• June 6, 2025
  • admin
  • 0
#အိပ်ရေးတော် ပျက်မှာစိုးတယ်#
” ပြားရီ ဟင်းကရော ဘယ်မလည်းဟ” ပျိုးငှားနှုတ်သွားရန် ထုပ်ပေးလိုက်သော ထမင်းထုပ်တွင် ဟင်းကိုမတွေ့သဖြင့် ကိုချစ်မောင် ဒေါသတကြီး အော်ပစ်လိုက်သည်။
“ဟယ်တော် တော့အလုံးကြီးက ပြူးသလောက်ကိုကမ်းတယ်
အဲ့မှာလေ မမြင်ဘူးလား သေသေချာချာကြည့်ပါအုံးလား”
မနက်‌တုံးခေါက်ကတည်းက မီးဖိုချောင်ထဲ တကုတ်ကုတ်နှင့် ချက်ပြုတ်နေရသော မပြားရီ မှာလည်း စိတ်မရှည်စွာ ပြန်အော်ပြန်တယ်။
ကိုချစ်မောင် သင်္ကာမကင်း ရှိနေသော ထမင်းတစ်တတုံးကို။ အသာဟကြည့်လိုက်မှ အောက်ခြေမှာ ကပ်ထားသော ငါးပိထောင်းက ပြူးခနဲပေါ်လာထွက်လာတယ်။
” ဟာ့ ပြားရီ နင့်ဟာကလည်း ငါးပိထောင်းကြီးပဲလားဟ” ခုမနက် ဉထားတာတဲ့ ဘဲဥတွေက ဘယ်ရောက်ကုန်လို့တုန်း”
ဒီနေ့နှင့်ပါဆို သူမျှော်ရသည်မှာ လေးရက်မြောက်ပင်ရှိခဲ့ပြီဖြစ်သော်လည်း ဘဲဥကြော် အစား ငါးပိထောင်းကသာ နေရာယူထားဆဲ ဖြစ်လို့ သူစိတ်ပေါက်ပေါက်နဲ့ ကောက်အော်မေးမိလိုက်တယ်။
ဘဲဥ ဆိုကာမှ မနေ့က ထမင်းစားနားချိန် တက်ပုပြောပြတဲ့ မသိန်းခင် မျောက်မထားတဲ့ ဇာတ်လမ်းကလည်း အတွေးထဲ ဖျက်ခနဲပေါ်လာရပြန်တယ်။ လူရိုးကြီး ကိုစိုးမောင်မှာ အလုပ်နှင့် လက်ပြတ်သည်မရှိအောင် လုပ်ကျွေးရှာသော်လည်း ပွေလီးတက်သော မသိန်းခင်မှာ ဖဲသမား မြ‌အေးနှင့် အငယ်နှောင်းဇာတ်လမ်းကို လူသိရှင်ကြား မဖြစ်ရုံတမယ် ခင်းနေသည်ဟု ဆို၏။ နေ့စားအငှားလိုက်နေသော ကိုစိုးမောင်၏ ထမင်းထုပ်မှာ ငါးတံခွန်ခြောက်နှင့်သာ နေ့တိုင်းနှစ်ပါးသွားနေရပြီး ဖဲသမားမြ‌အေးကိုတော့ ကြက်သား ဝက်သားကို တစ်နေ့တမျိုး မရိုးရအောင် အိမ်သို့ဖိတ်ကျွေး၍တဖုံ ချိုင့်နှင့်ထုပ်ပြီး ဖဲရိုက်သည့်နေရာသို့တိုင်အောင် သွားပို့ရသည်ကတစ်ကြောင်းနှင့် အများပါစပ်ဖျားမှာ ရေပန်းစားနေတဲ့ ကျွန်ကုန်းရွာရဲ့ သတင်းတစ်ပုတ်‌ပေါ့။
“မြအေးအတွက် ဟင်းမ‌ကောင်းဘူး ဆိုရင်တောင် အနည်းဆုံးတော့ ဘဲဉကြော်ပဲဆိုပါလား” သူ့ ပါးစပ်မှ လွှတ်ခနဲထွက်သွားသည်အထိ ခပ်တိုးတိုး ရေရွက် လိုက်သည်။ “ဒီတိုင်းဆိုရင်တော့ ကိုစိုးမောင်ကမှ ငါ့ထက်သာနေအုံးမယ် ငါးတံခွန်ခြောက်နဲ့ ဘာနဲ့ ငါ့မှာတော့ ငါးပိထောင်းကြီးပဲ နေ့တိုင်းဆိုသလိုဖြစ်နေပြီပေါ့” သူ့ကိုယ်သူ ကိုစိုးမောင်နှင့် နှိုင်းယှဉ်‌နေမိတယ် ။ “ဟာ့ ဒါဆို ဒီမိန်းမလည်း မသိမ်းခင်လိုများ” သူအတွေးမဆုံးလိုက်
