပါ…”
မောင်အုန်းကလည်းထပ်မံကာပြောလေသည်။
သူတို့နှစ်ဦးပြောသောစကားများကိုနားထောင်ရင်း
ငြိမ်နေခဲ့သော ခင်မြချစ်မှ…
“ကျုပ်အနေနဲ့လည်းပြောပါရစေအဘွား…”
ဟု…အစချီတော့ ဘွားမယ်စိန်နဲ့နံဘေးရှိ
မောင်တိုး၊မောင်အုန်း…ဒေါ်ဝင်းတို့ရဲ့အကြည့်များက
ခင်မြချစ်ထံသို့ရောက်ကုန်ကြသည်။
“ကျုပ်လေ…အစ်ကိုစိတ်မချမ်းသာတာကို
ကြည့်မနေနိုင်လို့ပါအဘွားရယ်…
ကျုပ်နဲ့ယူပြီးလည်း အဘွားတို့သွားစရာလာစရာရှိရင်
အရင်လိုပဲခေါ်သွားပေးပါ…ကျုပ်ဘက်ကခွင့်ပြုပါတယ်…
ကျုပ်အနေနဲ့ကလည်း အဘွားတို့ကို ခင်တွယ်ပြီးသားမလို့
ကျုပ်အတွက်ထည့်မတွက်ပါနဲ့…နောက်ပြီးတော့
ကျုပ်စိတ်ထဲလည်း အဘွားတို့တွေအရင်လို အတူသွားအတူလာမဟုတ်တော့တာ ကျုပ်ကြောင့်ဆိုတဲ့အတွေးကြီးဝင်နေမိလို့ပါအဘွားရယ်…”
ဟု…ခင်မြချစ်ကပြောလေသည်။
ခင်မြချစ်ရဲ့စကားကိုကြားပြီးနောက်
ဘွားမယ်စိန်ကသူ့ရဲ့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
အုန်းခွက်ထဲသို့ထည့်၍ မီးငြိမ်းလိုက်သည်။
” ညည်းဘက်ကသေချာပြီလားသမီးရဲ့…
ဘွားအနေနဲ့ သူတို့ကို မခေါ်သွားတာက
မခေါ်သွားချင်လို့ရယ်လည်းမဟုတ်ရပါဘူးအေ…
ဘွားတို့ရဲ့ခရီးကြောင့် ညည်းတို့တွေရဲ့
အိမ်ထောင်ရေးမှာ အနှောက်အယှက်တစ်ခုဖြစ်သွားမှာ
စိုးရိမ်လို့ပါ…”
“ဒါတော့စိတ်မပူပါနဲ့အဘွား…
ကျုပ်အနေနဲ့ အဘွားတို့ကြောင့်တော့ အစ်ကိုကို
စိတ်မခုမိပါဘူးရှင်…”
“အင်း…ကောင်းပြီလေ…
ညည်းခွင့်ပြုတယ်ဆိုရင်တော့
အရင်တိုင်းသွားစရာလာစရာကိစ္စရှိခဲ့ရင်…
သူတို့ကိုဘွားခေါ်သွားပါ့မယ်…
သြော်…ဒါနဲ့…မောင်အုန်း…မောင်ရင့်ကောင်မလေးကရော
ခွင့်ပြုရဲ့လားကွဲ့”
“ဟာဗျာ….ကျုပ်ပြောပြီးသားပဲဘွားရဲ့…
သူကခွင့်ပြုပါတယ်ဆ်ိုဗျာ…
ဒါကြောင့် ဘာမှမတွေးပဲ…ကျုပ်တို့ကိုအရင်လို
ဘယ်သွားသွားခေါ်ပါဗျ…”
“အေးကွယ်…ဒီလိုဆိုရင်တော့…
ခေါ်ရတော့မှာပေါ့”
ဘွားမယ်စိန်စကားကိုကြားလေတော့မှ အားလုံးရဲ့
မျက်နှာ၌အပြုံးများဝေသွားကြရှာသည်။
“မြချစ်…ညည်းအိမ်ဘာချက်ခဲ့လဲအေ့”
“ဒီကနေ့တော့အမေက ချဥ်ပေါင်ရွက်စပ်ချဥ်ဟင်းလေးနဲ့
ပဲပွလေးပဲကြော်တယ်အရီးရဲ့”
“ဟုတ်လား…ဒါဆို
ပြန်ရင် ဝက်သားချက်လေးယူသွားကြဦး…
မောင်အုန်းလည်းယူသွားနော်…ကြားလား”.
“ဟုတ်ကဲ့အရီး…ဒါနဲ့အရီးတို့ကောလောက်ငှရဲ့လားဗျ”
“လောက်ပါတယ်ဟဲ့…
နင့်ညီမ ရှင်ညို လေ စားချင်တယ်ဆိုလို့
ချက်ပေးရတာ…အဲ့တာနဲ့နင်တို့အတွက်လည်း
ပိုထည့်ချက်ပေးထားတာ….”
“ရှင်ညို…ရှင်ညိုဆိုလို့ အဲ့သည်ကလေးမနဲ့
နန်းကြိုင်တို့ကိုမမြင်မိပါလားဗျ…
ဘယ်သွားကြတာတုန်း”
“ဘယ်သွားရမှာလဲ…နင့်ညီမနန်းကြိုင်ပေါ့
ကန်စွန်းရွက်ကြော်စားချင်တယ်ဆိုလို့…
သူတို့ညီအစ်မ ကန်စွန်းရွက်သွားခူးကြလေရဲ့…”
“အတော်လည်းချစ်တဲ့ညီအစ်မပဲဗျ…
ဘယ်သွားသွားတပူးပူးနဲ့…”
“ဟုတ်ပ…ဟုတ်ပ…အတော်ကိုချစ်ကြရှာတာ…”
ဒေါ်ဝင်းစကားကို မောင်တိုးတို့ခေါင်းညိတ်ကြသည်။
အမှန်လည်း ရှင်ညိုနဲ့နန်းကြိုင်တို့၏သံယောဇဥ်ကို
အားလုံးသိရှိနေကြသူများဖြစ်၏။
နောက်တစ်နေ့နံနက်သို့ရောက်တော့…
“အဘွား…အရီးဝင်း…ဘယ်သူမှမရှိကြဘူးလား”
ခြံဝိုင်းအပြင်၌အော်ဟစ်၍ခေါ်နေသူမှာ မိညှပ်ဖြစ်သည်။
မိညှပ်၏နံဘေး၌လည်း မိန်းမကြီးတစ်ဦးအတူပါခဲ့သည်။
ထိုမိန်းမကြီးမှာ ဒေါ်နော်ခမ်းမဟုတ်ပေ။
“ဟယ်…ညည်းကမိညှပ်မလား”
ဘွားမယ်စိန်တို့အိမ်နား၌နေသောဒေါ်သန်းက
မိညှပ်ကိုမြင်သွားသည်။
မိညှပ်မှာသောင်ထွန်းရွာသို့ ဒေါ်နော်ခမ်းနှင့်အတူတူ
မကြာခဏ လိုက်ပါလာတတ်၍ ရွာရှိလူများက
မျက်နှာရင်းနှီးနေကြလေပြီ။
“ဟုတ်ပါတယ်…ကျုပ်ကအဘွားတို့ဆီကိုလာတာအရီး…
အဘွားတို့ဘယ်များသွားကြလဲ…
မဟုတ်မှ…ခရီးများထွက်သွားကြလေသလားတော်…”
မိညှပ်မျက်နှာသည် စိုးရိမ်မှုအပြည့်ဖြစ်နေ၏။
ဒေါ်သန်းကခေါင်းကိုခါရမ်းပြီး…
“ညည်းအဘွားတို့က ခရီးမသွားပါဘူးအေ…
ဘုန်းကြီးကျောင်းသွားကြတာ…
တော်နေဆိုပြန်လာလိမ့်မယ်အေ့”
“သြော်….တော်ပါသေးရဲ့”
မိညှပ်ကသက်ပြင်းချပြီးပြောလိုက်သည်။
“ဒါဆို ခြံထဲဝင်ထိုင်နေလိုက်တော့မယ်…
ခြံတံခါးက သော့မှမခတ်ထားဘဲအရီးရယ်…”
“အေးအေး…ဒါဆိုသွားထိုင်နေကြအေ့…”
“ဟုတ်ကဲ့…ဦးနီ…နွားတွေကို ရေတိုက်အစာကျွေးလိုက်ပါဦး…ရေက ခြံထဲမှာဝင်ဆွဲလို့ရတယ်နော်…”
“အေး…အေး…တူမကြီး”
မိညှပ်က သူတို့နှင့်အတူပါလာသောနွားလှည်းမောင်းသူ
ဦးနီကိုလှည့်ပြောပြီးနောက် ခြံဝိုင်းထဲကိုဝင်သွားတော့သည်။
“အရီးခင်…ထိုင်ဦး…ကျုပ်တို့အဘွားတို့ကို
စောင့်ကြတာပေါ့”
မိညှပ်နဲ့အတူတူလိုက်ပါလာသူမှာတောင်ခြေရွာသူ
အရီးခင်ပင်ဖြစ်သည်။
အရီးခင်…ဦးနီနှင့်မိညှပ်တို့သုံးယောက်သည်
တောင်ခြေရွာမှနွားလှည်းကလေးဖြင့် သောင်ထွန်းရွာဆီသို့ ခရီးထွက်လာခဲ့ကြခြင်းဖြစ်၏။
မိညှပ်မျက်နှာမှာ တစ်စုံတစ်ခုအားစိုးရိမ်နေပုံရပေသည်။
“ဟယ်..ဘယ်သူကြီးလဲ…”
ခြံဝိုင်းထဲဝင်လာလာခြင်းဦးနီအားမြင်လိုက်၍
ဒေါ်ဝင်းအလန့်တကြားအော်လေသည်။
“အရီးဝင်း”
“ဟင်…မိညှပ်…ဘယ်ကနေဘယ်လိုရောက်လာတာလဲ”
မိညှပ်ကိုမြင်တော့ဒေါ်ဝင်းမှာ ကွပ်ပျစ်ဆီသို့
အံ့သြသော မျက်နှာဖြင့်ရောက်လာခဲ့သည်။
“အဘွားကောအရီး…အဘွားမပါခဲ့ဘူးလား”
“အနောက်မှာလာနေပြီ…
ဒါနဲ့ နော်ခမ်းကော…ပါလာခဲ့လား”
“အဘွားလာမှပဲ ကျုပ်ပြောပြပါ့မယ်အရီး…
အဘွားကိုအရင်စောင့်ကြရအောင်ပါ…”
“ဘာများဖြစ်လို့လဲအေ…ငါစိတ်ပူလိုက်တာမိညှပ်ရယ်…”
ဒေါ်ဝင်းကို မိညှပ်ပြန်၍မပြောပေ။
“ဘယ်သူတွေရောက်နေတာလဲအေ့”
ဘွားမယ်စိန် ခြံဝိုင်းထဲဝင်လာရင်း မေးလေသည်။
ဘွားမယ်စိန်၏အနောက်၌ ရှင်ညိုနဲ့ နန်းကြိုင်တို့လိုက်လာခဲ့ကြသည်။
“အဘွား…….”
