ဘိုဂမ်ဘရာကြိုးတိုက်မှ ဂန္ထဝင်တစ္ဆေကြီးများ
#လွင်ဦးဟန်
အပိုင်း ( ၁ )
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာမှာရှိတဲ့ ဘိုဂမ်ဘရာထောင်ကြီးက ဝယ်လီကဒါထောင်ကြီး ပြီးရင် လုံခြုံရေးအလွန်တင်းကြပ်တဲ့ဒုတိယမြောက်အကြီးဆုံးထောင်ကြီးပါ။ ၁၈၇၆ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့ပြီး ဇန္နဝါရီတစ်ရက်နေ့ ၂၀၁၄ မှာပိတ်သိမ်းခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီတို့ သိရိလင်္ကာနိုင်ငံ ကိုသိမ်းပိုက်စဉ်ကာလက ဗြိတိသျှအစိုးရကို တော်လှန်ပုန်ကန်သူမှန်သမျှသာမက လူသတ်မှုပါမ ကျန်ကြိုး မိန့်ပေးလေ့ရှိခဲ့တယ်။ ကြိုးမိန့်ဆိုတာ မသေမချင်းကြိုးပေးသတ်ဖို့နဲ့ သာမန် ကြိုးမိန့်တွေ ပါ။ မသေမချင်းကြိုးကွင်းစွပ်သတ်မိန့်ကျခံရသူတွေကတော့ လွတ်လမ်းမရှိပေမယ့် သာမန် ကြိုး မိန့်ကျသူတွေကတော့ ကြိုးပေးစီရင်လို့မသေခဲ့ရင် သေဒဏ်ကင်းလွတ်ခွင့်ရနိုင်ပါတယ်။ ကြိုးပေးစီ ရင်ခံရပေမယ့် ကံကောင်းထောက်မစွာမသေခဲ့တဲ့သူတွေလည်းရှိခဲ့တယ်။
ဘိုဂမ်ဘရာအကျဉ်းထောင်ရဲ့စည်းမျဉ်းအရ ကြိုးပေးစီရင်ခံရမယ့်အကျဉ်းသားကို ကြိုးမပေး ခင်တစ်ပတ်အလိုကတည်းက ကျန်းမာရေးကောင်း၊ မကောင်းဆေးစစ်တယ်။ အကျဉ်းသားရဲ့ခန္တာ ကိုယ်အလေးချိန်၊ အရပ်အမြင့်ကိုတိုင်းတာပြီး ကြိုးကွင်းကိုအသေအချာပြင်ဆင်ထားတယ်။ ကြိုး မိန့်ကျခံရတဲ့အကျဉ်းသားကိုကြိုးပေးပြီးတာနဲ့ အဲဒီကြိုးကို နောက်ထပ်ကြိုးမိန့်ကျအကျဉ်းသားအ တွက်သုံးခွင့်မပြုပါ။
ကြိုးမိန့်ပေးမယ့် တစ်ရက်အလိုမှာ စားလိုတဲ့အစားအသောက်ကိုမေးမြန်းပြီး ဈေးကြီးတဲ့အ စားအစာ၊ ရှားပါးတဲ့အစားအစာဖြစ်စေမှာယူပေးတယ်။ နောက်ဆုံးအနေနဲ့တွေ့ဆုံနှုတ်ဆက်ဖို့ မိဘ နဲ့ဇနီးမယားကလွဲပြီး ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးမိတ်သင်္ဂဟနဲ့သားသမီးတွေ့ခွင့်မရတော့ပါ။ မိဘ သေဆုံးသွားခဲ့ရင် ညီအစ်ကိုမောင်နှမ၊ ဇနီးမယားသေဆုံးသွားခဲ့ရင် သားသမီးတွေကိုတွေ့ဆုံခွင့် ပေးပါတယ်။
ကြိုးပေးကွက်မျက်ပြီးတဲ့အခါ အလောင်းကိုအကျဉ်းထောင်ကပဲသင်္ဂြိုလ်ပေးရမလား၊ မိ သားစုကိုယ်တိုင် အကျဉ်းထောင်ကထုတ်ယူပြီး သင်္ဂြိုလ်မလားဆိုတာလည်း မေးမြန်းပါတယ်။ မိ သားစုကအလောင်းပြန်ယူပြီး သင်္ဂြိုလ်မယ်ဆိုရင် အကျဉ်းထောင်နောက်ဖက်တံခါးကနေ အ လောင်းထုတ်ပေးတယ်။ အဲဒီနေရာကို အင်္ဂလိပ်လို The way to heaven, သီရိလင်္ကာဘာသာစ ကားနဲ့ ဆဝါးဂါးမာဂရာလို့အမည် ပေးထားတယ်။ မြန်မာလိုဆို နိဗ္ဗာန်လမ်းပေါ့။
ကြိုးပေးချိန်ကို မနက်ငါးနာရီသတ်မှတ်ထားပြီး ကြိုးပေးရမယ့် အကျဉ်းသားကို ကိုးကွယ်ရာ ဘာသာအလိုက်ဆုတောင်းခွင့်ပြုတယ်။ အဲဒီအချိန်မှာတော့ သောက်ရေကလွဲပြီး အစားအစာမ ကျွေးတော့ပါ။ ကြိုးပေးမယ့်အချိန်မှာ ထောင်ပိုင်၊ ထောင်ဆရာဝန်၊ ရှေ့နေ၊ ပြည်နယ်ရဲမှုးတို့က အ သင့်စောင့်ကြိုနေရာယူထားကြတယ်။
ကြိုးမိန့်ကျခံရတဲ့အကျဉ်းသားတွေကို ဘိုဂမ်ဘရာထောင်ကြီးရဲ့ ကြိုးတိုက်နားက အဆောင် မှာထားပြီး ကောင်းကောင်းမွန်မွန်ကျွေးမွေးစောင့်ရှောက်ထားတယ်။ ဆေးလည်းကုသပေးတယ်။
အလုံပိတ်ထားတဲ့ ဆယ်ပေပတ်လည်လောက် ပဲရှိတဲ့အခန်းထဲမှာ ကြိုးမိန့်ကျခံရတဲ့အကျဉ်း သားတွေကို တစ်ယောက်ပဲထားတယ်။ ထူထဲတဲ့သံတံခါးကြီးအောက်ခြေမှာ အစားအသောက်ပေး ဖို့နဲ့ အညစ်အကြေးတွေထုတ်ဖို့ သံတံခါးပေါက်လေးသာရှိတယ်။ အခန်းထဲမှာတော့ သစ်သားခုတင် တစ်လုံးနဲ့အိပ်ရာ၊ အိမ်သာသွားဖို့ ဒန်ဖလား၊ ရေသုံးဖို့ ရေတကောင်းတစ်ခုထားပေးတယ်။
ကြိုးမိန့်ကျခံနေရတဲ့အကျဉ်းသားတွေဟာ ဘယ်သူမှ အစားအသောက်မစားနိုင်၊ မအိပ်နိုင် ကြဘဲ သေရမယ့်နေ့ကိုစောင့်မျှော်ရင်း စိုးထိတ်နေကြရတယ်။ ဘိုဂမ်ဘရာထောင်ကြီးမှာ ကြိုးပေး ခံခဲ့ရတဲ့သူတွေရာနဲ့ချီရှိခဲ့သလို မကျွတ်မလွတ်ကြတဲ့ဝိညာဉ်တွေလည်းအများကြီးရှိနေတယ်။ အဲဒီ ဝိညာဉ်အားလုံးက ကြိုးမိန့်ပေးခံခဲ့ရတဲ့အကျဉ်းသားတွေရဲ့ဝိညာဉ်တွေပါပဲ။ ကြိုးပေးစီရင်ခဲ့တဲ့ အကျဉ်းသားစုစုပေါင်း ငါးရာ့နှစ်ဆယ့်လေး ၅၂၄ ယောက်ရှိခဲ့တယ်။
သာမန်အကျဉ်းသားတွေထားတဲ့ အကျဉ်းတိုက်တွေနဲ့ခွဲပြီး ကြိုးတိုက်ကိုထောင်ကြီးရဲ့ အစွန် မှာထားပေမယ့် ထောင်ဝန်ထမ်းတွေရဲ့အဆောင်တွေနဲ့နီးပါတယ်။ အခြားအကျဉ်းဆောင်တွေက အေးအေးဆေးဆေးဖြစ်ပေမယ့် ကြိုးတိုက်ကတော့ ညရှစ်နာရီလောက်ဆို အော်သံတွေကြားရပါ ပြီ။ ရုန်းကန်အော်ဟစ်သံတွေ၊ ထိတ်လန့်စရာ၊ ကြောက်စရာကောင်းတဲ့အသံတွေက နှစ်ကြီးအ ကျဉ်းသားတွေနဲ့ထောင်ဝန်ထမ်းတွေအဖို့ ရိုးအီနေလို့ဘာမှမထူးဆန်းပေမယ့် အကျဉ်းသားအသစ် တွေ အတွက်တော့ အိပ်မရလောက်အောင် ဆိုးဝါးလွန်းတယ်။ တချို့အကျဉ်းသားသစ်တွေဆို ကြောက်လွန်းလို့ ဘိုဂမ်ဘရာထောင်ကြီးကိုနောက်တစ်ခေါက်ပြန်မရောက်ချင်တော့တဲ့အထိပါပဲ။ ဘိုဂမ်ဘ ရာထောင်ကြီးက သေမိန့်ကျအကျဉ်းသားတွေနဲ့ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ခဲ့ကြတဲ့ အကျဉ်းသားတွေကိုသာထားတာဆိုတော့လည်း အမြန်လွတ်မြောက်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ထောင်အုတ်တံတိုင်းက လူသုံးရပ်လောက်သာရှိပေမယ့် တံတိုင်းကိုကျော်ပြီးလည်းမပြေးရဲကြပါ။ လေးဖက်လေးတန်မှာရှိနေတဲ့ ကင်းတွေက အချိန်ပြည့်စောင့်ကြည့်နေပြီး အုတ်တံတိုင်းအနား ကပ်တာနဲ့ အသေပစ်သတ်မိန့်ပေးထားတာကြောင့် အုတ်တံတိုင်းနားကိုမသီရဲကြပါ။
ဘိုဂမ်ဘရာထောင်ကြီးမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထောင်ဝန်ထမ်းတစ်ယောက်ရှိခဲ့ တယ်။ သူ့နာမည်က ဒါဟမ်းမ်။ ဒါဟမ်းမ်က အကျဉ်းထောင်ဝန်ထမ်းဆိုပေမယ့် အစိုးရက တရား ဝင်ရာထူးနဲ့ခန့်ထားတဲ့သူမဟုတ်ပါ။ ဒါဟမ်းမ်ကို ကိုလံဘိုမြို့ကနေ ၅၉မိုင်သာဝေးတဲ့ ရက်နာ့ပူရ မြို့ငယ်လေးမှာမွေးဖွားခဲ့တယ်။ ဒါဟမ်းမ်က အလွန်ဆိုးသွမ်းလွန်းလို့ မိဘဆွေမျိုးတွေကစွန့်ပစ် ထားကြတယ်။ ကျွေးမယ့်သူမရှိတော့ ခိုးဆိုးလုယက်ရာက လူမိုက်တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။
အရပ်က ငါးပေ လေးလက်မ။ ခန္တာကိုယ်က တုတ်ခိုင်ပြီး နှုတ်ခမ်းထူနေတာကြောင့် အာဖ ရိကန်လူမျိုးနဲ့တူနေတယ်။ အသက်အရွယ်ငယ်ပေမယ့် ခန္တာကိုယ်တုတ်ခိုင်လွန်းတယ်။ အပြော အဆိုညက်တယ်။ ပေါင်းတတ်သင်းတတ်တယ်။ စိတ်ဓာတ် ကတော့ ယုတ်ညံ့ပါတယ်။
လမ်းတကာ့လမ်း၊ ရပ်ကွက်တကာ့ရပ်ကွက်မှာ ဖျံကျ၊ ဗိုလ်ကျပြီး မိုက်ကြေးခွဲနေတဲ့ဒါဟမ်းမ် ဟာ တစ်ရက်မှာတော့ သူ့လိုလူမျိုးဗီဂျေးနဲ့နယ်မြေလုရာက လူသတ်မှုဖြစ်သွားခဲ့တော့တယ်။ ဗီ ဂျေးတို့အဖွဲ့က လူအင်အားတောင့်တင်းတဲ့အပြင် တမီလ်ကျားသူပုန်တွေနဲ့ပါအဆက်အသွယ်ရှိကြ တော့ ဒါဟမ်းမ်ကို တွေ့ရာသင်္ချိုင်းဓားမဆိုင်းရယ်လို့ ကြေငြာခဲ့ကြတယ်။ ဒါဟမ်းမ်ကိုချုပ်နှောင် ထားတဲ့ အိမ်နီကြီးလို့အမည်ပေးထားတဲ့ ရက်နာ့ပူရရဲစခန်းအပြင်ဘက်မှာ ဗီဂျေးရဲ့အဖွဲ့တွေ စုရုံးပြီး ဒါဟမ်းမ်ကို ထုတ်ပေးဖို့ဆူပူအုံကြွတဲ့အခါ ပြည်နယ်ရဲမှုးရဲ့အမိန့်နဲ့ လုံခြုံရေးတင်းကြပ်တဲ့ ဘိုဂမ် ဘရာအကျဉ်းထောင်ထဲမှာ ခဏထိန်းသိမ်းလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဒါဟမ်းမ်က အသက်နှစ် ဆယ့်တစ်နှစ်ရှိပါပြီ။ ဒါဟမ်းမ်ကံကောင်းတာက ဗီဂျေးကိုသတ်လိုက်တဲ့ဓားက ဗီဂျေးရဲ့ဓားဖြစ်နေ လို့ ထောင်ဆယ့်ငါးနှစ်ပဲကျခံရပါတယ်။ အကယ်၍သာ ဓားနဲ့တစ်ချက်ပဲထိုးသတ်ခဲ့ရင် ထောင်ခုနစ် နှစ်ပဲကျမှာဖြစ်ပေမယ့် သုံးချက်ဆင့်ထိုးခဲ့တာကြောင့် သေစေလိုတဲ့ဆန္ဒလို့တရားရုံးကသတ်မှတ် ပြီး ထောင်ဒဏ်ဆယ့်ငါးနှစ်ချမှတ်လိုက်တယ်။