“ဟယ်တော် ဘဥတဲ့”မပြရီးရဲ့ စကားကြောင့် ၊ ကိုချစ်မောင် မျက်မှောင်ကြုပ်ပြီး စဉ်းစားကြည့်တယ် သူဘာများ မှားသွားသလဲ တခါတလေ စားချင်တာပြောမိတာလေ တန်ဖိုးကြီးမားတဲ့ အရာလည်းမဟုတ်ပါဘူးပေါ့။
“တစ်လုံးငါးဆယ်နဲ့ ဈေးလဲစားနေရတယ် တော်ရေ”
” တော့ ပျိုးနှုတ်ခနဲ့သာ စားရရင် လျှာပေါ်မြက်ပေါက်ရ ချည်သေးရဲ့ “
အဲ့တာတော့ဟုတ်တယ် သူကပျိုးနှုတ်တာမသန်ဘူး။ သူများတွေများ တစ်နေကုန်ကို တစ်ရာ၊ တစ်ရာ့ငါ့ဆယ်ရ‌နေသခိုက် သူကတစ်နေကုန် တစ်ရာ‌တောင် မရတဲ့နေ့ကရှိသေးတာ။ ဒီကြားထဲ ညနေပြန်လာရင် အရက်ဆိုင်ထဲကို သူက ရှေ့ဆုံးကဝင်တာ။ သူ့အမှား သူသိပေမဲ့ မကျေနပ်တဲ့စိတ်ကရှိ‌နေသေးတာကြောင့်
“နင် မသိမ်းခင် လိုတော့ မလုပ်နဲ့နော်” လို့ ခပ်ငေါက်ငေါက် ပြောမိလိုက်တယ်။
“ဂျိမ်းကလိမ်း” “ဂျွမ်း” ဘာတွေ ကိုကိုင်ပေါက်ပစ်လိုက်မှန်းမသိ အိုသံခွက်သံတွေ ဆူညံစွာထွက်လာပြီးနောက်
“တော် ကကျုပ်ကို ဘယ်လို အစားမျိုးထင်လို့လည်း” ဆိုတဲ့ မပြုံးခင်၏ အသံဟာဘတစ်ရွာ လုံးနီးပါ ကြားလောက်သည် ဟု ကိုချစ်‌မောင် ထင်လိုက်ရတယ်။
အိမ်ရှေ့သို့ ထဘီစွန်တောင် စွဲကာထွက်လာသော မိန်းမဖြစ်သူ သူ့နားသို့ ရောက်မလာခင် ခြံထဲမှအမြန်ထွက်မည် အလုပ်
“နေစမ်းပါအုံး ဘာခုမှ ရှောင်ပြေးမှာလည်း စောစောက စကားကိုပြန်ပြောစမ်း” ကိုချစ်မောင်ကအထင်က မသိန်းခင်တို့ ဇာတ်ကြောင်းကို သူ့မိန်းမနားထဲ မရောက်သေးဟု ထင်ထားတာ။
“မသိန်းခင်က ဘာဖြစ်လို့နေလို့တုန်း ပြောစမ်းပါအုံး”လို့ ပြားရီမေးမှ အကြောင်းစုံကို ရှင်းပြပြီး “နင် ဒါမျိုးတွေလုပ်နေတာလား”လို့ ခပ်တည်တည်နဲ့ ဟောက်ပစ်မယ်ပေါ့ သူ့စီစဉ်က။ သူမသိလိုက်တာက တက်ပု‌တောင် မသိန်းခင်ဇာတ်လမ်းကို သူ့မိန်းမဆီက ကြားလာရတာ။ ကိုချစ်‌မောင်ထင်ရင်လည်း ထင်ချင်စရာပါ တက်ပုလုပ်ပုံကလည်း မသိရင်ပဲ သူကိုယ်တိုင် ကြုံကြုက်ခဲ့ရလို့ ပြောနေတဲ့ပုံ။ သူ့တွက်ကိန်း