“ဟဲ့…ဟဲ့…မိညှပ်လား…ဘာများဖြစ်တာလဲအေ့”
ဘွားမယ်စိန်ကိုမြင်တော့မိညှပ်ဟန်ပင်မဆောင်နိုင်တော့
ဘွားမယ်စိန်ကိုပြေးဖက်၍ တအီးအီးငိုရှိုက်နေခဲ့၏။
ဘွားမယ်စိန်တို့မှာ မိညှပ်၏အပြုအမူကိုနားမလည်ဖြစ်ကြရပြီး မိညှပ်နှင့်အတူပါလာသော ဦးနီနဲ့အရီးခင်တို့ကိုကြည့်လေတော့လည်း သူတို့၏မျက်နှာများမှာမကောင်းလှပေ။
“ကဲ…လာပါ မိညှပ်ရယ်…
ငိုတာလေးခဏရပ်ပြီးဘာဖြစ်တယ်ဆိုတာကို
အရင်ပြောစမ်းပါဦး…အရီးတို့စိတ်တွေပူလှပြီအေ့…”
ဒေါ်ဝင်းက မိညှပ်ကို ကွပ်ပျစ်ပေါ်သို့ တွဲကာ
တင်ပေးလိုက်သည်။
မိညှပ်က မျက်ရည်များနှင့် နှပ်များကို လက်ဖြင့်
ပွတ်သပ်ဖယ်ရှားပြီးနောက်…
“အရီးပျောက်နေတယ်အဘွား…
အရီးနော်ခမ်းပျောက်နေလို့ပါ…ကျုပ်တို့ဘယ်မှာမှရှာမတွေ့ဘူး…အီးးးးးဟီး…ဟီးးးအရီးကိုရှာပေးပါအဘွားရယ်”
လေသံတိုးတိုးလေးဖြင့် ပြောနေရင်းမှ မိညှပ်ထပ်မံ၍
ငိုကြွေးပြန်သည်။
“ဘယ်လို…”
“ဟင်….”
မိညှပ်စကားကြောင့်
ဘွားမယ်စိန်တို့အားလုံး အံ့သြသွားကြရသည်။
“ဟုတ်လို့လားအေ…
ဒီက…ညည်းပြောစမ်းပါဦး…
သူပြောတာဟုတ်သလားအေ့…”
ဘွားမယ်စိန်က အရီးခင်ကိုမေးငေါ့ကာမေးလေတော့
အရီးခင်သည်ခေါင်းကိုညိတ်၍…
“ဟုတ်ပါတယ်အဘွား…
နော်ခမ်း ကိုကျုပ်တို့လိုက်ရှာနေကြတာပါ…
မတွေ့တဲ့အဆုံးမှ အဘွားတို့ဆီကိုလာခဲ့ကြတာ”
ဟု…ဖြေလေသည်။
မိညှပ်ငိုသကဲ့သို့ ဒေါ်ဝင်းနဲ့နန်းကြိုင်တို့မှာလည်းစိတ်ပျော့သူများပီပီအတူတူငိုနေကြရှာသည်။
“ညည်းတို့တိတ်ကြစမ်းပါအေ…
ငါ့သမီးက ဘယ်လိုကြောင့် ပျောက်ရတာလဲ…
မိညှပ်…ညည်းမငိုဘဲ ဘွားကိုသေချာပြောစမ်း…”
မိညှပ်မှာ ဆက်၍မငိုရဲတော့။
“အဘွားတို့ရွာကနေကျုပ်တို့ပြန်လာပြီးမကြာဘူး…
အရီးကို မြို့က လူသုံးယောက် လာခေါ်သွားကြတယ်…
သူတို့ဆီမှာအနှောက်အယှက်ဝင်နေလို့
လာပင့်တာဆိုပြီး ခေါ်သွားရာကနေ အရီးပြန်မလာတော့တာပဲအဘွား…အခုဆို ရက်နှစ်ဆယ်လောက်ရှိနေပြီ…”
“ဒါဆို အဲ့သည်မြို့မှာကောရှိမနေဘူးလား…
ညည်းတို့ရှာတယ်ဆိုတာ အဲ့သည် မြို့မှာကော
သွားမရှာကြဘူးလား”
“ကျုပ်တို့သွားရှာပြီးပြီအဘွား…
အရီးသွားတဲ့လိပ်စာကို ကျုပ်မှမသိတာ…
ဒါပေမယ့် တစ်မြို့လုံးလိုက်စုံစမ်းခဲ့ကြပါသေးတယ်
အရီးရဲ့အရိပ်အယောင်တောင်မမြင်ခဲ့ရပါဘူးအဘွားရယ်”
မိညှပ်စကားကိုဘွားမယ်စိန်ပြန်လည်မဖြေ…
ဆက်၍လည်းမမေးတော့ဘဲ ငြိမ်သွားခဲ့သည်။
ဘွားမယ်စိန်စဥ်းစားနေသကဲ့သို့ ရှင်ညိုသည်လည်း
စကားဝိုင်း၌ဝင်မပါဘဲ ငြိမ်နေခဲ့၏။
“ကျုပ်တို့ရွာကလူတွေလည်း
ဝိုင်းဝန်းရှာနေကြပါတယ်…
လာခေါ်သွားတဲ့လူတွေကလည်း မျက်နှာစိမ်းတွေဆိုတော့
သူတို့အကြောင်းကိုဘယ်သူမှမသိဘူးဖြစ်နေတယ်…
မိညှပ်က အဘွားတို့ဆီသွားချင်ပါတယ်ဆိုလို့
ကျုပ်တို့လိုက်ပို့ပေးတာပါ…”
“ရောက်လာတာကောင်းပါတယ်…
မဟုတ်ရင် မိညှပ်တစ်ယောက်ထဲ ဘယ်လိုနေရှာမလဲ…
အမယ်လေး…ညီမလေးရယ် ဘယ်များရောက်နေတာလဲ…
အစ်မစိတ်တွေပူလိုက်တာအေ…”
အရီးခင်နဲ့ဒေါ်ဝင်းတို့၏အသံမှလွှဲ၍ ကျန်အသံများတိတ်နေခဲ့သည်။
ခဏမျှကြာလေတော့…
“ဘွားတို့ လိုက်သွားကြမယ်…
အဲ့သည်မြို့မှာ သမီးနော်ခမ်းကိုသွားရှာကြတာပေါ့အေ”
ဟု…ဘွားမယ်စိန်ကပြောလိုက်သည်။
ရှင်ညိုကလည်းခေါင်းညိတ်ထောက်ခံ၏။
“ညည်းတို့ကတော့ မိညှပ်ကိုဘွားတို့အိမ်မှာပဲ
ထားခဲ့လိုက်ပါ…တောင်ခြေရွာမှာနော်ခမ်း
ပြန်ရောက်လာတယ်ဆိုရင်တော့လာ
အကြောင်းကြားပေးကြပေါ့အေ…”
“ဟုတ်ကဲ့အဘွား…ကျုပ်တို့ဒီကနေ့တော့နားပါရစေဦး…
မနက်ဖြန်မနက်မှရွာကိုပြန်ပါ့မယ်”
“အေး…အေး…အေး
ညည်းတို့စိတ်ကြိုက်နေကြပါ…
ဘွားတို့ကိုဘာမှအားမနာကြနဲ့…
မိဝင်း…သူတို့တွေကပင်ပန်းလာကြတာ
ဗိုက်လည်းဆာနေကြမယ်ထင်တယ်….