လမ်းတကာ၊ ရပ်ကွက်တကာကျင်လည်ခဲ့ပြီး ခိုးဆိုးမိုက်နေတဲ့ဒါဟမ်းမ်ဟာ ဘိုဂမ်ဘရာ အ ကျဉ်းထောင်ကြီးထဲမှာ မိုက်ကြေးခွဲနေတဲ့ နှစ်ငါးဆယ်အကျဉ်းသား တမီလ်လူမျိုး ကာလီနဲ့ငြိကြပါ တော့တယ်။ ဖြစ်ချင်တော့ ဒါဟမ်းမ်သတ်လိုက်တဲ့ ဗီဂျေးဟာ ကာလီရဲ့တူအရင်းခေါက်ခေါက်ဖြစ် နေပါတယ်။
ကာလီက အရပ်ရှည်တယ်။ မျက်နှာရှည်တယ်။ မျက်လုံးနည်းနည်းပြူးတယ်။ ခန္တာကိုယ် တောင့်တင်းပြီး လက်သွက်တယ်။ သတ္တိကောင်းသလို ပြောရဲဆိုရဲလည်းရှိတယ်။ အသက်ငါးဆယ် ကျော်ရှိပေမယ့် တုတ်ခိုင်သန်မာလွန်းတဲ့အပြင် သူ့နောက်မှာ နှစ်ကြီးအကျဉ်းသားတပည့်တပန်း တွေပါရှိနေတော့ ရှင်းဖို့မလွယ်ကူပါ။ ဒါဟမ်းမ်က တော်ရုံ အလျှော့ပေးတတ်တဲ့သူမဟုတ်လေ တော့ ကာလီ့ကိုသတ်ဖို့ အခွင့်အရေးနဲ့အလစ်အငိုက် ခြောင်းနေခဲ့တယ်။
ကာလီကလည်း ထောင်ထဲမှာပဲသေရတော့မယ်ဆိုတော့ သေမထူးနေမထူးတဲ့သူ။ ကာလီရဲ့ ‘ ဇ ‘ ကလည်းကြောက်စရာကောင်းတယ်။ ကာလီရဲ့ဇာတိချက်ကြွေမွေးရပ်မြေက သီရိလင်္ကာ မြောက်ပိုင်း ပါရန်တန်မြို့လေးပါ။ ကာလီကလည်း မိုက်တဲ့နေရာမှာကမ်းကုန်အောင်မိုက်တဲ့သူ။ ကြိုးမိန့်ချခံထားရပေမယ့် ဘိုဂမ်ဘရာအကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေကို ဟိတ်ဆိုဟိတ်၊ တိတ်ဆိုတိတ်တဲ့အထိ အစွမ်းအစထက်လွန်းလို့ မသေမချင်းကြိုးကွင်းစွပ်သတ်စေကြိုးမိန့်ကို လျှော့ချပြီး ထောင်ဒဏ်အနှစ်ငါးဆယ်ချမှတ်ခဲ့တယ်။ ကာလီက လူသတ်ပြီးရင် အသတ်ခံရတဲ့သူရဲ့ မျက်လုံးကိုဖောက်ထုတ်ပြီး ပါးစပ်ထဲကိုထည့်ပေးလိုက်တယ်။ တကယ်တော့ ကာလီဟာ ဆင်းရဲ မွဲတေတဲ့သူတစ်ယောက်မဟုတ်ပါ။ မိဘဆွေမျိုးတွေက ကမ္ဘာကျော် ဆယ်လွန်တီး လက်ဖက်စိုက် ခင်းတွေပိုင်ဆိုင်တဲ့သူတွေ။ မိဘတွေချမ်းသာတော့ ကာလီက မိဘပိုင်ဆိုင်သမျှသုံးဖြုန်းပြီး ကမ်း ကုန်အောင်မိုက်နေတော့တယ်။ ကာလီပေါင်းသင်းတဲ့သူတွေကလည်း ဆင်းရဲတဲ့သူတွေမဟုတ်ပါ။ အိန္ဒိယပြည်တောင်ပိုင်း တမီလ်နားဒူးပြည်နယ်က လူချမ်းသာတွေရဲ့သားသမီးတွေပါပဲ။ ကာလီရဲ့ မိတ်ဆွေရင်းက နံ့သာဖြူဗုဒ္ဓရုပ်ပွားတော်၊ နံ့သာဖြူဟိန္ဒူနတ်ဘုရားရုပ်ပွားတော်တွေထုလုပ်တဲ့ “ Shan” ပန်းပုဆိုင်ပိုင်ရှင်ရဲ့သား ပရာဂျစ်သ်။ မိတ်ဆွေရင်းဆိုတာထက် လိင်တူချစ်သူလို့ပြောရ ပါလိမ့်မယ်။ ထောင်အချုပ်မှာကာလီအမှုရင်ဆိုင်နေရစဉ်အချိန် ပရာဂျစ်သ်က ကာလီလိုအပ်သမျှ ငွေကုန်ကြေးကျခံပြီး ထောင်ထဲအရောက်ပို့ပေးတယ်။ ကာလီ့ကို သေဒဏ်အမိန့်ချတဲ့တရားသူ ကြီးကို လမ်းကနေစောင့်ပြီးသေနတ်နဲ့ပစ်သတ်ပြီးတဲ့နောက် ပရာဂျစ်သ်လည်း တမီလ်နားဒူးကို ပြန်ပြေးသွားတယ်။ ကာလီ ကြိုးမိန့်ကနေ ထောင်ဒဏ်နှစ်ငါးဆယ်အထိလျှော့ချခံခဲ့ရတာ ပရာဂျစ် သ်ရဲ့ အားထုတ်မှုလည်းပါပါတယ်။
အမှုရင်ဆိုင်နေရချိန်အတောအတွင်းနာမည်ကျော်ဘိုဂမ်ဘရာထောင်ကိုပို့လိုက်တော့လည်း ကြောက်လန့်ခြင်းမရှိဘဲ ပျော်ပျော်ပါပဲ။ ထောင်ကိုစရောက်လာတဲ့နေ့မှာပဲ ကာလီလက်စွမ်းပြပါ ပြီ။ ထောင်ကကျွေးမွေးတာက ပဲဟင်းနဲ့အသီးအရွက်ကြော်ဆိုတော့ ကာလီမစားနိုင်ပါ။ မစားနိုင် တော့ ဒန်ဇလုံကိုမှောက်ပစ်ရာက နှစ်ကြီးကျနေတဲ့ အနုရဒါးက ကာလီ့ဆီပြေးလာပြီး လက်သီးနဲ့ ထိုးပါတော့တယ်။ လက်မြန် ခြေမြန်ပြီး ဇ မသေးတဲ့ ကာလီက အနုရဒါးကိုတန်ပြန်တိုက်ခိုက်ဖို့ ပြင် ပေမယ့် အနုရဒါးရဲ့နောက်မှာပါလာတဲ့ တပည့်တပန်းအယောက်နှစ်ဆယ်ကျော်ကြောင့် ကိုယ်ရှိန် သတ်ပြီး အစွယ်ပြန်သိမ်းလိုက်ရတော့တယ်။ အနုရဒါးရဲ့တပည့်တပန်းတွေထဲမှာ နာမည်ကျော် လက်မရွံ့လူဆိုးလူမိုက်နှစ်ကြီးသမားတွေရှိနေကြပေမယ့် ကာလီကတော့ နည်းနည်းမှမမှုပါ။
အနုရဒါးက အသားအလွန်မည်းတယ်။ လည်ပင်းက သာမန်လူတွေထက်ပိုပြီးတုတ်ခိုင် တယ်။ အရပ်က ငါးပေငါးပဲရှိပေမယ့် တုတ်ခိုင်တဲ့ခန္တာကိုယ်၊ ကြောက်စရာကောင်းတဲ့မျက်နှာနဲ့ ထစ်ခနဲဆို သေလုမြောပါးဖြစ်တဲ့အထိ ရိုက်နှက်တတ်လို့ တပည့်တပန်းတွေသာမက အကျဉ်းသား အားလုံးကြောက်ရတယ်။ ညာဖက်မျက်လုံးတစ်လုံးမရှိတော့ပေမယ့် ကျန်တဲ့မျက်လုံးတစ်ဖက်က သိန်းငှက်မျက်လုံးလိုလျင်တယ်။ အနုရဒါးလည်း လက်မြန်ခြေမြန်ရှိပေမယ့် အကျဉ်းသားတွေနဲ့ ပတ်သက်လာရင် ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးတယ်။
တစ်ရက်မှာတော့ ကာလီနဲ့အနုရဒါးတို့တွေ့ကြပါပြီ။
မနက်ဆယ်နာရီမှာ ကိုယ်လက်လှုပ်ရှားဖို့ အချုပ်ခန်းတွေဖွင့်ပေးတဲ့အချိန်မှာ အကျဉ်း ထောင်နောက်ဖက်က ရေလှောင်အုတ်ကန်နားမှာ ခြေဆေးနေတဲ့ အနုရဒါးဆီ ကာလီရောက်လာပါ တယ်။
“အနုရဒါး………………..”
ကာလီခေါ်ပေမယ့် အနုရဒါးက လှည့်တောင်မကြည့်ပါ။
“အ ….နု ….ရ……ဒါး…………”
မျက်နှာသစ်လိုက် ခြေဆေးလိုက်လုပ်နေတဲ့အနုရဒါးကို ကာလီကြည့်မရတော့ပါ။
“အနုရဒါး…………။ ငါခေါ်နေတာ မကြားဘူးလား။ နားကန်းနေသလား အနုရဒါး”
ဒီတစ်ခါတော့ အနုရဒါးက ကာလီကိုလှည့်ကြည့်ပါတယ်။ လှည့်ကြည့်တဲ့ပုံက အံ့ဩတဲ့ပုံ လည်းမပေါ်၊ ကြောက်လန့်တဲ့ဟန်လည်းမရှိ၊ စိုးစဉ်းမျှကြောက်ရွံ့တဲ့ဟန်လည်းမရှိဘဲ အဖြူရောင် ဒိုတီကို ဒူးပေါ်ရုံမပြီး ပါးလုပ်ကျင်းထားတဲ့ရေကို အသံမြည်အောင်ထွေးထုတ်လိုက်တယ်။
“ဖွီး………….”
“အနုရဒါး…..ငါ့ကိုကြည့်စမ်းပါဦး…..”
“ကာလီ………..မင်းက ဟိန္ဒူဘာသာကိုးကွယ်တဲ့ တမီလ်လူမျိုးနော်”
“ဟုတ်တယ်….ဘာဖြစ်လို့လဲ…..”
“အသက်ကြီးတဲ့သူတွေကိုရိုသေလေးစားရတယ် ကာလီ။ ဒီကို မင်းထက်အရင်ရောက်တာ။ ငါက သေမထူးနေမထူးကွကာလီရ။ ငါ့ရှေ့မှာသေသွားတဲ့သူတွေလည်းအများကြီး။ ဒီထောင်ထဲကို ရောက်ပြီးရင် လွတ်မယ်ထင်သလား ကာလီ”
“ခင်ဗျားနဲ့စကားအများကြီးပြောဖို့ ရောက်လာတာမဟုတ်ဘူး အနုရဒါး”
“မင်းက ဘာဖြစ်ချင်တာလဲ ကာလီ။ မင်းအကြောင်းကို ဒီရောက်မလာခင်ကတည်းကသိ တယ်။ စရီလင်ခက ကျဉ်းကျဉ်းလေးပါကာလီ။ မင်းငါ့ကိုသတ်ချင်လို့လား”
ကာလီက ဘာမှမပြောဘဲ အနုရဒါးကိုမျက်လုံးမှေးပြီးကြည့်နေတယ်။
“မင်းလိုမလောက်လေးမလောက်စားကောင်က ငါ့ကိုမထီမဲ့မြင်လုပ်နေတာ ခွေးကိုက်ခံရ တာထက်နာတယ် ကာလီ။ ဒီထောင်ထဲမှာ လက်သည်မပေါ်ဘဲသေသွားတဲ့ကောင်တွေအများကြီးရှိ တယ်ဆိုတာ သိသလား။ သေသွားတဲ့ကောင်တွေအားလုံးက တမီလ်တွေချည်းပဲကာလီ။ ဘိုဂမ်ဘ ရာကိုရောက်လာတဲ့ကောင်တွေမှန်သမျှ အနည်းဆုံး နှစ်နှစ်ဆယ် တွေချည်းပဲ။ မင်းထက်မိုက်တဲ့ ကောင်တွေချည်းပဲ”
အနုရဒါးပြောတာမှန်ပါတယ်။ အဲဒီအချိန်တုန်းက သီရီလင်္ကာနိုင်ငံမှာ ဆင်ဟာလီလူမျိုးနဲ့ မြောက်ပိုင်းတမီလ်လူမျိုးတို့ အဆင်မပြေဖြစ်နေကြချိန်ပါ။ ဆင်ဟာလီလို့ခေါ်တဲ့ သီရိလင်္ကာနိုင်ငံ သားတွေက သူတို့ရဲ့ဘာသာစကားဖြစ်တဲ့ ဆင်ဟာလာကို နိုင်ငံသုံး ရုံးသုံးအဖြစ်သတ်မှတ်လိုက် ကြတယ်။ လူမျိုးရေးအခြေအနေတင်းမာစပြုလာနေပြီဖြစ်တဲ့အချိန်ကာလလည်းဖြစ်နေတယ်။
“အနုရဒါး….တောင်းပန်ပါတယ်။ ကျုပ်မှားသွားတယ်။ ခင်ဗျားနဲ့မိတ်ဆွေဖွဲ့ပါရစေ”
ကာလီက အနုရဒါးဆီကိုတစ်လှမ်းချင်းလျှောက်သွားတယ်။ ကာလီ့ရဲ့မျက်နှာကပြုံးနေပေ မယ့်ရင်ထဲမှာက အမုန်းတိမ်တွေဖုံးနေပါတယ်။ အနုရဒါရဲ့အနားကိုရောက်တဲ့အခါ …..