လုံးလုံးမှားသွားပြီဟု သိလိုက်ရတဲ့အချိန်ဟာ နောက်ကျခဲ့ပြီ မပြားရီတစ်ယောက် ဒေါသတို့နှင့်တူ လေ၏လျင်မြန်ခြင်းမျိုးနဲ့ သူ့အနားကိုရောက်ရှိခဲ့လေပြီ။ သူအမြန်လစ်ရန် ပြင်နေသခိုက် ‌မပြားရီရဲ့ ဒေါသတကြီးနဲ့ဟန့်တားသံ‌ကြောင့် လှမ်းရန်လုပ်နေသော ခြေလှမ်းမှာ တုန့်ခနဲ ရပ်သွားရတယ်။
“တော်ကများကျုပ်ကို ဒီလိုမိန်းမယုတ်နဲ့ ဘာကိစ္စ လာနှိုင်းတာလည်း” ။ “ကျုပ်တို့မျိုးရိုးမှာ ဒါမျိုးရှိတာ တော်တွေ့ဖူးသလား ပြောစမ်း ပြောစမ်း” မပြားရီ ပြောခိုင်းနေပေမဲ့ ပုံမှန်အနေထားမှာတောင် စကားနည်းတဲ့ကိုချစ်မောင် ဒီလို နင်လားငါလားပြောရတော့မယ်ဆို ပြောချင်တဲ့ စကားလုံးတွေက မေ့‌မေ့‌နေတက်ပြီး နာရီဝက်လောက်ကြာမှ ပြန်ပြန်ပေါ်လာတက်တာမျိုး။ အဲ့တော့ မပြားရီပြောသမျှကို ပြန်လည်ချေပနိုင်ခြင်းမရှိပဲ ခွေးအကြီး လှည်းနင်းသလို ဖြစ်နေတော့တာ။
“တော်က စားချင်တာပဲသိတာ အများကြားရင် ကျုပ်ကပဲ လင်ယောက်ျားကို ဖွယ်ဖွယ်ရာရာ မချက်ကျွေးတဲ့ မိန်းမအဖြစ်နဲ့အမည်တပ်ပြီး ပြောကြလိမ့်အုံးမယ်။
” တော့ပျိုးနှုတ်ခ တစ်ခုထဲနဲ့စားလို့ရတယ် ထင်သလား ” သူအနည်းငယ် တွေဝေသွားတယ် “တက်ပုလည်း သူမိန်းမကို ဒီလောက်ပဲ ပေးတာပါပဲ တခါတလေ တက်ပုက သူ့လောက်တောင် ပြန်မအပ်နိုင်ဘူး ဒါလည်းဒီကောင် ဟင်းကောင်းအမြဲပါပါတယ်”။ အပြင်တော့ ထုတ်မပြော စိတ်ထဲမှတ်ထားလိုက်တယ်။ သူ့အရိပ်ကဲကို သတိထားမိသွားလားမသိ
“စားလို့ရလားဆိုတော့ စားလို့ရတာပေါ့ ဒါပေမဲ့”
“ခြေစောင့် လက်စောင့်ဆိုတဲ့ ငွေဆိုတာ ရှိရအုံးမှလေ” “ကျန်မာရေး ဖြစ်ပါပြီတဲ့ ပိုက်ဆံတွေ့မှ တချို့ဆရာတွေက ဆေးထိုးအပ် ကောက်ကိုင်ကြတာ တော်သိရဲ့လား” ” တော်ဘယ်သိမလည်း တော်ကပိုက်ဆံလေး ငါးရာ ၊တစ်ထောင်မျိုးပေးပြီးရင် ကျန်တာမသိ ဝန္တာမိပဲနေလိုက်တာ” “လူမြင်ကောင်းအောင် အလုပ်လေးနည်းနည်းလုပ်ပြ ဖင်မပူခင်ပြန်ထလာပြီး အရက်ဆိုင်ကိုသွား” ” မူးလာရင်စားပြီအိပ်မယ် တော်က ဒါပဲသိတယ်” ။
“ပြားရီမှာ ဟင်ရွက်လေးခူးရောင်းလိုက် ဘဲဥလေးကောက်ရောင်းလိုက်နဲ့ ကြက်မကြီးလို တစ်စေ့ချင်းကောက်ပြီး စုနေရတာ ဒီကြားထဲ တော်က အရက်ဖိုးမလောက်လို့ လာလာပြန်ခိုးသေးတယ်လေ”