ထမင်းပွဲလေးပြင်ပေးလိုက်ပါဦးအေ”
“ဟုတ်ကဲ့အမေ…”
ဒေါ်ဝင်းနဲ့နန်းကြိုင်တို့က အရီးခင်တို့ကိုထမင်းကျွေးဖို့
မီးဖိုထဲသို့ခေါ်သွားကြသည်။
ကွပ်ပျစ်ခင်းတွင်တော့ ဘွားမယ်စိန်နှင့် ရှင်ညိုတို့သာ
ကျန်ရစ်ခဲ့သည်။
“ညည်းအရီးတော့ ဒုက္ခတွေ့နေပြီထင်တယ်သမီး”
“ကျုပ်လည်းစဥ်းစားနေတာအဘွားရဲ့…
ဘယ်လိုကြောင့်များအရီးကကျုပ်တို့ဆီကို
မဆက်သွယ်ရတာလဲ…”
“အင်း…ငါ့သမီးပြောသလိုပဲ…
သူဘာကြောင့်များ…ဘာတွေများအခက်အခဲဖြစ်နေရှာလို့
ဘွားတို့တွေဆီကိုမဆက်သွယ်ရတာလဲ…”
စိတ်အာရုံဖြင့် မဆက်သွယ်သောဒေါ်နော့ခမ်းကြောင့်
ဘွားမယ်စိန်တို့ စဥ်းစား၍မရဖြစ်နေကြသည်။
နောက်တစ်နေ့ နံနက်သို့ရောက်တော့
အရီးခင်နဲ့ဦးနီတို့နှစ်ဦးတောင်ခြေရွာသို့ပြန်သွားခဲ့ကြသည်။မိညှပ်ကတော့သောင်ထွန်းရွာ၌သာ နေရစ်ခဲ့၏။
“ဘွားရေ…ကျုပ်တို့ရောက်ပြီဗျ”
မောင်တိုးနဲ့မောင်အုန်းတို့မှာ နွားလှည်းတစ်စီးဖြင့်
ဘွားမယ်စိန်၏ခြံဝိုင်းရှေ့သို့ရောက်လာခဲ့ကြသည်။
ဒေါ်နော်ခမ်းကိုရှာဖွေဖို့ရန် မြို့သို့သွားရမည့်
အကြောင်းအားသူတို့ကိုခေါ်၍ဘွားမယ်စိန်ကပြောပြထားရှာသည်။
“လာပြီမောင်တိုးရေ…
လမ်းမှာဂရုစိုက်ကြဦးနော်…
ဟဲ့…ဒါနဲ့ နင့်မိန်းမကော မပါခဲ့ဘူးလား”
“ဟာဗျာ…အရီးကလည်းကျုပ်တို့က ခရီးသွားမှာကို
သူ့ဘာလို့ခေါ်သွားရမှာလဲ…အိမ်မှာပဲနေခဲ့တာပေါ့ဗျ”
“မသိပါဘူးဟယ်…မခွဲနိုင်လို့လိုက်များလာသလားပေါ့”
“အဲ့သည်လိုမဟုတ်ပါဘူးဗျာ…
သူကသိတတ်ရှာပါတယ်…
ကျုပ်အပေါ်သိပေးတတ်လွန်းလို့လည်း
ကျုပ်မှာအချစ်ပိုနေရတာပေါ့”
“အမယ်လေး…နင်ကတော့
မမေးတာတွေလာပြောနေတယ်…
ချစ်တာတွေမေတ္တာတွေ ပြော…
ပြောတတ်လွန်းတယ်ဟယ်…”
ဒေါ်ဝင်းမှာ မောင်တိုးကို မျက်စောင်းထိုး၍ ပြောရှာသည်။
မောင်အုန်းနဲ့ ရှင်ညိုတို့မှာကတော့ သူတို့ကြောင့်
ပြုံးမိကြ၏။
“အဘွား…ကျုပ်လက်ကိုတွဲတက်ဗျ”
ဘွားမယ်စိန်မှာလှည်းအထက်သို့တက်ဖို့ရန်ဟန်ပြင်တော့
မောင်အုန်းက လှည်းပေါ်မှဆင်းလာပြီးလက်ကိုတွဲ၍တင်ပေးရှာသည်။
လှည်းအထက်၌ ဘွားမယ်စိန်…ရှင်ညိုနဲ့မောင်တိုး…မောင်အုန်းတို့နေရာယူကာ ထိုင်နေကြပြီဖြစ်သည်။
“ကဲ…မိဝင်း…ညည်းသမီးနဲ့ညည်းတူမကို
သေချာစောင့်ရှောက်ဦး…
အမေတို့ဘယ်မှာမသွားဘူး…အဲ့သည်မြို့မှာပဲ
ညည်းညီမကိုရှာကြမှာ…တကယ်လို့ညည်းညီမပြန်ရောက်လာတယ်ဆိုရင်လည်း အမေတို့ကို
လာပြောလှည့်ကြ…”
“ဟုတ်ကဲ့အမေ”
“အေး…အေး…ဒါဖြင့် အမေတို့သွားမယ်အေ……”
ဘွားမယ်စိန်ကဒေါ်ဝင်းကို မှာစရာများမှာ
ကြားပြီးသည့်နောက်နွားလှည်းကလေးသည်
သောင်ထွန်းရွာထဲမှ ထွက်လာခဲ့တော့လေသည်။
“ကျုပ်တို့ဘယ်မှာတည်းကြမှာလဲအဘွား”
“အေး…အဲ့သည်မြို့က ဘွားတို့သွားဖူးတဲ့နေရာမဟုတ်တော့လည်း တည်းဖို့တော့နေရာ ရှာရလိမ့်မယ်…”
“မထူးပါဘူးဘွားရယ်…ဘုန်းကြီးကျောင်းတစ်ကျောင်းကျောင်းမှာတည်းကြတာပေါ့”
မောင်အုန်းစကားကို…
“မဟုတ်သေးဘူးကိုကြီးအုန်း…ကျုပ်တို့ဘုန်းကြီးကျောင်းမှာတည်းမယ်ဆိုရင် သွားလာရတာတွေ…
လုပ်ရမယ့်ကိစ္စတွေပေါ်လာခဲ့ရင်တောင်
လွတ်လွတ်လပ်လပ်လုပ်နိုင်မှာမဟုတ်ဘူး…ဒါကြောင့်
လူတွေမရှိတဲ့ဇရပ်တစ်ခုခု…ဒါမှမဟုတ် သင်္ချိုင်းမှာပဲဖြစ်ဖြစ်တည်းမှအဆင်ပြေလိမ့်မယ်…”
ဟု…ရှင်ညိုက ဝင်ပြောသည်။
“ဟာ…နင့်အကြံကြီးကလည်း…
သင်္ချိုင်းကုန်းမှာက တည်းလို့ရပါ့မလား…
အိပ်စရာမရှိဘာမရှိနဲ့…ငါတို့ကထားပါ…
နင်နဲ့အဘွားနဲ့အဆင်ပြေမှာမဟုတ်ဘူးဟ”
“ကျုပ်တို့ကပိုတောင်အဆင်ပြေပါသေးတယ်…
ဒီလိုသွားလာနေထိုင်တာက ကျုပ်အတွက်
အထူးအဆန်းကိစ္စမဟုတ်ဘူးကိုကြီးအုန်းရဲ့”
“အေးဟာ…ဒါဆို ဘွားသဘောကကောဗျ”
“ဘွားလည်းအဆင်ပြေပါတယ်…
မောင်ရင့်ညီမပြောသလိုပဲ သင်္ချိုင်းကုန်းတစ်ခုခုက
ဇရပ်မှာနေကြတာပေါ့”
ဘွားမယ်စိန်က ရှင်ညိုပြောတာကိုသဘောတူရှာသည်။
ခရီးဆက်လာကြရင်း ညနေနေဝင်ခါနီးအချိန်လောက်မှ
ဒေါ်နော်ခမ်းသွားသော မြို့သို့ရောက်လာခဲ့သည်။
မြို့၏သင်္ချိုင်းဆီသို့ရောက်တော့ မှောင်စပြုနေပြီဖြစ်၏။
“ဟေ့…ဘယ်သူတွေလဲ”
သင်္ချိုင်းထဲသို့ နွားမောင်းဝင်လာသော.ဘွားမယ်စိန်တို့ကို
အဝတ်အစားစုတ်စုတ်ပြတ်ပြတ်ဖြင့်
လူကြီးတစ်ယောက်က အရှေ့မှရပ်၍မေးလိုက်သည်။
ဘွားမယ်စိန်တို့လည်း လှည်းအထက်မှဆင်းလိုက်ကြပြီး…
“ကျုပ်တို့ကခရီးသွားတွေပါ…
ဒီမြို့ကိုလာရင်း တည်းစရာရှာမရတော့လို့
ဟောသည်ကဇရပ်မှာတည်းဖို့ရောက်လာကြတာပါ…”
ဟု…ဘွားမယ်စိန်ကပြောတော့ လူကြီးသည်ဘွားမယ်စိန်တို့အားသေချာစူးစိုက်ကြည့်၍ အကဲခတ်၏။
“တည်းဖို့အဆင်မပြေရင်လည်း ကျုပ်တို့တွေ
တခြားနေရာသွားရှာကြည့်ပါ့မယ်…”
ဟု…ဘွားမယ်စိန်ကပြောစဥ် ရှင်ညိုသည် သူ၏လွယ်အိတ်ထဲမှ ငွေစက္ကူအချို့ကိုယူ၍
လူကြီးလက်ထဲသို့ ထည့်လိုက်သည်။
“ဦးကြီးက ဒီသင်္ချိုင်းရဲ့ သုဘရာဇာထင်တယ်…
ကျုပ်တို့က လူပျောက်လာရှာတာမလို့…
ဒီမှာရက်အကန့်အသတ်မရှိတည်းဖြစ်မယ်ဦးကြီး…”
ဟု…ရှင်ညိုကပြောတော့ လူကြီးသည်ရှင်ညိုကိုတလှည့်
သူ့၏လက်ထဲရှိငွေစက္ကူများကိုတလှည့်ကြည့်နေသည်။
ပြီးနောက် သဘောကျသောအပြုံးကြီးဖြင့်…
“ရတာပေါ့…တည်းပါ…တည်းကြပါ…
ကျုပ်ခွင့်ပြုပါတယ်…မီးလိုရင်လည်းကျုပ်တဲမှာ
လာယူပါ…ဟိုရှေ့ကတဲမှာ ကျုပ်တစ်ယောက်ထဲနေတာ…”
ဟု…ပြောပြီး ထွက်သွားတော့သည်။
“အမယ်…ဒီလိုကျရှင်ညိုကတော်သွားပြီဟေ့…
လူတွေရဲ့စိတ်ကိုအတော်အကဲခတ်တတ်တာပဲဟ”
“ကဲပါကိုကြီးတိုးရယ်…နွားတွေလည်းမောရော့မယ်…
ဟိုဦးကြီးဆီကရေတောင်းပြီး နွားတွေကို
တိုက်လ်ိုက်ပါဦး…
ကျုပ်ကတော့ဇရပ်ပေါ်မှာနေဖြစ်အောင်ရှင်းဦးမယ်…”
ရှင်ညိုက ဇရပ်အပေါ်၌ရှိသော ဖုန်များအမှိုက်များကို
သွားရောက်ရှင်းလင်းရှာသည်။
“အဘွား…ဝင်ထိုင်လို့ရပြီ…
ကျုပ်ထမင်းအိုးလေးတည်လိုက်ဦးမယ်
အဘွားတို့ထမင်းဆာနေကြပြီမဟုတ်လား”