“ဖုန်း…..”
“ခွပ်….”
“ဖျောင်း…..”
ကာလီ့ရဲ့လျင်မြန်တဲ့လက်သီးချက်၊ ခြေကန်ချက်တွေက အနုရဒါးရဲ့သွားတွေကိုအပြင်ဘက် ခုန်ထွက်သွားစေသလို နံရိုးတွေလည်း အပိုင်းပိုင်းကျိုးသွားစေခဲ့တယ်။ ပါးနပ်ပြီးလက်သွက်ပါတယ် ဆိုတဲ့ အနုရဒါးကတော့ အသံတောင်မထွက်နိုင်ဘဲ ရေလှောင်ကန်ဘေးမှာ ခွေခွေလေးလဲနေပါပြီ။
ကာလီနဲ့အနုရဒါးတို့ရဲ့အဖြစ်အပျက်ကို အကျဉ်းသားတွေမြင်ပေမယ့် မသိဟန်ဆောင်ပြီး အလျှိုအလျှိုထွက်သွားကြတယ်။
“ရွှီ……..ရွှီ…ရွှီ…….”
မကြာခင်မှာပဲ ခရာမှုတ်သံတွေနဲ့အတူ ထောင်ဝန်ထမ်းတွေအပြေးအလွှားရောက်လာကြ တယ်။ ကာလီကတော့ ဒိုတီပုဆိုးကိုမပြီး အနုရဒါးနားမှာရပ်နေတယ်။
“ဟေ့ကောင်…….ဘာဖြစ်တာလဲ….”
“မြင်တဲ့အတိုင်းပဲလေ….”
ထောင်အရာရှိတစ်ယောက်က ကာလီ့ကိုနံပါတ်တုတ်နဲ့ရိုက်ဖို့ရွယ်လိုက်ပြီးမှ လက်ပြန်ရုတ် လိုက်တယ်။ ခဏနေတော့ ထောင်ဆရာဝန်ရောက်လာပြီး အနုရဒါးကိုစစ်ဆေးတယ်။ ထောင်ဆရာ ဝန်က အသေအချာစစ်ဆေးပြီးတာနဲ့ အနုရဒါးကို ဆေးရုံပို့ဖို့ ထောင်အရာရှိကိုပြောလိုက်တယ်။
အနုရဒါးကိုဦးချိုးလိုက်တဲ့နေ့လယ်မှာပဲ ကာလီလည်း တိုက်ပိတ်ခံလိုက်ရတယ်။ ဆယ်ရက် ကြာ တိုက်ပိတ်ခံလိုက်ရပြီး အချုပ်ကိုပြန်ရောက်တဲ့အခါ အနုရဒါးရဲ့တပည့်တွေနဲ့ထိပ်တိုက်တွေ့ ကြပါတော့တယ်။ လျင်မြန်သွက်လက်သလို လက်ဆလည်းရှိတဲ့ကာလီဟာ အနုရဒါးရဲ့တပည့်တွေ ကို အနုရဒါးလိုပဲ ဦးချိုးနိုင်ခဲ့တယ်။ အနုရဒါးရဲ့တပည့်တပန်းတွေလည်း ကာလီ့ဆီမှာ တပည့်ခံ လိုက် ကြတယ်။ တဖြည်းဖြည်းနဲ့ အဖွဲ့တောင့်လာတဲ့ကာလီဟာ အကျဉ်းသားတွေအပေါ်မှာ ဩဇာ ညောင်းလာခဲ့ပါတယ်။ ထောင်ဝန်ထမ်းတွေထိန်းမရတဲ့အကျဉ်းသားတွေတောင် ကာလီနဲ့တွေ့ရင် ပြားပြားဝပ်သွားရတဲ့အထိပါပဲ။
အနုရဒါးကိုဦးချိုးလိုက်ပြီး နှစ်ဆယ့်ငါးရက်နေ့မှာတော့ မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အ မိန့်ချခံရတယ်။ ကြိုးမိန့်ချတဲ့နေ့က မိုက်ပါတယ်ဆိုတဲ့ကာလီ တက်မတတ်ချက်မတတ်ငိုပြီး ခြေ ချင်းတွေခတ်ထားတဲ့ကြားက ရုန်းကန်အော်ဟစ်နေလို့ အိပ်ဆေးထိုးပြီး ထောင်ကိုပြန်ပို့လိုက်ရ တယ်။ ထောင်ကိုရောက်တော့ ကာလီ့ကို ကြိုးတိုက်ထဲမှာထားပါတယ်။ ဘိုဂမ်ဘရာအကျဉ်း ထောင်ရဲ့စည်းကမ်းအရ ကြိုးပေးခံရမယ့်အကျဉ်းသားကို ပြင်ပက အစားအစာမကျွေးရဘူးဆိုပေ မယ့် လိင်တူချစ်သူ ပရာဂျစ်သ်ရဲ့အစီအမံကြောင့် ကြိုးတိုက်ထဲမှာ ပြင်ပက အကောင်းဆုံးအစား အစာတွေစားသောက်ခွင့်ရခဲ့တယ်။ ကာလီကံကောင်းလွန်းတယ်။ ကြိုးတိုက်ထဲမှာ ဆယ်ရက်ပဲနေ လိုက်ရပြီး ထောက်ဒဏ်နှစ်ငါးဆယ်လျှော့ချပေးခဲ့တယ်။ ဘိုဂမ်ဘရာထောင်ကြီးမှာ ကြိုးမိန့်ကျခံ ရတဲ့အကျဉ်းသားကို ထောင်ဒဏ်လျှော့ချခံရတာ ကာလီတစ်ယောက်ပဲရှိခဲ့ဖူးပါတယ်။ ဒါကြောင့် လည်း ကာလီဟာ ဘိုဂမ်ဘရာထောင်ကြီးမှာ ဆရာတစ်ဆူဖြစ်သွားခဲ့တယ်။
အနုရဒါး ဆေးရုံကဆင်းပြီး ထောင်ကိုပြန်ရောက်လာတဲ့အခါ အကျည်းသားတွေကို တိတ်ဆို တိတ်၊ ဟိတ်ဆိုဟိတ်တဲ့အထိ ဩဇာညောင်းခဲ့တဲ့အနုရဒါးဟာ ရုပ်သေးရုပ်ဖြစ်သွားခဲ့ပါပြီ။ တပည့် အရင်းအချာဖြစ်တဲ့ ရာဗီတောင်မှ အနုရဒါးကို လူရာမသွင်းတော့ပါ။ အခြားအကျဉ်းသားတွေ က လန်ကဆန်လုပ်တာ လက်ခံနိုင်ပေမယ့် ရာဗီ ကလန်ကဆန်လုပ်တာကိုတော့ အနုရဒါး လုံးဝလက် မခံနိုင်ပါ။ ဘုရင်တစ်ဆူဖြစ်ခဲ့စဉ်က ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ကျေးဇူးကိုမထောက်တဲ့ ရာဗီကို အ သေသတ်ချင်လောက်တဲ့အထိဖြစ်လာခဲ့တယ်။ ရာဗီကိုအသေသတ်ဖို့ဆုံးဖြတ်ပြီး အခွင့်အရေးပေး မယ့်အချိန်စောင့်နေခဲ့တယ်။
ရာဗီကိုသတ်ဖို့အခွင့်အရေးရပါပြီ။
ညနေလေးနာရီရေချိုးချိန်မှာ နောက်ဆုံးကျန်နေတဲ့ ရာဗီ့ဆီ အနုရဒါးက အေးဆေးတည်ငြိမ် တဲ့ခြေလှမ်းတွေနဲ့လျှောက်သွားတယ်။ ရာဗီက အချိန်မရတော့လို့ အဝတ်အမြန်လျှော်နေတော့ အနုရဒါးအနားကိုရောက်နေတာ သတိမထားမိလိုက်ပါ။
“စွပ်……စွပ်…..စွပ်….”
“အ……..”
ရေပုံးလက်ကိုင်ကိုသံချွန်အဖြစ်လုပ်ထားတဲ့အရာက ရာဗီရဲ့နောက်ကျောနဲ့ ခါးဘေးနေရာ တွေကို အချက်ပေါင်းများစွာဝင်သွားပါပြီ။ ရာဗီ အသံမထွက်နိုင်ဘဲ ထောင်မှုးရှိတဲ့ရုံးခန်းကိုပြေးပေ မယ့် ခြေလှမ်းဆယ်လှမ်းလောက်မှာ ဆက်မပြေးနိုင်တော့ဘဲမှောက်လျက်လဲသွားပါတော့တယ်။
အဝတ်လှမ်းနေတဲ့အကျဉ်းသားတွေနဲ့ အချုပ်ခန်းတွေရှေ့မှာထိုင်နေကြတဲ့အကျဉ်းသားတွေ အပြေးရောက်လာကြပြီး ရာဗီ့ကိုပွေ့ထူလိုက်ပေမယ့် အသက်မရှိတော့ပါ။ အကျဉ်းသားနှစ် ယောက်က ထောင်မှုးဆီပြေးပြီး သတင်းပို့ကြတဲ့အခါ မကြာခင်မှာပဲ ထောင်မှုးနဲ့အတူ အကျဉ်း ထောင်ဝန်ထမ်းတွေရောက်လာကြတယ်။ ထောင်ဆရာဝန်က ရာဗီ့ကိုစစ်ဆေးပြီး ထောင်မှုးကို ခေါင်းခါပြလိုက်တယ်။
အဲဒီအမှုက အနုရုဒါးကို ကြိုးတိုက်ထဲရောက်သွားစေခဲ့ပါတော့တယ်။
*****************
အနုရုဒါးကြိူမိန့်ကျခံရပြီး သုံးရက်မြောက်မှာ ကာလီရဲ့နေဝင်ချိန်ရောက်ခဲ့ပါပြီ။
နေ့လယ်ကရောက်လာတဲ့အကျဉ်းသားဆယ်ရောက်ကို ဦးချိုးတဲ့အခါ တစ်ယောက်သော အကျဉ်းသားက လက်သီးနဲ့ပြန်ထိုးလို့ လူရှေ့သူရှေ့မှာ ကာလီအရှက်ကွဲသွားခဲ့တယ်။ အဲဒီအကျဉ်း သားကလည်း နယ်နယ်ရရတော့မဟုတ်ပါ။ လက်နက်မှောင်ခိုလုပ်နေတဲ့ ဂါယန်းဆိုသူပါ။ ဂါယန်း က လက်ဆလက်နလည်းရှိပြီး ထောင်ကိုအိမ်ဦးနဲ့ကြမ်းပြင် ဝင်စို့ထွက်စို့လုပ်နေတဲ့သူဆိုတော့ ထောင်ပါးဝနေပါပြီ။ ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေရှေ့မှာမို့ ဘာမှမလုပ်လိုက်ပေမယ့် အ ရှက်နဲ့သိက္ခာအတွက် အသေသတ်ဖို့တေးမှတ်ထားလိုက်တယ်။
ကာလီနဲ့ဂါယန်းတို့တွေ့ကြပါပြီ…..
ထောင်သန့်ရှင်းရေးလုပ်တဲ့စနေနေ့မနက်မှာ တံမြက်စည်းလှည်းနေတဲ့ ဂါယန်းနားကို ကာ လီရောက်လာတယ်။
“ဂါယန်း……ငါနဲ့ခဏလိုက်ခဲ့…..”
“ဘာဖြစ်လို့လိုက်ရမှာလဲ”
“ဟေ့ကောင်……ငါ့ကိုခံပြောတာလား”
“ခင်ဗျားက ဘာကောင်လဲ…”
“ဘိုဂမ်ဘရာထောင်ထဲရောက်လာပြီး ကာလီကိုမသိဘူးဆိုရင် မင်းအတော်ညံ့သွားပြီဂါယန်း “
“ကာလီဖြစ်ဖြစ် ဆာရီဖြစ်ဖြစ် ဘယ်ကောင့်မှမကြောက်ဘူး။ ခင်ဗျားလည်း ထောင်သား၊ ကျုပ်လည်းထောင်သား။ ထောင်ကျနေတဲ့အကျဉ်းသားချင်း တစ်မူးပိုမရှုနဲ့”
“ဘာကွ…….”