“တိုးတိုး ပြောစမ်းပါ ဟာ မိုးမလင်းသေးဘူး” နင့်ဟာက တစ်ရွာလုံးနိုးကုန်ပြီ” ။ ဒီစကားကိုတော့ လူကြားမှာသူစိုးတယ် အရက်ဖိုးခိုးတဲ့လို့အပြောမခံနိုင်ဘူး။
“ကြား” “ကြား” “တော် သိအောင်တော့ ပြောရမှာပဲ”။ တားမရတော့ပါဘူး မပြားရီဒေါသက အချိန်ရသွားပြီး မူးနေလည်းကြားရ မမူးနေလည်းကြားနေရတဲ့ ဒီစကားတွေပဲ ထပ်ခါတလဲလဲ လာတော့မှာ အနည်းဆုံးတော့ နာရီဝတ်လောက် နားဒုက္ခရောက်ရပြီ။
ဘေးဘီကို ဝေ့ကြည့်မိတော့ တော်သေးတယ် တစ်ယောက်မှ မရှိ‌သေးလို့ ဒီလိုအော်ကြီး ဟစ်ကျယ်ပြောတက်မှန်း သိလို့လည်း သူဘာမှ မဟခဲ့တာ ဟော့ ခု ဟမိတော့ အရှက်ကွဲရပြီး သူနဲ့ပျိုးနှုတ်ဖော် တစ်ယောက်ယောက်ကများ ကြားသွားခဲ့ရင်ဖြင့် ပြောမဆုံးဘောင် တောသုံးထောင်ပဲ တစ်နေကုန် စနောက်ကြတော့မှာ။ ဒါကိုမသိ မပြားရီက မနားတမ်းဆက်ပြောနေပြန်တယ်
“နေ့စားလေးလိုက်လိုက် အလုပ်မရှိတဲ့အချိန် ထိုင်စားလို့ ကုန်သွားလိုက်နဲ့ တော်ခုလိုမျိုး ကွမ်း၊‌ဆေး၊ လက္ဖက် နပ်မှန်နေတယ်ဆိုတာ “ဟော့ဒီက ပြားရီး” ” ပြားရီ ” ” ဘုတ်” ဘုတ်”
” ဟာ ” “အဆုတ်တွေတော့ ကွာကုန်တော့မှာပဲ”
ဘုန်းကြီးပျံမှာ ဧယဉ်ကြူးးတဲ့ မင်းသမီးတွေလို သူ့ရင်ဘက်ကိုသူ လက်နဲ့တအားပုတ်ရိုက်ပြီး ပြောနေသဖြင့် ကိုချစ်မောင် ဝင်တားရသေးတယ်။
“ကွာ ပ‌လေစေ တော် သေ သွားလည်းအေးတာပဲ”။ “ကျုပ်မှာ တစ်ဖက်တစ်လမ်းက ဝင်လမ်းဆိုလို့ အားကိုးစရာ ဒီဘဲဥ ကြက်ဥလေးတွေ ရောင်းပြီးဖာထေးနေရတာ”။
” ပြီးတော့ ကလေးနှစ်ယောက်က ဘဲဥကြော်နဲ့မှ မဟုတ်ရင် ကျောင်းမသွားဘူးဆိုလို့ ဘဲဥတစ်လုံးကို ပဲမှုန့်များများ‌ရောကြော်ပြီး တစ်ယောက်တစ်ချမ်း ထမင်းထုပ်ပေးရသေးတယ်”။
” အဲ့တာမလို့ စားလို့မကောင်း ဖြစ်နေတာပေါ့ အမေ ဒီတခါ ပဲမှုန့်မထည့်တော့နဲ့ဗျာ ဘဲဥပလိန်းပဲကြော်ပေး”
အိပ်ရာကထလာတဲ့ အငယ်ကောင် အောင်မော် မတက်ရပ် သေးပန်းနေရာမှ အိမ်နောက်ကနေပြီး လှမ်းအော်ပြောနေတာ။
“တွေ့တယ်မလား တော့သား အဖိုးတန်တွေ” ” စာမေးပွဲမှာ အဆင့်ဘယ်လောက်ရလည်းမေတော့” ” ‌နောက်ပိတ်ဆုံးရတာကို ကောင်းကောင်းမပြောပဲ”