“အေးသမီးရေ…ညည်းလည်းပင်ပန်းနေဦးမယ်
နားနားနေနေလုပ်ပါအေ”
ရှင်ညိုက ထမင်းချက်စရာပစ္စည်းတချို့ကို
လှည်းအထက်၌တစ်ခါထဲတင်ယူလာခဲ့ရှာသည်။
ထိုနေ့က မြို့သို့ရောက်လာကြပြီဖြစ်သော်လည်း
အချိန်မရှိတော့သောကြောင့် ဇရပ်၌သာနေခဲ့ကြရသည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့…
“အဘွား ကျုပ်နဲ့ကိုကြီးအုန်းတို့မြို့ထဲကို
သွားစုံစမ်းကြည့်ကြဦးမယ်…အဘွားတို့ဘာမှာချင်သေးလဲဗျ”
“မမှာတော့ပါဘူးကွယ်…မောင်ရင်တို့သာ
ကိစ္စပြီးရင် ဒီကိုပဲတန်းပြန်လာကြပါ…”
“ဟုတ်ကဲ့အဘွား…ဒါဆိုကျုပ်တို့သွားလိုက်ပါဦးမယ်”
မောင်တိုးနဲ့မောင်အုန်းတို့က ဒေါ်နော်ခမ်း၏အကြောင်းအားစုံစမ်းဖို့ရန် မြို့ထဲသို့ထွက်သွားကြသည်။
ရှင်ညိုနဲ့ဘွားမယ်စိန်သာ ဇရပ်၌ ကျန်ရစ်ခဲ့၏။
ညနေ နေဝင်ခါနီးမှဖက်နဲ့ထုပ်ထားသည့်
ခေါက်ဆွဲထုပ်လေးများကို
ဆွဲရင်း မောင်တိုးတို့ပြန်ရောက်လာကြသည်။
“ရှင်ညို…ဒီမှာ ခေါက်ဆွဲကြော်ဆိုင်တွေ့လို့
ညစာစားရအောင် ငါတို့ဝယ်လာခဲတယ်ဟ…”
“ခေါက်ဆွဲကြော်ထက်…အရီးသတင်းဘာထူးလဲ
ကိုကြီးတိုး…”
ရှင်ညိုမေးတော့ မောင်တိုးက ခေါင်းရမ်းပြီး
သက်ပြင်းချသည်။
“ငါတို့လည်း အရီးအကြောင်းကိုလိုက်စုံစမ်းကြတာပဲ
ရှင်ညိုရာ…ဒါပေမယ့်အချိန်သာကုန်သွားတယ်
ဘာမှကိုမသိခဲ့ရပါဘူး…”
“အင်းလေ…တစ်ခုမဟုတ်တစ်ခုတော့သိလာလိမ့်
မယ်ထင်ပါတယ်…မနက်ဖြန်တော့ကျုပ်နဲ့အဘွားလည်း
ကိုကြီးတိုးတို့နဲ့အတူတူလိုက်လာခဲ့ပါ့မယ်…”
“မလိုက်ပါနဲ့ဟာ…ငါတို့ဘာသာစုံစမ်းကြည့်ပါဦးမယ်…
နင်တို့ပင်ပန်းမှာစိုးလို့…ဒီဇရပ်မှာပဲနေခဲ့ကြပါ…”
ဒေါ်နော်ခမ်း၏သတင်းကို စုံစမ်းမရခဲ့သော်လည်း
မောင်တိုးတို့ဝယ်လာသည့် ခေါက်ဆွဲကြော်ဖြင့်
ညစာစားခဲ့ကြရသည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့လည်းမောင်တိုးနဲ့
မောင်အုန်းတို့ မြို့ထဲသို့ ထွက်သွားကြပြန်သည်။
“အဘွား…ကျုပ် ဟိုနားဒီနားလေး
လမ်းခဏလောက် လျှောက်ဦးမယ်နော်”
“အေး…အေး…သမီး…
တခြားဘယ်မှလျှောက်မသွားနဲ့နော်…
အနီးနားပဲသွားအေ့”
“ဟုတ်ကဲ့”
ရှင်ညို…ဘွားမယ်စိန်ကိုခွင့်တောင်းပြီး ဇရပ်ပါမှ
ဆင်းလာခဲ့သည်။
သင်္ချိုင်းထဲသို့ လှည့်ပတ်ကြည့်ရှု့ရင်း အရွယ်အစားခပ်လတ်လတ်ရှိညောင်ပင်အောက်တွင် သုဘရာဇာကြီးကို
မြင်လိုက်ရ၏။
ထိုညောင်ပင်ဆီသို့ ရှင်ညို၏ခြေလှမ်းများဦးတည်လိုက်သည်။
“ဦးကြီး…ကျုပ် ဒီမှာထိုင်လို့ရမလား”
“ထိုင်လို့ရရင်ထိုင်ပါဗျာ…”
ညောင်ပင်အောက်၌ အခင်းမပါသော မြေကြီးပေါ်တွင်သာ
ရှင်ညိုထိုင်လိုက်သည်။
သုဘရာဇာကြီးကတော့ ဆေးလိပ်ကြီးကိုပါးစပ်၌ခဲ၍
သူ၏ပေါက်ပြားကိုပြုပြင်နေခဲ့သည်။
“ဦးကြီးနာမည်ကဘယ်လိုခေါ်လဲ…
ကျုပ်နာမည်ကတော့ ရှင်ညိုပါ…”
ဟု…ရှင်ညိုကပြောတော့ သုဘရာဇာကြီးက ရှင်ညိုကိုသေချာစိုက်ကြည့်ပြီး…
“ဘမောင်…ဦးဘမောင်လို့ခေါ်တယ်ကလေးမ…”
“ကျုပ်နာမည်က ကလေးမ မဟုတ်ပါဘူးဦးကြီး…
ကျုပ်နာမည်ကရှင်ညိုပါ…”
“အေး…ရှင်ညိုဆိုတော့လည်းရှင်ညိုပေါ့”
“ဒါနဲ့ဦးကြီးကတစ်ယောက်ထဲနေတာလား…
မိသားစုတွေမရှိဘူးလား”
“သုဘရာဇာလုပ်နေမှတော့ မိသားစုရှိနိုင်ပါ့မလား…
ကျုပ်ကတစ်ယောက်ထဲပဲနေတာ…”
“သြော်…”
“ဒါနဲ့ ညည်းတို့ကလူပျောက်လာရှာတာဆိုတော့
အခုထိရှာမတွေ့သေးဘူးလား”
သုဘရာဇာကြီးအမေးကိုရှင်ညိုခေါင်းညိတ်လိုက်သည်။
“မတွေ့သေးပါဘူး…
ဒီနေ့လည်း အစ်ကိုတွေထပ်သွားရှာနေကြတယ်…”
“ဘာလဲ…လင်နောက်လိုက်သွားလို့လာရှာကြတာလား”
“ပေါက်ပေါက်ရှာရှာဦးကြီးရယ်…
အခုပျောက်သွားတဲ့သူက ကျူပ်တို့ရဲ့အဒေါ်ပါ…
ဒီမြို့ကိုလာရင်းပျောက်သွားလို့ ကျုပ်တို့က
ရွာကနေလိုက်လာပြီး ရှာကြတာပါ”
ရှင်ညိုစကားကို သုဘရာဇာကြီးကခေါင်းညိတ်လိုက်သည်။
“မြို့ကိုလာပြီးတည်းတာတောင်
သင်္ချိုင်းကုန်းမှာဆိုတော့ ညည်းတို့ကထူးဆန်းတယ်…
ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းကွဲ့…
ညည်းတို့ကဘာတွေလဲ ရှင်ညိုရဲ့”
သုဘရာဇာကြီး၏အမေးကို ရှင်ညိုပြုံးလေသည်။
“သင်္ချိုင်းမှာတည်းတယ်ဆိုတာ…
သရဲတစ္ဆေတွေရဲ့အထက်ကမလို့ပေါ့ဦးကြီးရယ်…”
“ဒါဖြင့် စုန်းမတွေပေါ့”
“ဟင့်အင်း…ကဝေတွေပါဦးကြီး”
“ဟေ…”
“မလန့်ပါနဲ့… ကျုပ်တို့က လူတွေကို ဒုက္ခပေးတဲ့သူတွေမဟုတ်ပါဘူးဦးကြီးရဲ့…ကျုပ်တို့က လူတွေကို
ကူညီတဲ့သူတွေပါ…အခုလည်း ကျုပ်တို့ရဲ့အရီး…
ဒီမြို့ကလူတွေကိုကူညီဖို့လိုက်သွားရင်း ပြန်မလာခဲ့လို့သာ
လိုက်ရှာကြရတာပါ…”
ရှင်ညိုစကားကို သုဘရာဇာကြီးကခေါင်းညိတ်သည်။
“ကျုပ်လည်းထင်ပါတယ်…
ညည်းတို့ရုပ်သွင်ကလည်း မကောင်းတဲ့သူတွေ
မဟုတ်ဘူးဆိုကျုပ်ရိပ်မိပါတယ်…
ဒါနဲ့ ညည်းအရီးနာမည်ကဘယ်လိုခေါ်သလဲ…”
“အရီးနာမည်ကဒေါ်နော်ခမ်းလို့ခေါ်ပါတယ်…”
“နော်ခမ်း ဟုတ်သလား…ဒီနာမည်ကိုကြားဖူးသလိုပဲ…
သြော် မှတ်မိပြီ…တစ်နေ့က အလောင်းလာမြုပ်တဲ့
လူတချို့…ကျုပ်မြေပုံတူးနေတုန်း
အနားမှာစကားရပ်ပြောသွားကြလို့ကြားမိလိုက်တာပဲ…
ဘာတွေပြောသလဲတော့ကျုပ်အမှတ်မရပါဘူး…
နာမည်ကသာ ထူးထူးဆန်းဆန်းဖို့ အမှတ်ရတာကွဲ့”
“ဟင်…ဒါဆို အဲ့သည်လူတွေကို ဦးကြီးသိသလား”
“ကျုပ်တင်မဟုတ်ဘူး…
ဒီတစ်မြို့လုံးသိတယ်ကွဲ့”
“ဘယ်သူတွေများလဲဦးကြီးရယ်…”
“မြို့ကသူဌေးကြီးဦးစံတင်ရဲ့ တပည့်တွေကွဲ့…
သူတို့ရဲ့အိမ်အကူသေဆုံးလို့ သင်္ချိုင်းမှာလာမြုပ်ကြတာ”
“အိမ်အကူကဘာကြောင့်များဆုံးသွားတာလဲဦးကြီး”
“ဒါတော့ ကျုပ်လည်းမစပ်စုမိလိုက်ဘူး…
ကျုပ်လိုချင်တဲ့ငွေကို ဖောဖောသီသီပေးလို့သာ
ကျုပ်မြေကျင်းတူးပေးခဲ့တာ…”
ရှင်ညို ပြုံး၍ခေါင်းညိတ်လိုက်သည်။
ယခုဆို ဒေါ်နော်ခမ်းကိုရှာရမယ့်နေရာအားရှင်ညိိုသိသွားလေပြီ။
သုဘရာဇာကြီးနှင့်စကားခဏထိုင်ပြောပြီးနောက်
ရှင်ညိုဘွားမယ်စိန်ထံသို့ပြန်သွားခဲ့သည်။