ကာလီက ဒိုတီပုဆိုးနဲ့လိပ်ထားတဲ့ အရာကိုအလျင်အမြန်ဆွဲထုတ်လိုက်တယ်။ အဲဒီနောက် တံမြက်စည်းလှည်းနေတဲ့ ဂါယန်းရဲ့နောက်ကိုအမြန်ပေးသွားပြီး ခေါင်းကိုနောက်လှန်ကာ လက်ထဲ ကအရာနဲ့ လည်ပင်းကိုလှီးချလိုက်တော့တယ်။
ဂါယန်းတစ်ယောက်အသံတောင်မထွက်နိုင်ပဲ မျက်လုံးပြူးမျက်ဆံပြူးနဲ့ ရင်ဘတ်ပေါ်ဒလ ဟောစီးကျလာတဲ့ သွေးတွေကိုငုံ့ကြည့်ပြီး ခဏအကြာမှာ ပုံလျက်သားလဲသွားတော့တယ်။ ဂါ ယန်းရဲ့အသက်ကိုနှုတ်သွားတဲ့အရာက ဟင်းရည်သောက်တဲ့ဒန်ဇွန်းလေးပါပဲ။ ကာလီက ဒန်ဇွန်း ကို ခိုးယူလာပြီး အချုပ်ခန်းထဲမှာ လူမသိ၊ အသံမထွက်အောင် ခြေဖနောင့်နဲ့နင်းပြီး ပြားထားတယ်။ အင်္ဂတေကြမ်းခင်းပေါ်မှာမြိနေအောင်သွေးထားတယ်။ အဲဒီဒန်ဇွန်းလေးက ဂါယန်းရဲ့လည်ပင်းက သွေးကြောတွေကို တိကနဲပြတ်သွားစေခဲ့တယ်။
တကယ်တန်းကျတော့ ကာလီ့ကိုဆရာတင်ထားကြတဲ့အကျဉ်းသားတွေ တစ်ယောက်မှ ရောက်မလာကြပါ။ အမှုတွဲပါမှာစိုးလို့ အဝေးကိုရှဲသွားကြတယ်။ ရုတ်ရုတ်သည်းသည်းဖြစ်သွားချိန် မှာ ကင်းစင်ပေါ်ကသေနတ်နှစ်ချက်ပစ်ဖောက်လိုက်သံနဲ့အတူ ဝီစီသံတွေဆူညံသွားတယ်။
“ရွှီ….ရွှီ……”
“ဒိန်း……..ဒိန်း…..”
ရှက်စိတ်ကြောင့်သာ ဂါယန်းကိုသတ်လိုက်မိပေမယ့် နောက်ထပ်အမှုကျူးလွန်ရင် သေဒဏ် မလွဲမသွေကျခံရမယ်ဆိုတဲ့ အမိန့်ကိုပြန်ကြားယောင်ပြီး ကာလီတွေဝေနေတယ်။
မကြာခင်မှာ ထောင်ဝန်ထမ်းတွေရောက်လာပြီး ကာလီ့ကိုဖမ်းခေါ်ကာ တိုက်ပိတ်ထားလိုက် ကြတယ်။ ဂါယန်းကိုသတ်တဲ့အမှုက ကြိုးမိန့်အပြင် လက်ရှိကျနေတဲ့ထောင်ဒဏ်ပါတစ်ပေါင်း တည်းကျခံရမယ်ဆိုတော့ ကာလီ ကြောက်လန့်နေပါပြီ။
ကာလီ့ကို ကြိုးတိုက်ထဲထည့်လိုက်တဲ့အချိန်မှာ ဒါးဟမ်းမ်တစ်ယောက်ပျော်လွန်းလို့ အိပ် မပျော်နိုင်တော့ပါ။ ကာလီနဲ့အနုရဒါးတို့ ကြိုးတိုက်ထဲကိုရောက်သွားတဲ့အခါ ဒါးဟမ်းမ်တစ် ယောက် တစ်စခန်းထပါပြီ။ ရှေ့ကဦးဆောင်ပြခဲ့တဲ့ ကာလီနဲ့အနုရဒါးတို့လို ထောင်မင်းသားဖြစ်ချင် တဲ့ ဒါဟမ်းမ်က လက်စွမ်းပြပါတော့တယ်။ ဒါဟမ်းမ်က ပါးနပ်ပြီး လူရည်လည်တော့ ထောင်မှုးနဲ့ ထောင်ဝန်ထမ်းတွေကိုပေါင်းတယ်။ ကာလီရဲ့တပည့်တွေကို အစွယ်ချိုးပစ်လိုက်တယ်။ အသက် ငယ်ပြီး သန်မာဖြတ်လတ်တဲ့ဒါဟမ်းမ်ကို ကာလီရဲ့တပည့်တွေ ရင်ဆိုင်မတိုက်ခိုက်နိုင်ကြတော့ မကြာခင်မှာပဲ ဒါဟမ်းမ်တစ်ယောက် ကာလီရဲ့နေရာကိုရောက်သွားခဲ့တော့တယ်။
ဘိုဂမ်ဘရာအကျဉ်းထောင်ကိုရောက်လာတဲ့ အကျဉ်းသားအသစ်တွေအားလုံး ထောင်ဗူးဝ မှာတင် ဒါဟမ်းမ်က အစွယ်ချိုးပစ်လိုက်တော့ ဒါဟမ်းမ်ကိုမြင်တာနဲ့ ကြောက်လန့်နေကြတယ်။ ဒါ ဟမ်းမ်ရေချိုးရင် ရေခပ်ပေးတဲ့သူ၊ ကြေးတွန်းပေးတဲ့သူတွေနဲ့ဟန်ကျနေတယ်။ ဒါဟမ်းထမင်းစား ရင် တစ်ယောက်စာပဲရတဲ့ကိုယ်တာထဲက နွားနို့၊ ကြက်ဥ၊ အာလူးပြုတ် လာပေးတဲ့သူတွေလည်းရှိ တယ်။ ဒါးဟမ်းမ်ကိုကြောက်ရတာထက် ထောင်မှုးနဲ့ထောင်ဝန်ထမ်းတွေကိုအိတ်ထဲထည့်ထားတာ ကြောင့် အဆင်မပြေရင် တိုက်ပိတ်ခံရလို့ပါပဲ။
တစ်ရက်မှာတော့ ဒါဟမ်းမ်းက ခွေးမွေးချင်တဲ့အကြောင်း ထောင်မှုးကိုပြောတယ်။ ထောင် မှုးက တိရစ္ဆာန်မွေးမြူခွင့်မရှိကြောင်းပြောပေမယ့် ဒါဟမ်းမ်းပြောလိုက်တဲ့စကားကို ထောင်မှုးသ ဘောကျသွားပြီး ထောင်ပိုင်ကြီးကိုသတင်းပို့တယ်။ ထောင်ပိုင်ကြီးက မွေးခွင့်ပေးတော့ ဒါဟမ်းမ် ခွေးမွေးခွင့်ရတယ်။ ထောင်ပိုင်ကြီးက ဒါဟမ်းမ်မွေးဖို့ သုံးလသားအရွယ် အယ်လ်ဇေးရှင်းနှစ် ကောင် ယူလာပေးတယ်။ ခွေးမွေးပြီးနောက်ပိုင်း ဒါဟမ်းမ်က အချုပ်ခန်းထဲမှာမနေရတော့ဘဲ ကြိုး တိုက်နားက တိုက်ပိတ်တဲ့အဆောင်တွေနားမှာနေတယ်။ ဒါဟမ်းမ်နေတဲ့အိမ်က ထောင်ဆယ်နှစ် ကျခဲ့တဲ့ အစိုးရအရာရှိကြီးတစ်ယောက်အတွက် ဆောက်လုပ်ထားတဲ့အိမ်ဆိုတော့ ဒါဟမ်းမ် ကျေ နပ်နေတယ်။ ကောင်းကောင်းစား ကောင်းကောင်းနေရတဲ့အပြင် ထောင်ကလွတ်ရင် တမီလ်ကျား သူပုန်တွေသတ်မှာစိုးလို့ ထောင်ကလွတ်မှာတောင်စိုးရိမ်နေတယ်။ ဒီတော့လည်း ထောင်မှာမြဲဖို့ ထောင်ပိုင်၊ ထောင်မှုး၊ ထောင်ဝန်ထမ်းတွေအကြိုက် ကြမ်းရ ရမ်းရတော့တယ်။
***************
ဒါဟမ်းမ်မွေးထားတဲ့အယ်လ်ဇေးရှင်းနှစ်ကောင်က ရှစ်လသားဆိုပေမယ့် အကောင် ထွားသ လို အတော်လည်းဆိုးပါတယ်။ ခွေးတွေကို ခြေသ လုံးကိုပဲကိုက်တတ်အောင်သင်ပေးထားတယ်။ ကိုက်ခံရရင် အသားတွေလန်ပြီး စုတ်ပြတ်သွားတဲ့ အထိဖြစ်တဲ့အပြင် ကိုက်မိရင်လည်းမလွှတ် တော့တာကြောင့် အကျဉ်းသားတွေမှာ ဒါဟမ်းမ်ကို လည်းကြောက်ရ၊ ဒါဟမ်းမ်မွေးထားတဲ့ခွေး တွေကိုလည်းကြောက်နေကြရတယ်။ ဒါဟမ်းမ်ကို ကြောက်ရတာက သူ့မျက်စိထဲအဆင်မပြေတဲ့ သူ၊ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့သူ၊ အချိုးမပြေတဲ့သူတွေ ဆိုရင် တိုက်ပိတ်တဲ့အဆောင်ကိုသွားတဲ့လမ်း ပေါ်မှာ ပုလင်းကွဲတွေခင်းပြီး ခွေးနဲ့ရှူးတိုက်လေ့ရှိ တော့ ပုလင်းကွဲလည်းစူး၊ ခွေးလည်းကိုက်ခံရလို့ လမ်းမလျှောက်နိုင်ဘဲ ထောင်ဆေးရုံရောက်ကုန်ကြတယ်။ ဒါးဟမ်းမ်ရဲ့ယုတ်မာချက်က ဒီလောက် နဲ့ပြီးမသွားပါ။ ကာလီ့ကို ပြင်ပကအစားအ သောက်ကောင်းတွေလာပို့ရင် သူ့ရဲ့ကိုယ်တာ ထောင် ထမင်း၊ ထောင်ဟင်းနဲ့လဲပြီးစားပါတယ်။
ကာလီနဲ့အနုရဒါးတို့ကို တစ်ရက်ခြားစီကြိုးပေးဖို့စီစဉ်နေကြပါပြီ။ ကာလီနဲ့အနုရဒါးတို့နှစ် ယောက် အယူခံဝင်ပေမယ့် ပါယ်ချခံခဲ့ရတယ်။ ကာလီနဲ့အနုရဒါးတို့ကို တစ်ရက်ခြားစီ ကြိုးပေး မယ်ဆိုတာ ဒါဟမ်းမ်ကြားတော့ သူတို့နှစ်ယောက်ကိုဒေါက်ဖြုတ်ချင်ကြောင်း ထောင်မှုးကိုတောင်း ဆိုလိုက်တယ်။ ထောင်မှုးကလည်း ခွင့်ပြုတယ်။ ပထမဆုံးကြိုးပေးခံရမယ့်သူက အနုရဒါး။ ကြာ သာပတေးနေ့မနက် ငါးနာရီမှာ ကြိုးပေးဖို့ပြင်ဆင်ထားကြပြီ။
ကြိုးပေးဖို့ တစ်ရက်အလိုမှာ အနုရဒါးကို စားချင်တဲ့အစားအစာ၊ တွေ့ချင်တဲ့မိဘ၊ ဇနီးမယား ကိုမေးပါတယ်။ အနုရဒါးက ဘာမှမစားလိုကြောင်းပြောဆိုပြီး ကာလီ့ကိုတွေ့ချင်ကြောင်းပြောပါ တယ်။
ထောင်ပိုင်နဲ့ထောင်မှုးလည်း အနုရဒါရဲ့စကားကြောင့် တအံ့တဩဖြစ်သွားပြီး ကြိုးမိန့်ကျခံ ရသူချင်းတွေ့ဆုံလို့မရကြောင်း ပြောဆိုခွင့်မရတော့ ကာလီကြားအောင် အော်ပြောလိုက်တယ်။
“ဟေ့ကောင်….ကာလီ….။ မင်းနဲ့ငါ နောက်ဘဝမှာတွေ့ကြမယ်။ မင်းကြောင့် ငါအခုလိုဖြစ်ရ တာ”
အားရပါးရပြောဆို၊ ဆဲဆိုပြီးတဲ့အခါ အနုရဒါးငြီမ်သက်သွားပါတော့တယ်။ မနက်ဖြန်မနက် မှာ ကြိုးကွင်းစွပ်ခံရတော့မယ်ဆိုတဲ့အသိစိတ်က အနုရဒါးကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ်။
နောက်နေ့မနက်ငါးနာရီထိုးမှာတော့ အနုရုဒါးကို ကြိုးပေးဖို့ ကြိုးတိုက်ထဲကဆွဲခေါ်လာပါပြီ ။ ရုန်းကန်အော်ဟစ်ပြီး ငိုနေတဲ့အနုရုဒါးရဲ့အသံကို ကာလီကြားတဲ့အခါ ဝမ်းသာရမယ့်အစား မနက်ဖြန်မနက်က ငါ့အလှည့်ဆိုတဲ့အတွေးဝင်လာပြီး လူးလှိမ့်ငိုပါတော့တယ်။
မျက်နှာဖုံးစွပ်ထားပြီး လည်ပင်းမှာကြိုးကွင်းစွပ်ခံထားတဲ့ အနုရဒါးတစ်ယောက် ကြောက် လွန်းလို့ ဆီးတွေရော မစင်တွေရောထွက်ကျနေတဲ့အပြင် ညွတ်ခွေသွားတဲ့ဒူးနှစ်ဖက်ကို ပူးကပ်ပြီး ထိန်းထားရပါတယ်။ ကြိုးစင်ရဲ့ထောင့်မှာတော့ ဒါဟမ်းမ်က အံဖုံးဖွင့်တဲ့ဒေါက်ကို အသင့်ကိုင်ထား တယ်။
နုရဒါက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဆင်ဟာလီလူမျိုးဆိုတော့ သံဃာသုံးပါးက သရဏဂုံတင် ပေးပါတယ်။ အဲဒီနောက် ထောင်ပိုင်ကြီးအချက်ပြလိုက်တာနဲ့ ဒါဟမ်းမ်က အံဖုံးဒေါက်ကို ဖြုတ်ချ လိုက်ပါတော့တယ်။
အနုရဒါးရဲ့အလောင်းကို အကျဉ်းထောင်ကပဲဦးစီးပြီး ကောင်းကောင်းမွန်မွန်သင်္ဂြိုလ်ပေး ခဲ့တယ်။
ကာလီ့ကို ကြိုးမပေးခင်တစ်ရက်အလိုမှာ အနုရဒါးကိုမေးသလိုပဲမေးကြပါတယ်။ ကာလီက ဆိတ်သားနှပ်နဲ့ချပါတီစားချင်ကြောင်းပြောပါတယ်။ ဘယ်သူ့ကိုတွေ့ချင်သလဲလို့မေးတော့ ဒါ ဟမ်းမ်ကို တွေ့ချင်ကြောင်းပြောလို့ ထောင်မှုးက လူလွှတ်ပြီး ဒါဟမ်းမ်ကို ခေါ်ပေးရတယ်။ ဒါ ဟမ်းမ် ရောက်လာတဲ့အခါမှာတော့…….