“တတန်းလုံး သူ့အောက်မှာ နှစ်ပဲ ရှိတယ်ဆို့တော့” ” ကျုပ်မှာတော့ အဆင့်တစ်ရတယ်ထင်လို့ ကြက်သားတောင် ချက်ကျွေးလိုက်သေးတယ်”။ “ဝိုင်စိန်မ လာပြောမ သိရတာက အဆင့်သုံးဆယ်တဲ့။”
” ဒီကြားထဲ မုန့်ဖိုးက တစ်ယောက် နှစ်ဆယ်”
“ဒါတောင် တော်ကကျုပ်ကို လင်ငယ်ကျွေးနေတယ်လို့ အထင်ကရောက် ရတယ်သေးလို့ ကြားလို့မှကောင်းရဲ့လား အရပ်ကတို့ရေ”
“တော်စမ်းပါ ပြားရီရာ အသံကောင်းဟစ်မနေနဲ့”
“နင်ဘဲဥနဲ့ လဲလဲပြီး နှစ်လုံးထိုးနေတာ ငါမသိရင်ခက်မယ်” ။ အမှန်တရားက နားခါတယ်ဆိုပေမဲ့ သူသိနေတာတော့ ဖော်ထုတ်ရမှာပဲ။ ဒီစကားကိုကြားတော့ မပြားရီမှာ ဆက်ဆက်ခါအောင် နာတော့တာ သူနှလုံးထိုးတယ်ဆိုတာက မိသားစုအတွက်တွေ ပါတယ်လေ ။ သူ့လို သောက်သောက်စားစား လုပ်သွားတာမဟုတ်ဘူး။
ဒီနေ့ကို ရောက်လာဖို့ မပြားရီ မျှော်ခဲ့ရတာကြာပေါ့။ ကြာပြီဆိုဘဲဥတောင် တစ်နေ့တစ်လုံးနဲ့ထိုးလာလိုက်တာ ကိုးဆယ့်ရှစ်လုံးရှိသွားပြီး ခုရက်က ဘဲဥကိုးဆယ့်ကိုးလုံးမြောက်နေ့ ချဲထွက်ရက်ကလည်း ဝါဆိုလ္ဆန်းကိုးရက် ကိုးနဝင်းကိုက်အောင်၉၉ထိုးရမယ်လို့ ဗေဒင်တုတ်ပေါ အဟောထုတ်ထားတယ်။ “ဒါကြောင့်ပဲ မနက်စောစော ဘုရားပန်း ဆွမ်း၊ရေချမ်းတွေကပ်လှူပြီးလို့ ဘုရားဂု‌ဏ်တော်ကိုးပါးရွက်ကာ စိတ်ချမ်းချမ်းသာသာနဲ့ ချက်ပြုတ်နေတာ” ” ဒါကို ဒင်းကမရိပ်မိဘူးလား စောစောစီးစိး အကုသိုလ်ပေးနေတာများ”
တွေးတွေးပြီး ပြင်းထန်စွာထွက်‌ပေါ်လာတဲ့ ဒေါသကြောင့် လက်ကကိုင်ထားတဲ့ ယောက်မက မြောက်တက်သွားပြီး ကိုချစ်မောင်ခေါင်ပေါ် ကျတော့တာ။ “ဒေါက်”
“အယား ” “နာတယ်ဟ မသာမရဲ့” “တောက်” ဒီဟာမ ငါလုပ်လိုက်ရရင်တော့ နာတော့မှာပဲ” ကိုချစ်မောင်ရဲ့ဒေါသက ဒီလောက်ပဲ အတူနေလာတဲ့ သက်တမ်းတလျှောက် ကလေးနှစ်ယောက်ရသည်အထိ ကိုထိလက်ရောက်ဆို၍ တခါမှမလုပ်ဖူးဘူး။
မပြားရီမှာလည်း စိတ်တိုနေတဲ့ကြားက ရယ်ချင်စိတ်ကို မနည်းထိန်ကာ မင်သေသေနဲ့
” ဒါ‌ကြောင့်‌ပြောတာပေါ့ သက်သက်သာသာနဲ့ အမြတ်များများရမဲ့ အလုပ်ကိုလုပ်ပါလို့ ပြောနေတာပေါ့”
” ကိုဘစီတို့နဲ့ လိုက်ပြီး ဝက်အရောင်းအဝယ် လုပ်ပါဆိုတော့ တော့လည်း “၊ “တော်ကမတုန်မလှုပ်နဲ့ စက်‌လေးတစ်စီးနဲ့ လိုက်ပြီးဝယ်ရုံပဲကို”။