ဘွားမယ်စိန်အားဖြစ်ကြောင်းကုန်စင်ပြောပြပြီး…
မောင်တိုး၊မောင်အုန်းတို့ပြန်အလာကိုသာ
စောင့်နေခဲ့ကြတော့၏။
မောင်တိုးနဲအမောင်အုန်းက ညနေနေဝင်ရီခါနီးမှ
ပြန်ရောက်လာခဲ့ကြသည်။
“ဘာသတင်းမှမရခဲ့ပြန်ပါဘူးအဘွားရယ်…”
မောင်တိုးက စိတ်ပျက်လက်ပျက်ဖြင့်ပြောရှာသည်။
ရှင်ညိုက မောင်တိုးတို့ ဝမ်းသာစေရန်
သူသိခဲ့သမျှကို ပြောပြလိုက်၏။
“ဟာ…ဒါဆိုရင် အရီးက အဲ့သည်
သူဌေးဦးစံတင်အိမ်မှာပေါ့…
ကျုပ်တို့တွေ အခုပဲသွားကြရအောင်ဘွား…”
ဟု…မောင်တိုးကဝမ်းသာအားရဖြင့် ထပြောရှာသည်။
“နေပါဦးကွယ်…မလောစမ်းပါနဲ့ဦးမောင်ရင်ရဲ့…
မောင်ရင့်အရီးကအဲ့သည် သူဌေးအိမ်မှာ
သေချာတယ်ဆိုရင် ဘာလို့သူ့သတင်းကစုံစမ်းမရဖြစ်နေရတာလဲ…အဲ့သည်သူဌေးတို့က မောင်ရင်တို့အရီးရဲ့
သတင်းကိုစုံစမ်းမရအောင်လုပ်ထားသလား…
ဒါမှမဟုတ်…မောင်ရင့်အရီးတစ်ခုခုများအခက်တွေ့နေသလားဆိုတာ ဘွားတို့ဘက်ကအရင်စုံစမ်းရဦးမှာ…”
ဘွားမယ်စိန်ပြောတာကိုလည်း မောင်တိုးတို့
လက်ခံကြသည်။
ဒေါ်နော်ခမ်းကိုရှာတွေ့နိုင်ဖို့အတွက် ဘွားမယ်စိန်နဲ့
ရှင်ညိုတို့ ဆက်လက်၍တိုင်ပင်နေခဲ့ကြသည်။

ဘွားမယ်စိန်တို့သည် သူဌေးကြီးဦးစံတင်၏နေအိမ်ရှေ့သို့
ရောက်လာခဲ့ကြ၏။
ခြံဝန်းကျယ်ကြီးအတွင်း၌ တည်ဆောက်ထားသော
သူဌေးကြီးဦးစံတင်၏နေအိမ်ကြီးကို ဘွားမယ်စိန်တို့က
သေချာစိုက်ကြည့်မိကြသည်။
“ဟေ့…ခြံရှေ့ကဘယ်သူတွေလဲ”
ခြံစောင့်ဖြစ်ဟန်တူသူက ဘွားမယ်စိန်တို့ကိုအော်၍မေးသည်။
“မေးနေတာမကြားကြဘူးလားကွ…
ဘယ်သူတွေလဲ”
ခြံစောင့်ကခြံတံခါးကိုဖွင့်၍အပြင်သို့
ထွက်လာခဲ့သည်။
“ကျုပ်တို့က ဒီအိမ်ရဲ့သူဌေးနဲ့တွေ့ချင်လို့
ရောက်လာတာပါ…”
ဟု…ဘွားမယ်စိန်ကပြောတော့ ခြံစောင့်သည်
ဘွားမယ်စိန်တို့ကိုအကဲခတ်၍သူ၏လေသံမာမာကိုလျော့ချကာ…
“အမေကြီးကကျုပ်တို့သူဌေးနဲ့တွေ့ဖို့
ချိန်းထားလို့လား”
ဟု…မေးသည်။
“မချိန်းထားပါဘူးကွယ်…
ဒါပေမယ့် သူ့ရဲ့ခြံဝန်းထဲမှာ မကောင်းတဲ့
အနံ့အသက်တွေကို ရနေလို့ ဘွားတို့က
သူနဲ့တွေ့ကြည့်ချင်တာပါ…”
“ဒါဆို…အမေကြီးတို့က အထက်လမ်းဆရာတွေများလား”
“အဲ့သည်လိုပဲပြောရမှာပေါ့…”
“ဒါဆိုရင်…ခဏစောင့်ကြဗျာ…ကျုပ်သူဌေးကို
သွားပြောပေးပါ့မယ်…”
ခြံစောင့်က အပြေးတပိုင်းဖြင့် ခြံဝန်းထဲသို့
ပြေးဝင်သွားသည်။
ခဏမျှကြာတော့ ခြံစောင့်နဲ့အတူ လူကြီးတစ်ယောက်လိုက်လာခဲ့၏။
ထိုလူကြီးကခြံစောင့်နဲ့မတူ..ကွဲပြားပြီး…
အဝတ်အစားများကိုသားသားနားနားဝတ်ဆင်လို့ထားသည်။
“ဒီကအမေကြီးတို့က ကျုပ်တို့သူဌေးနဲ့
တွေ့ချင်နေကြတယ်ဆို…”
“အေးကွဲ့…ဒီကမောင်ရင်ပြောပြီးလောက်ရောပေါ့”
“ဟုတ်ကဲ့…ကျုပ်ကသူဌေးရဲ့အနီးကပ်လူယုံပါ…
အမေကြီးတို့က ဘာတွေများမြင်ထားကြလို့လဲ…
ကျုပ်တို့သူဌေးနဲ့တွေ့ပေးပြီးရင်တော့
ဒီခြံဝန်းထဲက ကိစ္စတွေကို အမေကြီးတို့ဖြေရှင်းပေးနိုင်မှ
ရလိမ့်မယ်နော်…အဲ့သည်လိုမှမဟုတ်ဘူးဆိုရင်တော့
အခုကတည်းက လာရာလမ်းအတိုင်းပြန်ပေးကြပါဗျာ…”
ဟု…သူဌေး၏လူယုံစကားကြောင့် ဘွားမယ်စိန်သည်
ရှင်ညိုအားကြည့်၏။
ရှင်ညိုက…
“ကျုပ်တို့ဖြေရှင်းပေးနိုင်မပေးနိုင်ဆိုတာက
ကိုယ်တိုင်စစ်ဆေးကြည့်မှသိရမယ့်ကိစ္စပါဦးကြီး…
နောက်ပြီး ကျုပ်တို့ဟာ ဒီလိုကိစ္စမျိုးတွေကို
ဖြေရှင်းပေးတတ်တဲ့လူတွေမလို့…ကျုပ်တို့ဘက်က
ဦးကြီးတို့သူဌေးနဲ့အရင်ဆုံးတွေ့ချင်ပါတယ်”
ဟုပြောလေတော့ သူဌေး၏လူယုံသည် ရှင်ညိုကိုသေချာစွာကြည့်၏။
ပြီးလေတော့မှခေါင်းကိုညိတ်ကာ…
“ကောင်းပြီလေ…သူဌေးနဲ့တွေ့ခွင့်ပြုပါတယ်…
ကျုပ်အနောက်ကနေလိုက်ခဲ့ကြပါ…”
ဘွားမယ်စိန်တို့လေးယောက်သည် ထိုလူ၏အနောက်မှ
အတူလိုက်ပါလာခဲ့ကြ၏။
“ကဲ…ဒီမှာထိုင်ကြပါဦး…ကျုပ်သူဌေးကို
သွားခေါ်ပေးပါ့မယ်…”
အိမ်ကြီးကအတွင်းပိုင်း၌ အတော်လေးပင်
ကျယ်ဝန်းသည်။
ဧည့်ခန်းကြီးမှာပင်ဘွားမယ်စိန်တို့ခြံဝိုင်းတစ်ဝိုင်းမျှအထိ ကျယ်ကျယ်ပြန့်ပြန့်ရှိနေခဲ့သည်။
အတွင်း၌ထားရှိသော ထိုင်ခုံပရိဘောဂများ၌
အနုစိတ်ထွင်းထုထားသော ပန်းချီ…ပန်းပုများမှာလည်း
လှပသေသပ်လွန်းနေ၏။
“ဧည့်သည်တွေအတွက် မုန့်လေးဘာလေးချခိုင်းလေ
ဦးမြသာရဲ့…”
“ဟုတ်ကဲ့ပါသူဌေး”
သူဌေးကြီးရဲ့လူယုံ၏အမည်မှာဦးမြသာဟု…ဘွားမယ်စိန်တို့သိလိုက်ရသည်။
“ကျုပ်ကသူဌေးဦးစံတင်ပါ…
အမေကြီးတို့က ကျုပ်နဲ့တွေ့ချင်ကြတယ်ဆိုတာ
ဘာကိစ္စများလဲဗျ…”
ဟု…သူဌေးဦးစံတင်ကဘွားမယ်စိန်နှင့် မျက်နှာခြင်းဆိုင်
ခုံကြီး၌ဝင်ထိုင်ရင်းမေးလေသည်။
“ဘွားတို့က ဒီမြို့ပေါ်ကမဟုတ်ပါဘူး…
ဘွားတို့နေတာကဒီမြို့နဲ့အလှမ်းဝေးတဲ့
သောင်ထွန်းရွာပါ…
မြို့ကိုလာရင်းနဲ့မောင်ရင့်ခြံရှေ့ကဖြတ်လျှောက်မိတော့
ဒီခြံ…ဒီအိမ်မှာ မကောင်းတဲ့အငွေ့အသက်တွေရှိနေတာကို
ခံစားမိလိုက်တယ်…ဒါကြောင့် မောင်ရင်တို့တွေ
ဘာတွေများအခက်အခဲတွေ့နေကြသလဲဆိုပြီး
လာမေးတာပါ…
အကယ်၍အခက်တွေ့နေကြရတယ်ဆိုရင်လည်း
ဘွားတို့ကူညီဖြေရှင်းပေးချင်လို့ပါကွယ်…”
ဘွားမယ်စိန်စကားကြောင့် သူဌေးဦးစံတင်သည်
သူ၏လူယုံဦးမြသာကိုကြည့်၏။
“ကောင်းပြီလေ…အမေကြီးတို့
ကျုပ်အိမ်မှာအရင်ဆုံးနေကြည့်လိုက်ကြပါ…
နောက်မှကျန်တဲ့ကိစ္စတွေဆက်ပြောကြတာပေါ့…
ကဲ…ဦးမြသာ…အမေကြီးတို့ကိုခင်ဗျား
ပြောသင့်တာကိုပြောထားလိုက်ဗျာ…
အမေကြီးတို့အတွက်လစ်ဟင်းတာမရှိရအောင်လည်း ဂရုစိုက်ပေးလိုက်ပါဦး”
“ဟုတ်ကဲ့သူဌေး”
သူဌေးဦးစံတင်က အိမ်ကြီး၏အပေါ်ထပ်ဆီသို့
ပြန်တက်သွားသည်။
ဘွားမယ်စိန်တို့လေးဦးကိုတော့ အောက်ထက်အခန်းများ၌သာ ဦးမြသာက နေရာစီစဥ်ပေးလေသည်။
နေတာ…စားတာကအစ ဦးမြသာနဲ့အိမ်အကူမိန်းမကြီးများက ဂရုတစိုက်ရှိကြ၏။
“အမယ်လေး…ကျုပ်ဖြင့် ဒီမှာသာနေလိုက်ချင်တော့တယ်ဗျာ…စားချိန်ဆိုရင်လည်း အဆင်သင့်…
ကျွေးတော့လည်းကောင်းပေ့ဆိုတာတွေကြီးပဲ…
ဟဲ…ဟဲ…ဟဲ….”