“ဒါဟမ်မ်း……မင်းက အသက်ငယ်ပါသေးတယ်။ ထောင်လည်းအခုမှကျဖူးတဲ့ကောင်ပါ။ ငါ့ အတွက်ပို့ပေးတဲ့အစားအသောက်တွေငါ့ဆိရောက်မလာဘူးဒါဟမ်းမ်။ ထောင်ထမင်းထောင်ဟင်း ပဲ စားခဲ့ရတယ်။ ငါနဲ့အနုရဒါးတို့အိပ်တဲ့အချိန်ဆို အပြင်ကနေ ကြိမ်းမောင်းဆဲဆိုနေတာ ငါတို့ကြား တယ်။ ဘိုဒါဂရမ်အကျဉ်းထောင်ရဲ့စည်းကမ်းထဲမှာ ကြိုးမိန့်ကျခ့နေရတဲ့အကျဉ်းသားတွေကို အ နှောက်အယှက်မေပးရဘူးဆိုတာပါတယ်။ ညဆို ခွေးနှစ်ကောင်ခေါ်လာပြီး ကြိုးတိုက်နားမှာ ဟောင်ခိုင်းတယ်။ မင်းက ထောင်ကလွတ်ရင် တမီလ်တွေသတ်မှာစိုးလို့ အကျဉ်းသားတွေကိုနှိပ် စက်ပြတယ်။ ငါအကုန်သိတယ် ဒါဟမ်းမ်။ ထောင်မှုးက ငါ့လူဆီက ပိုက်ဆံယူပြီး ငါစားဖို့အစား အစာတွေသွင်းပေးပေမယ့် မင်းလုပ်နေတာကိုသိချင်မှသိမယ်။ ဒါဟမ်းမ်…မင်းက ထောင်ပါးမဝ သေးပေမယ့် အင်မတန်ပါးနပ်တဲ့ကောင်။ ငါတစ်ခုပြောမယ်……မင်းလုပ်သမျှ ခွင့်ပြုထားတဲ့ ထောင် ပိုင်ကိုရော ထောင်မှုးကိုရော ထောင်ဝန်ထမ်းတွေကိုရော တစ်သက်မကျေဘူးမှတ်ပါ။ ငါသေသွား ခဲ့ရင် ငါ့ဝိညာဉ်ဟာ ဟောဒီကြိုးတိုက်ထဲမှာပဲရှိနေမယ်။ မင်းသတိထားနေတော့ ဒါဟမ်းမ်။ မင်းကို ငါနဲ့ အနုရဒါးတို့ ကလဲ့စားခြေမှာ။ ဟိုကောင် ရှနုခါ…..မင်းလာဘ်စားပြီး ထောင်ထဲသွင်းပေးတဲ့ အစားအသောက် ငါ့ဆီရောက်မလာတာ သိသလား။ မင်းပထွေးလုပ်သမျှ အမှန်လို့မြင်နေလား။ ကန်ဒီမြို့မှာရှိတဲ့ မင်းမိသားစုကို ငါ့လူတွေရှင်းပစ်လိမ့်မယ်။ မင်းမိဘနဲ့မင်းမိန်းမက မသေခင်ခံစား သွားရလိမ့်ဦးမယ် ရှနုခါ”
ကာလီပြောလိုက်တဲ့စကားကြောင့် ထောင်မှုးရှနုခါ မျက်စိမျက်နှာပျက်ပြီး ကာလီ့ကို သေ နတ်နဲ့ထိုးချိန်လိုက်တယ်။
“ပစ်လိုက်စမ်းရှနုခါ…..။ မင်းရဲ့သေနတ်ထဲမှာ ကျည်ဆန်ခြောက်တောင့်ပဲရှိတယ်။ ငါ့မှာအ သက်တစ်ချောင်းပဲရှိတယ်။ မင်းမိသားစုက ရှစ်ယောက်နော် ရှနူခါ။ လဲမယ်ဆို လဲလိုက်တော့”
“ရှနူခါ………….”
ထောင်ပိုင်က ထောင်မှူးရဲ့သေနတ်ကို အောက်စိုက်ချလိုက်ပြီး ကာလီရဲ့မျက်နှာကို စူးစူး စိုက်စိုက်ကြည့်နေတယ်။
“ငါ့ကိုအဲဒီလိုမကြည့်နဲ့ရိုရှန်…။ မင်းကထောင်ပိုင်။ မင်းမှာတာဝန်အရှိဆုံး။ ထောင်တစ်ခုလုံး ကို ငါထိမ်းထားခဲ့တုန်းက မင်းဘာပူစရာရှိခဲ့သလဲ….။ ငါ့ကိုသတ်မယ်ဆိုရင် သေနတ်နဲ့ပစ်သတ်တာ ပိုကြိုက်တယ်။ လည်ပင်းကိုကြိုးကွင်းစွပ်သတ်မယ်ဆိုလည်း ထွေထွေထူးထူးတွေပြောနေနဲ့။ တစ် ခါတည်းသာသတ်လိုက်တော့။ တစ်ခုတော့ပြောမယ် …..မိုရာတူဝါမှာနေတဲ့ မင်းရဲ့မိန်းမနဲ့ သားနှစ် ယောက်ရဲ့မျက်နှာကိုတော့ကြည့်ကွ”
“ရှနုခါ…….ငါနဲ့ရုံးခန်းလိုက်ခဲ့။ ကာလီ့ကိုတိုက်ထဲပြန်ထည့်လိုက်ကြ။ ကာလီ…..မင်းစားချင် တာ ညနေအရောက်လာပို့ပေးမယ်”
“အေး……ဟိုခွေးမသား ဒါဟမ်းမ်က ကြားဖြတ်ခုတ်မှာပဲစိုးတာကွ”
“မဖြစ်စေရဘူး။ ငါကိုယ်တိုင်ကြီးကြပ်မယ်….”
“ကြိုက်ပြီ ရိုရှန်…”
“ဒါဟမ်းမ်း…မင်းပါလိုက်ခဲ့”
ထောင်ပိုင်ကြီးရဲ့ရုံးခန်းကိုရောက်တော့ ထောင်ပိုင်က ဒါဟမ်းမ်ကို ပါးနားရိုက်တဲ့အပြင် ရင်ဘတ်ကိုပါ ခြေနဲ့ကန်တယ်။ ထောင်မှုးရှနူခါကိုတော့ သတိပေးစာထုတ်ပြီး လက်မှတ်ထိုးခိုင်း တယ်။ ပါးနှစ်ဖက်စလုံးနာကျင်ပြီး အသက်ရှုလို့မရလောက်အောင် ရင်ဘတ်အောင့်သွားတဲ့ ဒါဟမ်း မ်က ထောင်ပိုင်ကို စိတ်ထဲကမကျေမနပ်နဲ့တေးမှတ်ထားလိုက်တယ်။ လစာထက် အပိုဝင်ငွေရ အောင်လုပ်ပေးခဲ့တဲ့မျက်နှာကိုမှမထောက်တဲ့ထောင်ပိုင်ကို ဒါဟမ်းမ် စိတ်အနာကြီးနာသွားခဲ့ပါပြီ။ ထောင်ပိုင်ကိုစိတ်နာသလို အကုန်ထုတ်ဖော်ခဲ့တဲ့ ကာလီကိုလည်း သေမတတ်မုန်းတီးခဲ့တယ်။
စနေနေ့မနက် ငါးနာရီမှာ ကြိုးပေးဖို့ ကာလီ့ကို ကြိုးတိုက်ထဲကထုတ်လာချိန်မှာ အနုရဒါးနဲ့ မတူဘဲ အလွန်တည်ငြိမ်နေတယ်။
“ငါ့ကို ဒေါက်ဖြုတ်မယ့် ဒါဟမ်းမ်ကို နောက်ဆုံးအနေနဲ့ကြည့်ချင်တယ်”
ထောင်ပိုင်က ကာလီ့ကို ဒါဟမ်းနဲ့ပေးမတွေ့ချင်ပေမယ့် ထောင်ဆရာဝန်၊ ရှေ့နေ၊ ပြည်နယ် ရဲမှူး ကြီးနဲ့သက်သေတွေရှိနေတော့ မငြင်းဘဲ ပေးတွေ့ပါတယ်။
“ငါ့ကို မျက်နှာဖုံးချွတ်ပေးစမ်းပါ။ အဲဒီကောင်ရဲ့မျက်နှာကိုကြည့်ချင်လို့။ ငါနောက်ဆုံးအနေ နဲ့ တောင်းပန်တာပါ။ သေရမှာမကြောက်ပါဘူး”
ကာလီတောင်းပန်ပြောဆိုနေတော့ ပြည်နယ်ရဲမှူးကြီးကိုယ်တိုင် ကြိုးစင်ပေါ်တက်လာပြီး မျက်နှာဖုံးချွတ်ပေးလိုက်တယ်။
“ဒါဟမ်းမ်………ငါနဲ့အနုရဒါးကိုဒေါက်ဖြုတ်ရတာ ပျော်ရဲ့လား။ မင်းအလှည့်မကြာခင်လာ လိမ့်မယ် ဒါဟမ်းမ်။ အဲဒိတော့မှ နောင်တမရလေနဲ့။ ငါနဲ့ နရုဒါးက တမလွန်ကနေ မင်းကိုစောင့်နေ မယ်”
လူကြီးတွေရှေ့မှာအပြောခံလိုက်ရလို့ ဒါဟမ်းမ်းမခံချိမခံသာဖြစ်သွားပေမယ့် နှုတ်ခမ်းကွေး ရုံသာပြုံးပြလိုက်တယ်။
ကာလီ့ကို ကြိုးပေးပြီးတဲ့နောက် အလောင်းကို လာယူမယ့်သူမရှိလို့ အကျဉ်းထောင်ကပဲ တာဝန်ယူပြီးသင်္ဂြိုလ်ပေးရပါတော့မယ်။ အခွင့်အရေးစောင့်နေတဲ့ ဒါဟမ်းမ်က ကာလီ့ရဲ့အလောင်း ကို တာဝန်ယူပြီးသင်္ဂြိုလ်ပေးမယ့်အကြောင်း ထောင်မှူးရှနုခါကိုခွင့်တောင်းပါတယ်။ ထောင်မှူးက ဒါဟမ်းမ်နဲ့ မက်းတာတွေရှိတော့ ခွင့်ပြုလိုက်တယ်။ သူကိုယ်တိုင် လက်မှတ်ထိုးပြီး ကာလီ့အ လောင်းကိုထုတ်ပေးလိုက်တယ်။
မျက်လုံးပြူးပြီးလျှာထွက်နေတဲ့ကာလီ့အလောင်းကိုမြင်တော့ ဒါဟမ်းမ်လန့်သွားတယ်။ ဒါ ပေမယ့် ကာလီ့ကိုမကျေနပ်တဲ့စိတ်ကစိုးမိုးနေတော့ ကာလီ့ရဲ့ လက်နဲ့ဗိုက်သားတွေကိုလှီးဖြတ်ပြီး ခွေးတွေကို အစိမ်းကျွေးပစ်တယ်။ နောက်တော့ ကာလီ့ရဲ့အလောင်းကို မီးရှို့ပစ်လိုက်တော့တယ်။
**********************
အနုရဒါးနဲ့ကာလီ ကြိုးပေးခံရအပြီးမှာ ကြိုးတိုက်ထဲက ကြောက်စရာအသံနက်ကြီးတွေ ညစဉ်ကြားလာရတယ်။ အဲဒီအသံတွေထွက်လာပြီဆိုရင် အလွန်ကိုက်ပါတယ်ဆိုတဲ့ ဒါဟမ်းမ်ရဲ့ အယ်လ်ဇေးရှင်းခွေးကြီးနှစ်ကောင်ဟာ အပြင်ကိုမထွက်ရဲတော့ဘဲ အိမ်ထဲကနေ နားဆူအောင်အူ နေတတ်ပါတယ်။
“အု..ဝူး…………….”