မောင်တိုးက သဘောကျစွာပြောလေသည်။
“စိတ်ကူးတွေကို ခဏရပ်ထားပါဦး
ကိုကြီးတိုးရယ်…
ကျုပ်ကတော့ ဒီအိမ်ကြီးမှာ မကောင်းတဲ့အငွေ့အသက်တွေကိုရနေတယ်…အခုထိလည်း အရီးရဲ့အရိပ်အယောင်တောင်မတွေ့ရသေးတော့ ကျုပ်တို့ဘက်ကပေါ့ပေါ့နေလို့တော့မဖြစ်သေးဘူး…”
“အေးပါရှင်ညိုရယ်…ငါကစကားအရပြောတာပါဟာ…
နောက်ပြီးဒီအိမ်ကြီးကအတော်လေးကျယ်တယ်ဟ…
အောက်ထပ်တောင်အခန်းတွေနေရာတွေက
အတော်ကျယ်တော့ အပေါ်ထပ်ဆိုပိုဆိုးမှာပေါ့…
ညရောက်ရင်တော့အရီးကိုရှာတွေ့လို့တွေ့ငြား
အောက်ထပ်အခန်းတွေကို ငါတို့စပ်စုကြည့်ပါဦးမယ်…”
“သတိလေးတော့ထားကွဲ့…
ဒီအိမ်ထဲကလူတွေက အတော်လေးနှုတ်ဆိတ်ကြတယ်….
မေးဖို့…စကားပြောဖို့ကိုတောင်
သူတို့ရဲ့ နှုတ်ကမဟပေမယ့်လို့သူတို့မျက်လုံးတွေမှာ စိုးရိမ်တဲ့အရိပ်အယောင်တွေကိုဘွားမြင်ရတယ်…”
ဘွားမယ်စိန်က ရှင်ညိုနဲ့မောင်တိုးတို့ကို သတိဖြင့်
နေကြဖို့ရန်သတိပေးသည်။
ညသို့ရောက်တော့ ဘွားမယ်စိန်နဲ့ရှင်ညိုတို့နှစ်ဦးက
အခန်းတစ်ခန်း…မောင်တိုးနဲ့မောင်အုန်းတို့ကအခန်းတစ်ခန်းဖြင့် လူခွဲ၍အိပ်ကြသည်။
ဘွားမယ်စိန်နဲ့ရှင်ညိုတို့မှာညနက်သည်အထိ
မအိပ်ဖြစ်ကြပေ။တရားထိုင်ပုတီးစိပ်ခြင်းဖြင့်သာ
အချိန်ကိုကုန်ဆုံးနေကြ၏။
“အားးးးးးးးးးးးးးးး”
စူးစူးဝါးဝါးအော်ဟစ်သံကြီးကြောင့် ဘွားမယ်စိန်တို့
မျက်လုံးများပွင့်လာခဲ့သည်။
“အဘွား…ကျုပ်တို့သွားရအောင်”
ရှင်ညိုစကားကိုဘွားမယ််စိန်ခေါင်းညိတ်လိုက်သည်။
အခန်းတံခါးကိုဖွင့်တော့ မောင်တိုးနဲ့မောင်အုန်းတို့ကလည်းအခန်းအပြင်၌ရောက်နေကြပြီဖြစ်သည်။
“အသံကအပေါ်ထပ်ကကြားရတာဘွား”
အပေါ်ထပ်ဆီမှကြားရသောအသံကြောင့်
အပေါ်ထပ်သို့လှေကားမှတဆင့်တက်လာခဲ့ကြသည်။
အခန်းတစ်ခုအရှေ့၌ သူဌေးဦးစံတင်နဲ့ဦးမြသာတို့
လူစုကိုဘွားမယ်စိန်တို့တွေ့လိုက်ရသည်။
“အသံကြားလို့ရောက်လာကြတာထင်တယ်”
သူဌေးဦးစံတင်စကားကို ဘွားမယ်စိန်ခေါင်းညိတ်ပြီး
အခန်းထဲသို့ကြည့်လိုက်၏။
“ဟင်…”
အခန်းထဲရှိကုတင်ပေါ်၌ အမျိုးသမီးတစ်ဦးသည်
လူးလှိမ့်၍အော်ဟစ်နေခဲ့၏။
ထိုအမျိုးသမီး၏နံဘေးတွင်တော့ ဂါထာများအဆက်မပြတ်ရွှတ်နေသည့် ဒေါ်နော်ခမ်းကိုဘွားမယ်စိန်တို့မြင်လိုက်ရ၍ အံ့သြ သွားကြရသည်။
“အရီး”
မောင်တိုးတို့ကဝမ်းသာအားရအော်ခေါ်လိုက်တာကြောင့်
ဒေါ်နော်ခမ်းကြားသွားသည်။
ဒေါ်နော်ခမ်းလည်းဘွားမယ်စိန်တို့ကိုမြင်တော့
အံ့သြသွားဟန်ရ၏။
ကုတင်အထက်ရှိအမျိုးသမီးပြန်လည်ငြိမ်သက်သွားလေတော့မှ ဒေါ်နော်ခမ်းအခန်းအပြင်သို့ထွက်လာခဲ့သည်။
“အမေကြီးတို့က ဘယ်ကနေဘယ်လို
ရောက်နေကြတာလဲ”
ဟု…ဒေါ်နော်ခမ်းကမေးတော့ သူဌေးဦးစံတင်သည်..
“ဆရာမနဲ့အသိတွေလား”
ဟု…ဝင်ကာမေးသည်။
“ဒါကျုပ်ရဲ့ဒုတိယမိခင်ပါ…
ကျန်တဲ့လူတွေကတော့ ကျုပ်ရဲ့တူ…တူမတွေပဲသူဌေး”
“ဟော…ဒါဆို ဆရာမအရင်တစ်ခေါက်က
ကျုပ်ကိုပြောပြခဲ့တဲ့အမေကြီးက ဒီအမေကြီးလားဗျ”
သူဌေးဦးစံတင်၏အမေးကို ဒေါ်နော်ခမ်းခေါင်းညိတ်သည်။
“သမီးရယ်…ညည်းပြန်မလာလို့ မိညှပ်လေးက
ဘွားတို့ဆီငိုကြီးချက်မနဲ့ရောက်လာရှာတာ…
ညည်းရွာကလူတွေလည်း ဒီမြို့မှာညည်းကိုလိုက်ရှာတာ
ဘယ်လိုမှရှာမရကြဘူးတဲ့လေ…
ဘယ်လိုများဖြစ်ရတာလဲသမီးရယ်…”
“ကျုပ်အကြောင်းစုံပြောပြပါ့မယ်အမေကြီး…
အရင်ဆုံးထိုင်ကြတာပေါ့”
ဘွားမယ်စိန်တို့လည်း အပေါ်ထပ်ရှိဧည့်ခန်း၌
ထိုင်လိုက်ကြသည်။
“ကျုပ်ဆီကိုဟောသည်က သူဌေး… သူ့ရဲ့အမျိူးသမီးအတွက်အကူအညီလာတောင်းတယ်အမေကြီး…
ကျုပ်လည်းကူညီပေးဖို့လိုက်လာခဲ့တာပါ…
ဒါပေမယ့်လို့ အခု ကျုပ်ရင်ဆိုင်နေရတဲ့မိစ္ဆာက
အတော်ကိုအင်အားကြီးလွန်းတယ်…
ကျုပ်တစ်ယောက်ထဲရင်ဆိုင်ဖို့ခက်ခဲတယ်ဆိုတာ
ပြောပေမယ့်လို့လည်း သူဌေးအနေနဲ့ကဒီကိစ္စကြီးကိုတခြားလူတွေအသိခံဖို့မလိုလားဖူးဖြစ်နေပြန်တယ်လေ…
ဒါကြောင့်ကျုပ်ဘာသာပဲဖြေရှင်းဖို့
နည်းလမ်းရှာနေမိတာပါ…”
“အင်း…ညည်းကတော့ ညည်းနည်းနဲ့ညည်း
မှန်နေတော့တာပဲ…ဒါနဲ့…ဒီစံအိမ်မှာနေတဲ့
အိမ်အကူမိန်းကလေးတွေ
သေနေကြတယ်ဆို…ဒါကရောဘာကြောင့်လဲအေ့”
“သူတို့တွေက…မိစ္ဆာရဲ့ဝိညာဥ်စုပ်ခြင်းကို
ခံကြရတာပါအမေကြီး…”
“လူတွေသေနေကြတာတောင်…
ကျန်တဲ့လူတွေကဘာကြောင့် ဒီမှာ…
ဆက်နေနေကြတာလဲအေ့”
“ဒါကတော့ကျုပ်ကြောင့်ပါအမေကြီး…
ကျုပ်တို့အကြောင်းကို တခြားသူတွေသိသွားမှာစိုးရိမ်လို့
ဒီစံအိမ်ထဲကနေဘယ့်သူ့ကိုမှထွက်မသွားခိုင်းခဲ့တာပါ…”
“မောင်ရင်ကအတော်အတ္တကြီးတာပဲ…
ကိုယ့်အတွက်ကြောင့် တခြားသူတွေရဲအသက်ကိုတောင်
မငှဲ့ကွက်တတ်ဖူးပဲကွဲ့”
“အမေကြီးပြောရင်တော့ကျုပ်ခံရတော့မှာပဲဗျာ…
ကျုပ်ကတော့ကျုပ်ရဲ့အမျိိုးသမီး
မစန္ဒာကိုအရင်လို အကောင်းတိုင်းလေးဖြစ်စေချင်ယုံပါ…”
“အင်း…”
ဘွားမယ်စိန်သက်ပြင်းချသည်။
ခုံမှထလိုက်ပြီး သူဌေးဦးစံတင်၏အမျိုးသမီးနေသော
အခန်းဆီသို့ဘွားမယ်စိန်နဲ့ရှင်ညိုတို့
အတူတူသွားကြလေသည်။
ဒေါ်နော်ခမ်းတို့ကတော့အနောက်မှလိုက်လာခဲ့ကြ၏။
မစန္ဒာကတော့ကုတင်ပေါ်၌အိပ်မောကျနေရှာသည်။
သူ၏ခန္ဓာကိုယ်မှာပိန်ပါးလှပြီး ပင်ပန်းနွမ်းနှယ်နေပုံရသည်။
“ညည်းတစ်ယောက်ထဲလုပ်နိုင်မယ်လို့ထင်လား…
ဒီခန္ဓာကိုယ်က ဘယ်လောက်ထိဆက်ပြီး
တောင့်ခံနိုင်မှာလဲအေ…”
ဘွားမယ်စိန်ကဒေါ်နော်ခမ်းကိုစိတ်ဆိုးနေသည်။
ဒေါ်နော်ခမ်းခမြာလည်း မိမိအမှားပေမို့
ခေါင်းသာငုံ့နေခဲ့၏။
ဘွားမယ်စိန်သည် မစန္ဒာ၏လက်လေးကို
ဆုပ်ကိုင်လိုက်သည်။
ဘွားမယ်စိန်၏အာရုံ၌ပေါ်လာသော
ပုံသဏ္ဍန်တစ်ခုကြောင့်………
“မောင်ရင်တို့မိသားစုက
ဒီအငြိုးကြီးနေတဲ့မိစ္ဆာနဲ့ဘယ်လိုပတ်သတ်ကြတာလဲ”
“ကျုပ်ရဲ့ဦးကြီးတော်ပါတယ်အမေကြီး”
“ဘယ်လိုကြောင့်သူကမောင်ရင်တို့အပေါ်
အငြိုးကြီးနေရတာလဲ…”
“သူက ဒီစံအိမ်ကြီးရဲ့အပြင်မှာ မီးလောင်သေဆုံးခဲ့ရတာပါအမေကြီး…”
“ဟင်…ဘယ်လိုကြောင့်လဲကွဲ့”
“ကျုပ်ရဲ့ဦးကြီးတော်တဲ့ ဦးမင်းဟန်ဆိုတဲ့လူက
အတော်လေးတဏှာကြီးတဲ့သူပါအမေကြီး…
အိမ်အကူတွေအပေါ်…မတော်မတရားလုပ်တဲ့အပြင်
ကျုပ်ရဲ့အမေကိုပါထိပါးလာတာကြောင့် အဖေနဲ့
ရန်ဖြစ်ခဲ့ကြပါတယ်…ရန်ဖြစ်ကြရင်း ဦးမင်းဟန်ဟာမတော်တဆမီးဖိုထဲကျသွားခဲ့ပါတယ်…
အဖေတို့ကဝိုင်းပြီးကယ်ကြပေမယ့်လို့…
သူကကြောက်လန့်တကြားပြေးလွှားရင်းနဲ့
ခြံအပြင်မှာပဲသေခဲ့ရတာပါ…”
“သြော်…ဒါဖြင့် သူသေရတာမောင်ရင်တို့ကြောင့်ဆိုပြီး
လက်စားချေနေတာပေါ့…”
“ကျုပ်အစ်ကိုကြီးမိသားစုလည်း မကြာသေးခင်က…
မီးလောင်ပြီးသေဆုံးသွားကြပါပြီ…
အခုတော့ကျုပ်တို့မိသားစုအလှည့်လို့ထင်ပါရဲ့ဗျာ…”
“အင်း…သူက မောင်ရင့်ဇနီးကိုနှိပ်စက်ပြီး
မောင်ရင့်ကို ခံစားစေချင်နေတာပဲ…
ပြီးရင်တော့ဖြင့် မောင်ရင်တို့တစ်မိသားစုလုံးကို
သူရန်ရှာသတ်ဖြတ်တော့မှာ…
အခုတောင် ဝိညာဥ်စုပ်ယူခံနေရတဲ့
မိန်းကလေးတွေကြောင့် ဒီကောင်အတော်လေး
အားကောင်းနေပြီကွဲ့…”
ဘွားမယ်စိန်စကားကြောင့် သူဌေးဦးစံတင်ခေါင်းကိုညိတ်၍ သက်ပြင်းချလိုက်သည်။
မစန္ဓာအခန်းအတွင်းမှထွက်လာကြပြီးနောက်
အောက်ထပ်ဧည့်ခန်း၌ ဘွားမယ်စိန်…ရှင်ညိုနဲ့
ဒေါ်နော်ခမ်းတို့တိုင်ပင်ကြရ၏။
“ကျုပ်အခုလုပ်နေတာကသူ့ကို ခဏတာထိန်းချုပ်
ဖို့ပဲရတယ်အမေကြီး…”
“အင်း…ခဏတာထိန်းချုပ်ထားယုံနဲ့မရနိုင်ဘူး…
ဒီမိစ္ဆာကိုရှင်းလင်းပစ်ဖို့လိုအပ်နေပြီ…
မဟုတ်ရင် ဒီစံအိမ်မှာလူတောင်ကျန်တော့မှာမဟုတ်ဘူး”
ဘွားမယ်စိန်တို့လည်း မိစ္ဆာအားရှင်းလင်းနိုင်ဖို့
နည်းလမ်းရှာကြသည်။
နောက်ဆုံး၌ နည်းလမ်းတစ်ခုကိုရသွားကြ၏။
နောက်တစ်နေ့ညသန်းခေါင်အချိန်၌ မစန္ဒာအား
ခြံဝိုင်းထဲသို့ ဦးမြသာက ပွေ့ချီကာခေါ်လာပေးသည်။
မစန္ဒာအား မြေကြီးပေါ်သို့ချလိုက်ပြီး
ဘွားမယ်စိန်သည်သူ၏တောင်ဝှေးဖြင့်စည်းဝိုင်းကြီး
တစ်ခုကို ဝိုင်းလိုက်သည်။
စည်းဝိုင်းကြီးအတွင်း၌ ဘွားမယ်စိန်၊ဒေါ်နော်ခမ်း၊ရှင်ညိုနဲ့
မစန္ဒာတို့သာ ရှိကြသည်။
မောင်တိုးတို့နဲ့ သူဌေးဦးစံတင်တို့သည်က စည်းဝိုင်းကြီး၏အပြင်၌ ရပ်ကြည့်နေခဲ့ကြ၏။
ဘွားမယ်စိန်…ရှင်ညိုနဲ့ဒေါ်နော်ခမ်းတို့သည် မစန္ဒာ၏
ဘေးတစ်ချက်ဆီ၌ တင်ပုလ္လင်ခွေကာထိုင်နေကြသည်။
သူတို့၏အရှေ့၌လည်း ဖယောင်းတိုင်တစ်တိုင်စီအား
မီးထွန်းလို့ထားကြသည်။
ခဏမျှကြာတော့ ဂါထာရွတ်သံများတညီတညွှတ်ထဲ
ထွက်ပေါ်လို့လာခဲ့၏။
မစန္ဒာနဲ့ မိစ္ဆာဆိုး၏ ဝိညာဥ်တို့မှာဆက်သွယ်ထားတာဖြစ်၍ ဂါထာရွှတ်ဆိုသံများကြောင့် မစန္ဒာသည် တအီးအီး…တအားအားဖြင့်နာကျဥ်စွာ အော်ဟစ်တော့သည်။
“အားးးး……”
ခန္ဓာကိုယ်ကိုကွေ့ကောက်ပြီး မစန္ဒာ ထလာခဲ့သည်။
ဒေါသတကြီးဖြင့် ဂါထာများရွတ်နေသည့် ဘွားမယ်စိန်တို့အား ကြည့်၏။
နီရဲသောမျက်လုံးကြီးများနဲ့လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လို့ထားသည်။
“ဖူး…”
မိစ္ဆာကြောင့်ဖယောင်းတိုင်မီးများပင်ငြိမ်းကုန်သည်။
ဖယောင်းတိုင်မီးများငြိမ်းကုန်တာကြောင့်ဘွားမယ်စိန်တို့
ဂါထာဆက်မရွှတ်တော့ဘဲ ထရပ်လိုက်ကြသည်။
“ဟီးးးးဟီးး…ဟီး……ဟီး…..
ဟား…ဟားး…ဟားး…ဟားး……..”
မစန္ဒာ၏ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာသည် တဟားဟားရယ်မောနေခဲ့သည်။
“ပမာမခန့်နဲ့…ဒင်းကိုချုပ်စမ်းဟဲ့…”
“ဒုတ်…”
ဘွားမယ်စိန်သည် တောင်ဝှေးတစ်ချက်မြေပေါ်သို့
ဆောင့်ချလိုက်ပြီး အမိန့်ပေးလိုက်သည်။
“ဟင်းးးး….ဟင်းးးး…တောက်”
မိစ္ဆာ၏လက်များခြေများလှုပ်ရှားမရဖြစ်သွား၍
ဒေါသတကြီးဖြင့် တဟင်းဟင်းအော်ဟစ်နေပြန်သည်။
“နင့်ရဲ့အငြိုးတွေကိုဖျောက်ပြီး…
ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်ထဲကနေထွက်သွား…
အေး…မထွက်သွားရင်တော့ ငါတို့အဆိုးလို့မဆိုလေနဲ့ဟဲ့”
“တောက်…”
ဘွားမယ်စိန်စကားကို မိစ္ဆာကမနာခံလိုရင်တောက်ခေါက်သည်။
“အီးးးးအားးးးး”
ဘွားမယ်စိန်ချုပ်ထားသည်ကို ရုန်း၏။
ပြီးနောက်သူ၏နှုတ်မှလည်း ဂါထာများကိုရွတ်ဆိုလာသည်။
“ဗြုန်း….”