“ဟေ့ကောင်တွေ…………..တိတ်စမ်း…”
ဒါဟမ်းမ်အော်ငေါက်ပေမယ့် ခွေးနှစ်ကောင်က အူတာမရပ်တဲ့အပြင် သခင်ကိုတောင် မာန်ဖီ နေပါသေးတယ်။
“ဂီး…………….”
ဒါဟမ်းမ်မှမဟုတ်ပါ။ ထောင်ပိုင်၊ ထောင်မှုူး၊ ထောင်ဝန်ထမ်းတွေနဲ့အကျဉ်းသားတွေ ထောင် ထဲမှာမနေရဲလောက်အောင်ဖြစ်ခဲ့တယ်။ ခြေထောက်ကိုဆွဲတယ်၊ ညဉ့်နက်ပြီဆိုတာနဲ့ သံတိုင်နဲ့ တံခါးတွေကိုထုနှက်တယ်။ ကြိုးတိုက်ကိုသွားတဲ့လမ်းပေါ်မှာ မည်းမည်းအကောင်ကြီးနှစ်ကောင် လုံးထွေးသတ် ပုတ်နေတာကို ဒါဟမ်းမ်ကိုယ်တိုင်မြင်ရတော့ လက်ရှိနေတဲ့နေရာမှာ မနေရဲတော့ ပါ။ ကြိုးတိုက်ဘက်က အသံနက်ကြီးနဲ့အော်နေတဲ့အသံတွေဟာ ကြောက်စရာအလွန်ကောင်းလို့ တိုက်ပိတ်ခံထားရတဲ့အကျဉ်းသားတွေ သေမတတ်ဖြစ်ခဲ့ရတယ်။
ကာလီရဲ့ကျိန်စာသင့်လေသလား၊ ဒါမှမဟုတ် ဒါဟမ်းမ်ပဲ ကံဆိုးတဲ့အချိန် ရောက်လေသ လားမပြောတတ်ပါ။ ထောင်သန့်ရှင်းရေးလုပ်တဲ့စနေနေ့မနက်မှာ ဒါဟမ်းမ်းနဲ့ ထောင်မှုးရှနုခါတို့ စ ကားများကြတယ်။ ရှနုခါက အကျဉ်းသားတွေရှေ့မှာ ဒါဟမ်းမ်ကိုပါးရိုက်ပြီး မျက်နှာကိုတံတွေးနဲ့ ထွေးလိုက်မိတယ်။ ဒါဟမ်းမ်တစ်ယောက် ဒေါသထွက်လွန်းလို့ အသားဆတ်ဆတ်တုန်နေပါတယ်။ အဲဒီနေ့ညနေငါးနာရီလောက်မှာ ထောင်မှုးရှနုခါတစ်ယောက်တည်း တိုက်ပိတ်ထားတဲ့အကျဉ်း သားနှစ်ယောက်ကို စစ်ဆေးဖို့ရောက်လာတယ်။ ထောင်ဝန်ထမ်းလည်းမပါ၊ ယူနီဖောင်းလည်း ဝတ်မထားတဲ့ ရှနုခါကို ဒါဟမ်းမ်းက ခွေးနဲ့ရှူးတိုက်တယ်။ ခွေးတွေလိုက်လို့ ထွက်ပြေးတဲ့ရှနုခါဟာ ကြိုးတိုက်နားအရောက်မှာ မောလွန်းလို့ဆက်မပြေးနိုင်တော့ဘဲ လဲသွားတော့တယ်။ နောက်က လိုက်လာတဲ့ ဒါဟမ်းမ်အတွက်တော့ မဟာအခွင့်အရေးကြီးပါပဲ။ ကြိုးတိုက်နားကိုဘယ်သူမှ ဖြတ် မသွားကြတော့ မျက်မြင်သက်သေမရှိဘူးဆိုတာ ဒါဟမ်းမ်သိနေတယ်။ ဒါ်ဟမ်းမ်ရဲ့လက်ထဲမှာ ထိပ်ချွန်ထားတဲ့ ဆိတ်ခြေထောက်ရိုးကိုင်ထားတယ်။ လဲနေတဲ့ရှနုခါရဲ့ခြေသလုံးတွေကို အယ်လ် ဇေးရှင်းနှစ်ကောင်က မလွှတ်တမ်းကိုက်ခဲထားတော့ ရှနုခါပြေးလို့မရတော့ပါ။ ယူနီဖောင်းဝတ်မ ထားတော့ ခွေးတွေက ရန်သူလို့အထင်နဲ့ အသားကုန်ခဲထားပါပြီ။ သေနတ်လည်းမပါတော့ ရှနုခါ တစ်ယောက် ခွေးနှစ်ကောင်ကိုက်ခဲသမျှ လှိမ့်ခံရင်း အော်ဟစ်အကူအညီတောင်းနေရပါတယ်။
“ဂီး……”
“ဂီး……”
“ရှနုခါ………..ခွေးမွေးထားတာသဘောပေါက်ပြီလား….”
“ဒါ…ဒါဟမ်းမ်……”
ရှနုခါက ဒါဟမ်းမ်ကိုတစ်လှည့် ဒါဟမ်းမ်ရဲ့လက်ထဲကဆိတ်ခြေထောက်ရိုးကိုတစ်လှည့် ကြည့်ပြီး ဇောချွေးတွေပြန်နေပါပြီ။
“ငါ့ကို ရုံးခန်းထဲမှာကြိုက်သလိုလုပ်၊ စိတ်မဆိုးဘူး။ လူကြားထဲမှာ ပါးရိုက်ပြီးတံတွေးနဲ့ထွေး တာ ငါ့ကိုအရှက်ခွဲလိုက်တာပဲ ရှနုခါ။ အကျဉ်းသားတွေက ငါ့ကိုလေးစားပါဦးမလား”
“အေး…အေးပါ….ငါ…ငါမှားသွားပါတယ်…။ ခွေး..ခွေးတွေကို ထိန်းပေးပါ…”
“ဟေ့ကောင်တွေ….သွားတော့…..”
ဒါဟမ်းမ်ရဲ့အမိန့်သံကြားတာနဲ့ အယ်လ်ဇေးရှင်းနှစ်ကောင် ပြေးသွားကြတယ်။ ဒါဟမ်းမ်က ထောင်မှူး ရှနုခါရဲ့အနားကိုသွားပြီး ဝမ်းဗိုက်ကို ဆိတ်ရိုးနဲ့ နှစ်ချက်ထိုးလိုက်တော့တယ်။
“အား…………………”
*****************
ဘယ်သူမှမမြင်ဘူးလို့ ဒါဟမ်းမ်ထင်ထားပေမယ့် မိလ္လာသွန်ပြီးပြန်လာတဲ့အကျဉ်းသားသုံး ယောက်က အစအဆုံးမြင်တွေ့လို့ ထောင်ပိုင်ကြီးဆီပြေးပြီးသတင်းပို့လိုက်ကြတယ်။
မကြာခင်မှာပဲ ထောင်ဝန်ထမ်းတွေရောက်လာပြီး ဒါဟမ်းမ်ကို ဖမ်းဆီးကာ တိုက်ပိတ်လိုက် ကြတယ်။ ဒါဟမ်းမ်ရဲ့အမှုကို တစ်လအတွင်းအပြီးစစ်ဆေးပြီး မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချလိုက်ပါတော့တယ်။
ဒီတစ်ခါတော့ ဒါဟမ်းမ်ရဲ့အလှည့်ရောက်လာပါပြီ။ ကြိုးတိုက်ထဲကိုရောက်ကတည်းက ဒါဟမ်းမ်တစ်ယောက် ထမင်းလည်းမစား၊ အိပ်လည်းမအိပ်တော့ပါ။ ကျန်းမာရေးမကောင်းရင် ကြိုးပေးခွင့်မရှိဘူးဆိုတာသိထားတော့ အိပ်လည်းမအိပ်၊ စားလည်းမစားတော့ပါ။ ဒါဟမ်းမ် လုပ် နေတာကို ထောင်ပိုင်ကြီးကသိပါတယ်။ ဒါဟမ်းမ်ကို နေ့စဉ်အားဆေးထိုးပေးပြီး အချိန်ပြည့်စောင့် ကြည့်ဖို့ ထောင်ဝန်ထမ်းတွေကို အလှည့်ကျ စောင့်ကြည့်ခိုင်းတယ်။ တစ်ရက်အကြာမှာတော့ ကြိုး တိုက်က ဒါဟမ်းမ်ကိုစောင့်ကြည့်နေကြတဲ့ ထောင်ဝန်ထမ်းတွေ မစောင့်နိုင်တော့ကြောင်း ထောင် ပိုင်ကို သွားပြောကြတယ်။ သော့ခတ်ထားတဲ့ ကြိုးတိုက်တစ်နဲ့သုံးက တံခါးတွေပွင့်လာပြီး အ ကောင် မည်းမည်းကြီးတွေထွက်လာတဲ့အကြောင်းနဲ့ ကြိုးတိုက်ထဲက အော်ဟစ်သံတွေကြောင့် မနေရဲတော့ကြောင်း ပြောကြတယ်။ ထောင်ပိုင်က မကြောက်တတ်တဲ့ထောင်ဝန်ထမ်း ဘာသစ် ရှခါကို တစ်ရက်ရူပီးသုံးဆယ်ပေးပြီး စောင့်ခိုင်းတယ်။
ဘာသစ်ရှခါက သရဲကြောက်တတ်တဲ့သူမဟုတ်ပါ။ သို့ပေမယ့် ကြိုးတိုက်မှာ စတင်စောင့် တဲ့ညမှာတော့…………
“အား…………………အီး………………….”
“အား…………….”
“ဘုံး….”
“ဒုန်း…ဒုန်း…ဒုန်း….”
ကြောက်စရာကောင်းတဲ့အော်ဟစ်သံတွေကိုကြားလိုက်ရပြီး ကြိုးတိုက်နှစ်က သံတံခါးကို တဒုံးဒုံးထုသံနဲ့ ကျယ်လောင်တဲ့အသံတွေကြားလိုက်ရတယ်။
ကြိုးတိုက်နှစ်မှာ ဒါဟမ်းမ်ရှိတယ်ဆိုတာ သိနေတဲ့ ဘာသစ်ရှခါက ဒါဟမ်းမ်ဆီပြေးသွားပြီး သံတံခါးပေါက်လေးကိုဖွင့်ပြီးမေးလိုက်တယ်။
“ဘာဖြစ်တာလဲ ဒါဟမ်းမ်”
“ငါ့..ငါ့ကို လည်…လည်ပင်းလာညှစ်တယ်။ ခြေထောက်ကိုဆွဲပြီး နံရံကိုပစ်ပေါက်တယ်။ ငါ ခါးအရမ်းနာတယ်..ဆေးရုံပို့ပေးပါ”
“ငါဆုံးဖြတ်လို့မရဘူးဒါဟမ်မ်း။ မနက်ကျမှ ထောင်ပိုင်ကြီးကိုပြောပေးပါ့မယ်။ ငါအပြင်မှာရှိ တယ်။ မင်းအနားယူတော့”
ဒါဟမ်မ်းခုတင်ပေါ်တက်သွားတော့မှ ဘာသစ်ရှခါလည်း ကြိုးတိုက်ရှေ့က ကုလားထိုင်မှာ ပြန်ထိုင်လိုက်တယ်။
“ဘုံး…………”
“အား………….”
နောက်ကျောကိုထုနှက်ခံလိုက်ရလို့ နောက်ကိုလှည့်ပြီး သေနတ်နဲ့ထိုးချိန်လိုက်တဲ့အခါ နောက်မှာရပ်နေတဲ့သူတွေကိုမြင်လိုက်ရလို့ ဘာသစ်ရှခါ ကြောက်လန့်ပြီး သေနတ်နဲ့ပစ်ချလိုက် တယ်။
“ဒိန်း…ဒိန်း….”
ရိုင်ဖယ်သေနတ်သံက ဘိုဂမ်ဘရာထောင်ကြီးရဲ့ညဉ့်ယံကိုနှိုးဆွလိုက်တာကြောင့် အကျဉ်း သားတွေ အကုန်လုံးလန့်နိုးကုန်တယ်။ မရှေးမနှောင်းမှာပဲ ထောင်ပိုင်ကြီးရဲ့ အိမ်က သေနတ်သံနှစ် ချက်ကြားလိုက်ရပြန်တယ်။
“ဒိုင်း…ဒိုင်း….”
“ဒိုင်း….”