မိစ္ဆာ၏ကိုယ်ပေါ်၌ကြိုးများပျက်သွားသည့်အသံကျယ်
ကြီးထွက်ပေါ် လာခဲ့သည်။
“သမီးတို့…ညည်းတို့ဘက်ကစတိုက်တော့…
ဒင်းက ချုပ်ထားတာတွေကိုဖယ်လိုက်နိုင်ပြီ”
ဘွားမယ်စိန်စကားကြောင့် ရှင်ညိုနဲ့ ဒေါ်နော်ခမ်းတို့
မိစ္ဆာ၏အရှေ့သို့ထွက်လာကြသည်။
နှုတ်မှဂါထာများရွတ်ရင်း မိစ္ဆာ၏ပတ်ပတ်လည်အား
အင်းများရေးထားသည့် စက္ကူများကို ကျဲဖြန့်လိုက်သည်။
“အား…”
အင်းစက္ကူများနင်းမိသော မိစ္ဆာသည် အားခနဲအော်ဟစ်လေသည်။
မိစ္ဆာသည် ရှင်ညိုဆီသို့ ပြေးဝင်သွားကာ ရှင်ညို၏
လည်ပင်းအားသူ၏လက်အစုံဖြင့် ဆွဲညှစ်ထားသည်။
“ဟီးးးဟီးးးဟီးးးးဟီးးး”
ရှင်ညိုရုန်းနေပါသော်လည်း မိစ္ဆာသည် ရှင်ညိုကိုသူ၏လက်မှလွှတ်မပေးပဲ ရှင်ညို၏ဝိညာဥ်အား
စုပ်ယူဖို့ရန်ကြိုးစားခဲ့နေ၏။
ထိုစဥ် ရှင်ညို၏မျက်လုံးများနီကာရဲလာပြီး
မိစ္ဆာ၏လက်အား သူ၏လက်များဖြင့်ဆုပ်ကိုင်လိုက်သည်။
“အားး…ပူတယ်…ပူတယ်….အား”
မိစ္ဆာသည် ပူလောင်သောခံစားမှုကြောင့် ရှင်ညိုကို
သူ၏လက်မှလွှတ်ချလိုက်သည်။
ထိုစဥ် ဒေါ်နော်ခမ်းသည် သူ၏ ကြာပွတ်ရှည်အား
မိစ္ဆာထံသို့ပစ်၍ မိစ္ဆာ၏ခန္ဓာကိုယ်အားချုပ်၍ထားလိုက်သည်။
ဘွားမယ်စိန်ကလည်းသူ၏တောင်ဝှေးကိုမြှောက်၍
မိစ္ဆာထံသို့တောင်ဝှေးမှထွက်လာသည့် စက်တန်းအဖြူကြီးဖြင့် ပစ်ခွင်းလိုက်လေသည်။
“အားးးးးး….အားးးးးးးးးးးးး”
“ဝုန်း…..”
“ဘုန်း”
မိစ္ဆာ၏ဝိညာဥ်သည် မစန္ဒာ၏ခန္ဓာကိုယ်ထဲမှ
ထွက်သွားခဲ့၏။
မိစ္ဆာ၏ဝိညာဥ်မှာတော့ စက်တန်းထိမှန်၍
မီးများတောက်လောင်ကာ တစတစပြာအဖြစ်သို့ပျောက်ကွယ်သွားခဲ့တော့သည်။
ဒေါ်နော်ခမ်းကတော့ မြေပေါ်၌ကျနေသော သူ၏ကြာပွတ်ကို ပြန်သိမ်းယူလိုက်ပြီး မစန္ဒာကိုသွားကြည့်၏။
“သူ့ကိုအိမ်ထဲခေါ်သွားလို့ရပြီသူဌေး…”
သူဌေးဦးစံတင်မှာဝမ်းသာနေရှာသည်။
ဘွားမယ်စိန်တို့သုံးယောက်က မိစ္ဆာအားရှင်းလင်းပေးနိုင်လိုက်ပြီဆိုတာသူဌေးဦးစံတင်ကိုယ်တိုင်ပင်
မျက်မြင်တွေ့လိုက်ရသည်။
ဦးမြသာက မစန္ဒာအား သူ၏အခန်းထဲသို့
ပြန်သွားပို့ပေးရှာသည်။
ဧည့်ခန်းထဲမှာတော့ ဘွားမယ်စိန်တို့နဲ့သူဌေးဦးစံတင်ထိုင်နေခဲ့ကြသည်။
“ဒီလောက် အငြိုးကြီးတဲ့မိစ္ဆာကောင်ကို
ရှင်းပေးခဲ့တဲ့အတွက် အမေကြီးတို့ကို ကျုပ်ကျေးဇူးတင်ပါတယ်…ဘယ်လိုကျေးဇူးဆပ်ရမယ်ကို
မသိတော့ပါဘူးဗျာ…”
သူဌေးဦးစံတင်ကကျေးဇူးတင်စကားပြောနေရှာသည်။
ခဏမျှကြာတော့ဘွားမယ်စိန်တို့လည်း မိမိတို့အခန်းများသို့ ပြန်ကာနားကြရသည်။
မိစ္ဆာ ကြောင့်အားအင်များကုန်ဆုံးထားကြရသည်ဖြစ်၍
အနားယူကြရရှာသည်။
နှစ်ရက်မြှောက်နေ့၌ မစန္ဒာသည်.ထူထူထောင်ထောင်ပြန်ဖြစ်လာသည်။
ရောဂါကြောင့် မဟုတ်ဘဲ မိစ္ဆာ၏ဒဏ်ကြောင့်
မစန္ဒာ အားအင်ကုန်ဆုံးနေခဲ့ခြင်းဖြစ်သည်။
ယခုတော့ မစန္ဒာလည်း မူလအတိုင်းပြန်လည်ကျန်းမာလာခဲ့ရှာသည်။
“မိစ္ဆာကိုလည်းရှင်းပေးပြီးပြီဆိုတော့
ဘွားတို့ပြန်ကြမယ်ကွယ်…နော်ခမ်း…ညည်းကနေရစ်ခဲ့ဦးမှာလား”
ဘွားမယ်စိန်သည် ဒေါ်နော်ခမ်းကိုစိတ်ဆိုးနေတုန်းဖြစ်၏။
အားလုံးကိုအဆက်အသွယ်မလုပ်ဘဲတစ်ဦးထဲ
မိစ္ဆာအားရင်ဆိုင်ဖို့လုပ်ခဲ့၍ ဒေါ်နော်ခမ်းကို စိတ်ဆိုးနေခြင်းဖြစ်သည်။
“ကျုပ်ပြန်လိုက်ခဲ့ပါ့မယ်အမေကြီး…
မိညှပ်ကလည်းအမေကြီးတို့ဆီမှာရောက်နေတာမဟုတ်လား”
“အေး…အေး…မောင်ရင်တို့ကတော့
သုဘရာဇာကြီးဆီမှာအပ်ထားတဲ့နွားလှည်းကို
ပြန်ယူကြပေါ့…”
ဘွားမယ်စိန်က မောင်တိုးတို့ကို သင်္ချိုင်း၌ထားခဲ့သော
လှည်းနဲ့နွားများအားပြန်ယူစေသည်။
ထိုအခါ သူဌေးဦးစံတင်က သုဘရာဇာကြီးကိုပေးဖို့ရန်
ငွေစက္ကူအချို့ထည့်ပေးလိုက်သေး၏။
နွားလှည်းပြန်ယူလာပြီးနောက်…ဘွားမယ်စိန်တို့လည်း
သူဌေးဦးစံတင်တို့လင်မယားကိုနှုတ်ဆက်ပြီး
သောင်ထွန်းရွာသို့ပြန်လာခဲ့ကြသည်။
သူဌေးဦးစံတင်ကြောင့် မောင်တိုးမောင်အုန်းနဲ့နန်းကြိုင်တို့မှာ အဝတ်အစားအသစ်များပါလာခဲ့ကြ၏။
ဒေါ်နော်ခမ်းကတော့ ဘွားမယ်စိန်၏စိတ်ကိုသိ၍
သူဌေးဦးစံတင်ပေးသော ငွေများကိုငြင်းပယ်ခဲ့ရှာသည်။
“အရီးကိုမြင်ရင် မိညှပ်အရမ်းဝမ်းသာရှာမှာ…
သူ့ခမျာကျုပ်တို့ဆီကိုငိုကြီးချက်မနဲ့ရောက်လာရှာတာ
အရီးရဲ့”
စကားသံများတိတ်ဆိတ်နေသောလှည်းအထက်၌
ရှင်ညိုက စတင်ကာပြောလိုက်လေသည်။
“အင်း…သူ့ခမျာလည်းအရီးကိုသံယောဇဥ်ကြီးလွန်းပါတယ်ရှင်ညိုရယ်”
“အိုအေ…သံယောဇဥ်ဆိုတာထက် ညည်းတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေကြတာပါ…
ညည်းကတော့ နေနိုင်တာပေါ့အေ…”
“အမေကြီးရယ်…အမေကြီးကျုပ်ကိုစိတ်ဆိုးနေတာကျုပ်သိပါတယ်…စိတ်ချပါ ကျုပ်နောက်တစ်ခါဒါမျိုးထပ်
မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ်တော်…”
“အေးလေ…ညည်းကတိပေးတယ်ဆိုတော့လည်း
ကြည့်ရသေးတာပေါ့”
ဒေါ်နော်ခမ်းက ကတိပေးလာ၍
ဘွားမယ်စိန်ဆက်၍ပင်စိတ်မဆိုးနိုင်ရှာပေ။
လှည်းအထက်၌လည်း ယခင်ကဲ့သို့ မောင်တိုးတို့၏
စကားပြောသံများဆူညံစွာထွက်လာခဲ့တော့သည်။
မိစ္ဆာဆိုးကိုရှင်းလင်းပေးနိုင်ခဲ့၍လည်း
ဘွားမယ်စိန်တို့၏သောင်ထွန်းရွာအပြန်ခရီးသည် ရယ်မောသံများဖြင့် ဆူညံလာခဲ့တော့၏။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)