အချုပ်ခန်းထဲကအကျဉ်းသားတွေက သံတိုင်တွေကိုလှုပ်ပြီး အပြင်ထွက်ဖို့ကြိုးစားနေကြတဲ့ အချိန်မှာ မျက်လုံးနှစ်လုံးနီရဲပြီး တုတ်ခိုင်တဲ့ခန္တာကိုယ်နဲ့သူနဲ့ မျက်လုံးပြူးကျယ်ပြီး မီးဝင်း ဝင်း တောက်နေတဲ့သူနှစ်ယောက် အောက်ထပ်က အချုပ်ခန်းတွေရှေ့မှာခေါက်တုန့်ခေါက်ပြန်လျှောက် နေကြပြီး မကြာခင်မှာပဲ အပေါ်ထပ်ကို အသာအယာခုန်တက်သွားတာတွေ့လိုက်ကြရတယ်။ အဲဒီ သူနှစ်ယောက်ဟာ ကာလီနဲ့ အနုရဒါးဆိုတာ အကျဉ်းသားတွေအကုန်သိနေကြတော့ အချုပ်ခန်း ထောင့်ကိုပြေးပြီး ငြိမ်ကုပ်သွားကြတယ်။ မကြာခင်မှာပဲ လေးထပ်ရှိတဲ့ ဘိုဂမ်ဘရာထောင်ကြီးမှာ အထိတ်တလန့်နဲ့ဆူညံအော်ဟစ်သံ၊ အကူအညီတောင်းသံတွေထွက်ပေါ်လာပါတော့တယ်။
ထောင်ဝန်ထမ်းတွေက ထောင်ပိုင်ကြီးကိုအကြောင်းကြားဖို့သွားကြတဲ့အခါ တံခါးပိတ်ထား လို့တံခါးကိုထုနှက်ပြီးခေါ်ကြပေမယ့် ထောင်ပိုင်ကြီးထံကတုန့်ပြန်သံမကြားရတာကြောင့် အားလုံး ရဲ့ဆုံးဖြတ်ချက်နဲ့ တံခါးကိုဖျက်ပြီးအထဲကိုဝင်လိုက်တဲ့အခါ ဆိုဖာထိုင်ခုံမှာသေဆုံးနေတဲ့ ထောင် ပိုင်ကြီးကိုမြင်တွေ့လိုက်ကြရတော့တယ်။ ထောင်ပိုင်ကြီးက ပါးစပ်ထဲကိုသေနတ်ငုံပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ထောင်ဝန်ထမ်းတွေက မှတ်ယူလိုက်ပါတယ်။ အဲဒီနောက်တော့ ထောင် ကိုထိန်းသိမ်းပေးဖို့ သီရိလင်္ကာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကိုအကြောင်းကြားလိုက်ပြီးတဲ့နောက် ဆယ်မိ နစ်အကြာမှာ ပြည်နယ်ရဲမှူုးနဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ လုံခြုံရေးတပ်ဖွဲ့တွေရောက်လာခဲ့တယ်။
ပြည်နယ်ရဲမှူးက ကြိုးတိုက်ကိုသွားရောက်စစ်ဆေးတဲ့အခါ ထိုင်ခုံပေါ်မှာ သတိလစ်နေတဲ့ ထောင်ဝန်ထမ်း ဘာသစ်ရှာခါကိုတွေ့လိုက်ရတယ်။ ပြည်နယ်ရဲမှူးက ကြိုးတိုက်ကိုစစ်ဆေးတဲ့ အခါမှာတော့ ဆီးတွေမစင်တွေထွက်ကျပြီး ဒူးတဆတ်ဆတ်တုန်နေတဲ့ ဒါဟမ်းမ်ကိုမြင်တွေ့လိုက် ရပါတော့တယ်။
ကြိုးမိန့်ကျထားတဲ့ ဒါဟမ်းမ်ကို အပြင်ထုတ်ခွင့်မရှိတာကြောင့် အဝတ်အစားတွေလဲဖို့ ပေးရင်း မေးမြန်းကြည့်တဲ့အခါ ကာလီနဲ့အနုရဒါးတို့အခန်းထဲရောက်လာပြီး လည်ပင်းကိုညှစ်ကြ ကြောင်းပြောပါတယ်။
အားလုံးစစ်ဆေးပြီးတဲ့နောက် ထောင်ပိုင်နဲ့ထောင်မှုးမရှိတဲ့ ဘိုဂမ်ဘရာအကျဉ်းထောင်ကြီး ကို ပြည်နယ်ရဲမှူး ရှီဟန်းက ခေတ္တတာဝန်ယူလိုက်ရတော့တယ်။
(ဇာတ်သိမ်း)
ပြည်နယ်ရဲမှူး ရှီဟန်းတာဝန်ယူပြီးတစ်ရက်အကြာမှာ ဒါဟမ်းမ်ကိုကြိုးမိန့်ပေးရမယ့် နေ့ ဖြစ်ခဲ့တယ်။ ပြည်နယ်ရဲမှူးရှီဟန်းက ဗုဒ္ဓဘာသာဝင်ဖြစ်တာကြောင့် ကြိုးပေးသတ်တာကို မကြိုက် ပေမယ့် တရားရုံးကချမှတ်ထားတဲ့ဥပဒေကိုမလွန်ဆန်နိုင်တာကြောင့် ဒါဟမ်းမ်ကိုကြိုးပေးဖို့ စီစဉ် ရပါတော့တယ်။
ဘိုဂမ်ဘရာအကျဉ်းထောင်ထုံးစံအတိုင်း ဒါဟမ်းမ်ကိုကြိုးမပေးမီတစ်ရက်အလိုမှာ စားချင် တဲ့အစားအစာ၊ တွေ့လိုတဲ့မိဘဆွေမျိုးတွေကိုမေးပေမယ့် ဒါဟမ်းမ်က ဘာမှမစားချင်ကြောင်းနဲ့ ဘယ်သူ့ကိုမှမတွေ့ချင်ကြောင်း၊ ဘာသာရေးအရဘာမှမလုပ်ပေးဖို့ပြောပေမယ့် ပြည်နယ်ရဲမှူး ကိုယ်တိုင် သရဏဂုံတင်ပေးခဲ့ပါတယ်။
“ဗုဒ်ဓံ…စရဏံ…ဂစ်ဆာမိ…။ ဓမ်မံစရဏံ..ဂစ်ဆာမိ…။ စံဂံစရဏံ ဂစ်ဆာမိ…”
“မရွတ်နဲ့……….မရွတ်နဲ့…ရပ်လိုက်တော့..”
အကြောက်အကန်ငြင်းဆန်နေတဲ့ဒါဟမ်းမ်ကို ပြည်နယ်ရဲမှူးက တအံ့တဩကြည့်ပြီး သရ ဏဂုံရွတ်ပြီးတာနဲ့ ချက်ချင်းရပ်လိုက်တယ်။ အဲဒီအချိန်မှာပဲ အပုပ်နံ့တွေထောင်းထောင်းထလာ တယ်။ တစ်ခါမှမကြုံဖူးတဲ့ မျက်မြင်သက်သေတွေအားလုံး ထိုင်ရမလိုထရမလိုဖြစ်ကုန်ကြတယ်။
ဒါဟမ်းမ်ကိုမျက်နှာဖုံးစွပ်ပြီး ကြိုးကွင်းစွပ်ထားတဲ့အချိန်မှာ ရုတ်တရက် အံဖုံးပွင့်သွားတယ်။ ဒေါက်ဖြုတ်မယ့်သူက ထောင်အရာရှိရဲ့ညွှန်ကြားချက်ကိုနာခံနေတဲ့အချိန်။ ကြိုးမိန့်နဲ့သေဒဏ်ပေး ခံရမယ့်အကျဉ်းသားအတွက် ကြိုးစင်ကို တာဝန်ရှိတဲ့ထောင်အရာရှိက အသေအချာစစ်ဆေးရပါ တယ်။ ဒေါက်ဖြုတ်မယ့်သူမရှိဘဲ ဒေါက်အလိုလိုပြုတ်သွားတာကြောင့် သက်သေအဖြစ်ကြည့်ရှုနေ ကြသူတွေအားလုံး ထိုင်ရာကထပြီး တအံ့တဩဖြစ်ကုန်ကြတယ်။
ဒါဟမ်းမ်ရဲ့အလောင်းကို ဆရာဝန်ကြီးကစစ်ဆေးပြီး သေဆုံးပြီဖြစ်ကြောင်း အတည်ပြု လိုက်တဲ့အခါ ယာယီထောင်ပိုင်တာဝန်ယူထားတဲ့ ပြည်နယ်ရဲမှူးက အလောင်းကို သင်္ဂြိုလ်ဖို့ လက်မှတ်ထိုးပြီးစာထုတ်ပေးလိုက်တယ်။
ဒါဟမ်းမ်ရဲ့အလောင်းကိုသင်္ဂြိုလ်တဲ့အခါ လက်ဖျံနဲ့ဗိုက်တွေမှာ အသားတွေစုတ်ပြတ်နေ တာကိုတွေ့လို့ ပြည်နယ်ရဲမှူး တအံ့တဩဖြစ်သွားတယ်။ ခွေးကိုက်စရာလည်းအကြောင်းမရှိပေ မယ့် သက်သေအဖြစ် ခွေးတွေကိုသွားကြည့်တဲ့အခါ ဒါဟမ်းမ်နေတဲ့အိမ်ရှေ့မှာ လျှာတစ်လစ်နဲ့ သေနေကြတဲ့ အယ်လ်ဇေးရှင်းခွေးနှစ်ကောင်ကို မြင်တွေ့လိုက်ရတယ်။
ပြည်နယ်ရဲမှူးက ချက်ချင်းပဲ ထောင်ဆရာဝန်ကိုခေါ်ခိုင်းပြီးစစ်ဆေးကြည့်တဲ့အခါ အဆိပ်မိ ပြီးသေတာမတဟုတ်ဘဲ ဇက်လိမ်ချိုးခံရလို့သေတယ်ဆိုတာသိသွားခဲ့တယ်။ ခွေးတွေကို ဘယ်သူ သတ်တာလဲလို့ ထောင်ထဲကအကျဉ်းသားတွေကိုမေးမြန်းပေမယ့် အဖြေမရခဲ့ပါ။
သို့ပေမယ့် တစ်ညမှာတော့ ပြည်နယ်ရဲမှူးတာဝန်ယူထားရတဲ့ရုံးခန်းတံခါးကို တဒေါက် ဒေါက်ခေါက်သံကြားလို့ တံခါးဖွင့်ကြည့်လိုက်တဲ့အခါ ကြောက်စရာကောင်းပြီး မီးခိုးငွေ့လိုဖြစ်နေ တဲ့ သူနှစ်ယောက်ကိုမြင်တွေ့လိုက်ရပါတယ်။ သူတို့နှစ်ယောက်ရဲ့မျက်လုံးတွေကနီရဲနေပြီး မီးခိုး ငွေ့လို လှုပ်ရှားနေကြတယ်။ မြင်တွေ့နေရတဲ့သူတွေဟာ လူသားစင်စစ်မဟုတ်တာ သိလိုက်တဲ့ ပြည်နယ်ရဲမှူးက….
“မင်းတို့ ဘယ်သူတွေလဲ…”
“ငါက ကာလီ….”
“ငါက အနုရဒါး…”
“ဟမ်…….ဗုဒ္ဓ…………”
ပြည်နယ်ရဲမှူးအထိတ်တလန့်ဖြစ်သွားချိန်မှာ ကာလီ့ဆီက စကားသံထွက်လာတယ်။
“ငါတို့ ကြိုးတိုက်ထဲမှာနေမယ်…. နေခွင့်ပြုပါ”
“ကြိုးတိုက်ထဲမှာနေခွင့်မပြုနိုင်ဘူး။ မင်းတို့နေချင်ရင် အခြားနေရာမှာနေပါ”
“မရဘူး…..ငါခွင့်မပြုနိုင်ဘူး….”
ပြည်နယ်ရဲမှူးငြင်းဆိုလိုက်တဲ့အချိန်မှာ ကာလီနဲ့အနုရဒါးတို့က ဒေါသတကြီးနဲ့ကြည့်ပြီး ပျောက်ကွယ်သွားကြတယ်။ အဲဒီအချိန်ကစလို့ ညစဉ်ညတိုင်း ကြိုးတိုက်ထဲက အော်သံတွေ ပိုပြီး ကြားလာရတယ်။ ကြိုးမိန့်ကျတဲ့အကျဉ်းသားတွေ ကြိုးတိုက်ကိုရောက်တာနဲ့ ကြောက်လန့်ပြီး နှ လုံးရပ်သေတဲ့သူတွေရှိသလို အုတ်နံရံကိုခေါင်းနဲ့ဆောင့်ပြီးသေတဲ့သူတွေရှိလာတာကြောင့် ကြိုး တိုက်သုံးခုစလုံးကို ပိတ်လိုက်ပြီး အသစ်ဆောက်လုပ်လိုက်ရတယ်။
အကျဉ်းသားဟောင်းဖြစ်စေ၊ အသစ်ရောက်လာတဲ့အကျဉ်းသားဖြစ်စေ အချင်းချင်းရန်ဖြစ် တာ၊ ဗိုလ်ကျ မိုက်ကြေးခွဲတာမျိုးလုပ်တဲ့သူဆိုလို့က နေ့ရောညပါ ကြောက်လန့်တကြားအော်ဟစ် ပြီး အချုပ်ခန်းထဲမှာ ပတ်ပြေးနေရတတ်တယ်။ အကျဉ်းသားအသစ်တွေ ထောင်ဗူးဝကိုဝင်တာနဲ့ ဘယ်သူရိုက်မှန်းမသိဘဲ ဇက်ပိုးကိုအရိုက်ခံရလေ့ရှိတယ်။
အဲဒါအပြင် ကာလီ၊ အနုရဒါး၊ ဒါဟမ်းမ်တို့မရှိတော့တဲ့အခါ သူတို့နေရာကိုအစားဝင်ဖို့ ကြိုး စားတဲ့ ကာလီရဲ့တပည့် ထောင်အနှစ်နှယ်ဆယ်အကျဉ်းသား အနေးလ် တစ်ယောက် သွက်သွက်ခါ ရူးသွားတဲ့ဖြစ်သွားခဲ့တယ်။
အနေးလ်က ကာလီရဲ့နေရာဝင်ယူဖို့ ကာလီရဲ့လူတွေကိုစည်းရုံးတယ်။ ရှေ့မှာ အနုရဒါး၊ ကာ လီနဲ့ ဒါဟမ်မ်းတို့ လမ်းပြခဲ့တော့ လူမသတ်ရဲဘူး။ အပျော့ဆွဲနဲ့ ချော့မော့စည်းရုံးတယ်။ အနေးလ် ကလည်း နာမည်ကျော် လူမိုက်ကြီးတစ်ယောက်ပါ။ အပြင်ဘက်မှာ သူ့ရဲ့တပည့်တပန်းတွေအများ ကြီးရှိနေတယ်။ ဒီတော့ သူပြောတာမနာခံရင် မိသားစုဝင်တွေကိုသတ်ခိုင်းမယ်လို့ ခြိမ်းခြောက် တယ်။ အကျဉ်းသားတွေမှာလည်း ရှေ့ကနေမားမားမတ်မတ်ရပ်ပေးနိုင်တဲ့ခေါင်းဆောင်လိုအပ် တယ်။ ခေါင်းဆောင်လုပ်တဲ့သူကလည်း ပြောရဲဆိုရဲရတယ်။ အနုရဒါးနဲ့ ကာလီတို့ဆို အကျဉ်းသား တွေစားရေးသောက်ရေးအဆင်မပြေရင် ထောင်ပိုင်ကိုတိုက်ရိုက်သွားပြောတယ်။ ဒီတော့ နှစ်ကြီး သမားလည်းဖြစ်၊ ကာလီရဲ့တပည့်လည်းဖြစ်တဲ့ အနေးလ်ကို ခေါင်းဆောင်တင်လိုက်ကြတယ်။
ခေါင်းဆောင်ဖြစ်ပြီး သုံးရက်မြောက်တဲ့နေ့မှာ အနေးလ်တစ်ယောက် ပြဿနာတစ်ခုနဲ့ရင် ဆိုင်ရတယ်။ အကြောင်းကတော့ အကျဉ်းသားနှစ်ယောက်ကို ထောင်ဝန်ထမ်းတစ်ယောက်က အ ကြောင်းမဲ့ နံပါတ်တုတ်နဲ့ရိုက်တဲ့ကိစ္စပါပဲ။ ထောင်ဝန်ထမ်းက ကြမ်းကြမ်းတမ်းတမ်းနဲ့လက်စောင်း အတော်ထက်တယ်။ ပါလီမန်အမတ်ရဲ့တူဆိုတော့ ထောင်ပိုင်ကလည်းမပြောရဲ၊ မထိရဲ။
အကျဉ်းသားနှစ်ယောက်ကို အကြောင်းမဲ့ရိုက်နှက်တဲ့ကိစ္စကို အနေးလ် ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်နေကြပေမယ့် အနေးလ်က တုပ်တုပ်တောင်မလှုပ်ပါ။ အကျဉ်း သားတွေဝိုင်းပြောမှ အနေးလ်လည်း နံပတ်တုတ်နဲ့ရိုက်တဲ့ထောင်ဝန်ထမ်းကိုသွားတွေ့တယ်။ အ ကျဉ်းသားသုံးယောက်က အနေးလ်ဘာပြောမလဲသိချင်လို့ နောက်ကမယောင်မလည်လိုက်သွား တဲ့အခါ ထောင်ဝန်ထမ်းရဲ့ရှေ့မှာ လက်နောက်ပစ်ပြီး ပြောသမျှ ခေါင်းတညိတ်ညိတ်လုပ်နေတာ တွေ့လိုက်ရတော့ အကျဉ်းသားသုံးယောက်လည်း စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားကြတယ်။
အဲဒီညမှာတော့………
“ဆူဟန်း…………….”
“ဟေ့ကောင်…ဆူဟန်း……….ထစမ်း…..”
နာမည်ခေါ်သံကြားပေမယ့် ထောင်ဝန်ထမ်း ဆူဟန်းက လုံးဝမထဘဲ ပေကပ်ပြီးအိပ်နေ တယ်။
“ဘုံး…..”
“အွန့်………..”
ကျောကုန်းကိုတခုခုနဲ့ထုနှက်ခံလိုက်ရတော့မှ အိပ်ရာထဲကလူးလဲထပြီး နံဘေးမှာရှိတဲ့ ရိုင် ဖယ်ကိုအမြန်ယူလိုက်ပြီး မောင်းဆွဲတင်လိုက်တယ်။
“ဂျောက်…..”
ထောင်ဝန်ထမ်း ဆူဟန်း ရိုင်ဖယ်ကိုအသင့်ပြင်ပြီး အခန်းအနှံ့ကြည့်လိုက်တဲ့အခါ တံခါးနား မှာရပ်နေတဲ့ မျက်လုံးနီကြီးနဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ဟာ……………”
သူ့ရဲ့မျက်လုံးတွေက နီရဲပြီးအရောင်လက်နေတယ်။ အဝတ်အစားမပါဘဲ ကိုယ်လုံးတီးနဲ့ဖြစ် နေတယ်။ သူဘယ်သူလဲဆိုတာ ဆူဟန်းသိလိုက်ပါပြီ။
“ကာ….ကာလီ….”
“ဆူဟန်း…….ငါ့လူတွေကို အကြောင်းမဲ့ရိုက်တယ်။ မင်းကိုလည်း ရိုက်ရမယ်”
“ဘုံး..”
“ဖျောင်း…”
“ဖောင်း…..”
မျက်နှာနဲ့ ခန္တာကိုယ်တစ်ခုလုံး ထိုးနှက်ခံနေရပေမယ့် ကာလီကတော့ တံခါးနားမှာ ရပ်နေမြဲ ပါ။
“ကြောက်…ကြောက်ပါပြီ…..မ…မလုပ်ပါနဲ့….ရပ်ပါတော့….”
“ဆူဟန်း…..မင်းရိုက်ခဲ့တဲ့ ဟိုနှစ်ကောင်ကို အကျဉ်းသားတွေရှေ့မှာ ဒူးထောက်တောင်းပန် ရမယ်။ ငါလုပ်ခိုင်းလို့လုပ်တယ်ဆိုတာလည်း ပြောရမယ်။ ငါပြောတဲ့အတိုင်းမလုပ်ရင် မင်းကိုအ သေသတ်မယ်ဆူဟန်း”
“လုပ်…လုပ်ပါ့မယ်…….။ မနက်ကျရင် သွားတောင်းပန်ပါ့မယ်”
ဆူဟန်း ပြောဆိုလိုက်တဲ့အခါ ကာလီက တံခါးကိုထိုးဖောက်ပြီးထွက်သွားပါတော့တယ်။
နောက်နေ့မနက်မှာတော့ နံပါတ်တုတ်နဲ့၇ိုက်နှက်ခဲ့တဲ့ ဒုတိယထပ်အဆောင်က အကျဉ်း သားနှစ်ယောက်ကို ဆူဟန်း ဒူးထောက်တောင်းပန်လိုက်တယ်။ ကာလီပြောလို့တောင်းပန်ရတဲ့ အကြောင်း ဆူဟန်းပြောတဲ့အခါ အကျဉ်းသားတွေအားလုံး တအံ့တဩဖြစ်ကုန်ကြပြီး လက်ခုပ် လက်ဝါးတီးကြတယ်။ ကာလီ့ကိုလည်း ဆုတွေတောင်းပေးကြပါတယ်။
ထောင်ဝန်ထမ်းဆူဟန်းလည်း ရှက်တာရော ကြောက်တာရောကြောင့် ဘိုဂမ်ဘရာထောင် မှာမနေရဲတော့ဘဲ ကိုလံဘိုမြို့မှာ ဘိုဂမ်ဘရာအကျဉ်းထောင်ပြီးရင် ဒုတိယအကြီးဆုံးဖြစ်တဲ့ ဝယ် လီကာဒါအကျည်းထောင်ကို ပြောင်းရွှေ့သွားပါတော့တယ်။
******************
ပြည်နယ်ရဲမှူးက အသစ်ရောက်လာတဲ့ထောင်ပိုင်ကို လွှဲပြောင်းပြီး ထောင်ကနေပြောင်းခါ နီးမှာ ကြောက်စရာကောင်းတဲ့မျက်နှာတွေနဲ့ တစ္ဆေကြီးသုံးကောင်က လာနှုတ်ဆက်တယ်။ ထောင် ကို စိတ်ချဖို့နဲ့ သူတို့စောင့်ရှောက်ပေးမယ်ဆိုတဲ့အကြောင်းလည်းပြောတယ်။ အဲဒီအကြောင်းကို ပြည်နယ်ရဲမှူးက ထောင်ပိုင်အသစ်ကိုပြောတဲ့အခါ ထောင်ပိုင်ကလည်း ယုံကြည်တဲ့အကြောင်း၊ သူ ရောက်တဲ့ညမှာပဲ အခုလိုလာပြောကြကြောင်း ပြည်နယ်ရဲမှူးကိုပြောလိုက်တယ်။
အဲဒီနောက်တော့ ထောင်ပိုင်အသစ်က ကြိုးတိုက်ဟောင်းနားမှာ ကာလီ၊ အနုရဒါး၊ ဒါဟမ်းမ် တို့အတွက် ညနေတိုင်း အစားအစာကျွေးမေးခဲ့တာ နောက်ထပ်ထောင်ပိုင်အသစ်ပြောင်းလာတဲ့အ ထိပါပဲ။ ၁၉၇၅ ခုနှစ် နိုဝင်ဘာ ၂၁, ၂၂ ရက်နေ့တွေမှာ နောက်ဆုံးကြိုးမိန့်အပေးခံခဲ့ရသည့် သူနှစ်ဦး ဖြစ်တဲ့ လူသတ်မှုကျူးလွန်သူ W. A. Richard နှင့် T. M. Jayawardena တို့နှစ်ယောက် ကြိုးတိုက် ထဲမှာမနေရဲလို့ နေရာပြောင်းပေးဖို့ ထောင်ပိုင်ကိုတောင်းဆိုခဲ့ကြတယ်။ ထောင်ပိုင်က ဘယ်လို ကြောင့်မနေရဲသလဲလို့ သိလျက်သားနဲ့မေးတဲ့အခါ သူတို့ကို မျိုးစုံခြောက်လှန့်တဲ့အပြင် ကြောက် စ ရာကောင်းတဲ့မျက်နှာကြီးတွေနဲ့ကြည့်ကြောင်း၊ ခြေထောက်ကိုဆွဲကြောင်း၊ အိပ်နေစဉ် ကိုယ်ပေါ် ကိုတက်ဖိထားကြောင်း။ တစ္ဆေသုံးကောင်ဖြစ်ကြောင်းပြောဆိုခဲ့ကြတယ်။
ဂန္ထဝင်တစ္ဆေကြီးသုံးကောင်ကတော့ သူတို့ကလွဲရင် ထောင်ထဲမှာဗိုလ်မရှိစေရဘူးလို့ သတ် မှတ်ထားပုံရပါတယ်။ ဒီလိုနဲ့ ၁၈၇၆ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဘိုဂမ်ဘရာအကျဉ်းထောင်ကြီးဟာ ၁၃၈နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ခုနှစ် ဇန္နဝါရီလတစ်ရက်နေ့မှာ အကျဉ်းထောင်ကို အ ပြီးတိုင်ပိတ်သိမ်းလိုက်ပါတော့တယ်။
၂၀၁၉ခုနှစ်မှာတော့ ဘိုဂမ်ဘာရာအကျဉ်းထောင်ကြီးကိုရှေးဟောင်းအမွေအနှစ်အဖြစ်သတ် မှတ်ပြီး ပြုပြင်မွမ်းမံကာ ယဉ်ကျေးမှုခရီးသွားများစင်တာအဖြစ်ပြောင်းလဲခဲ့ပါတယ်။ အကျဉ်း သားတွေမရှိတော့ ကာလီတို့လည်း ပျင်းနေတော့မယ်လို့ အငြိမ်းစားယူသွားတဲ့ ပြည်နယ်ရဲမှူး ရှီ ဟန်းက အငြိမ်းစားထောင်ပိုင်ကြီးကို စိတ်မကောင်းတဲ့လေသံနဲ့ပြောဆိုခဲ့တယ်။
ဘယ်လိုပင်ပြောင်းလဲပါစေ…..ဘိုဂမ်ဘရာအကျဉ်းထောင်ကြီးရဲ့ ကြိုးတိုက်က ဂန္ထဝင်တစ္ဆေ ကြီးသုံးကောင်ကတော့ ယနေ့ထက်တိုင်ရှိနေပါသေးတယ်။ ခရီးသွားဧည့်သည်တွေနဲ့ လာရောက် လည်ပတ်ကြသူတွေလည်း မြင်တွေ့ဖူးကြတယ်လို့ဆိုပါတယ်။
ကာလီ၊ အနုရဒါးနဲ့ ဒါဟမ်းမ်တို့တစ္ဆေသုံးကောင်က မတည့်အတူနေလို့ဆိုရပါလိမ့်မယ်။ တစ် ခါတရံ တပူးတွဲတွဲရှိနေတတ်သလို တစ်ခါတလေ လုံးထွေးသတ်ပုတ်နေကြတာကိုတွေ့မြင်ခဲ့တဲ့ ထောင်ဝန်ထမ်းတွေရှိပါတယ်။
ဘိုဂမ်ဘာရာအကျဉ်းထောင်ကြီးတည်ရှိနေသရွေ့ ဂန္ထဝင်တစ္ဆေကြီးသုံးကောင်လည်း ရှိနေဦး မှာမလွဲဧကန်ဖြစ်ပါတော့တယ်။
********************
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်