ရန်ဖြစ်ရာက‌နေ သူမလုပ်ချင်တဲ့ အလုပ်ကိုလုပ်ရန် တရားချတဲ့ဘက် ကူးလာတော့သည်။ တအီးအီးနဲ့ငယ်သံပါအောင် အော်နေတဲ့ဝက်ကိုခြင်းထဲထည့်ပြီး စက်ဘီးကို အသည်းအသန် ထိမ်းပြီးနင်း‌နေရတဲ့ ဘစီရဲ့ကို့ရိုကားယားပုံစံက မျက်လုံးထဲဝဲကာဝဲကာ ပေါ်လာသဖြင့် “ဟူး” ခနဲသက် ပြင်းချမိလိုက်၏။
” ငါသွားတော့မယ် ဟိုမှာသာမောင် အရေးကြီးလို့ ခေါ်ထားတယ် ဆိုတာ ငါညကတည်း ပြောထားရဲ့သားနဲ့ ” ။ အခြေနေက အေးချမ်းတဲ့ဘက် ရောက်လာသဖြင့် သွားရန်ပြင်တော့သည်။
” ဪ ဖြစ်ရလေခြင်း ကျုပ်လည်း စောစောထ လုပ်ထားပေးတာပဲလေ” ” တော့်ဟာတော် မသွားပဲ ကျုပ်ကို ရန်လုပ်နေတာလေ”
“ဘဲဥကြော်လေးမပါလို့ ပြောမိတာကို ရန်လုပ် တာတဲ့လား၊ “တောက် ” ဒီလောက်တောင်ဖြစ်နေတဲ့ မိန်းမ ငါချဲပေါက်ပြီး လှည်းနဲ့နွားရလို့များတော့ ဒင်းကိုတင်သွားမယ်မထင်နဲ့ အောက်ကနေပြေးလိုက်ခိုင်ပစ်အုံးမှာ ” ထိုးထားတဲ့ချဲအားကိုးနဲ့ စိတ်ထဲကကြိတ်ပြီး ကြိမ်းလိုက်တယ် အပြင်ကိုတော့ ထုတ်မပြောတော့‌ပေ။ ထိုအခါမှ
“တော်ကျပါတော့ဗျာ ခင်ဗျားတို့မှာလည်း မကြီးမငယ်တွေနဲ့ စောစောစီးစီးကြီးကို”။
အနောက်ဘက်မှ ရုတ်တရက်ထွက်လာတဲ့ ထူးမောင်ရဲ့ အသံကြောင့် “ဒိတ်” ခနဲဖြစ်သွားတယ်။ ဘယ်သူမှ မကြားသေးဘူးလို့ သူထင်ထားတာ ခုတော့ထူးမောင်က ဘယ်အချိန်ကရောက်နေလည်းမသိ။
“နေစမ်းပါအုံး မင်းကအချိန်ထဲက ရောက်နေတာလည်း”။
ထိုအခါ မှ ပြုံးစစနဲ့ ထူးမောင် သူ့အနားကပ်လာပြီး ခေါင်ပေါ်မှာယောက်မနဲ့ရိုက်ထားတုန်းက တင်နေခဲ့သော ထမင်းလုံး များကို ပုတ်ချပေးရင်း
” ခင်ဗျား ဟင်းမတွေ့လို့ အော်နေကတည်းကဆိုပါတော့ ” ဟု ဆားပုလင်းနှင်းမောင် လေသံနဲ့ပြောလိုက်‌၏။
“ဟာ့ ဒါဆို အစကတည်းက ရောက်နေတာပေါ့” သူ့အမေးကို ထူးမောင် ရိုးရိုးမဖြေ ဆေးပေါလိပ်ကို ဟန်ပါပါ ဖွားလိုက်ပြီး ခေါင်ညိတ်ပြတယ်။ တဆက်တည်းမှာ
” ဟုတ်တယ် အိမ်သာတက်နေတာ ခင်ဗျားတို့ရန်ဖြစ်နေတာ အကုန်သိတယ် ဗိုက်ရစ်ရစ်ပြီး နာနေလို့ခုတောင် မဝတဝနဲ့ ထလာရတာ” ။
ထူးမောင်ပြောစကား သူမယုံပါဘူး တမင်ချောင်းကြည့်နေတာပဲဖြစ်မှာ။ ဒီကောင်တွေအကြောင်း ကိုချစ်မောင်က အူမ ချေး‌ခါအထိသိနေတယ်။ ပျိုးနုတ်တဲ့အခါ သူ့အားစကြတော့မည်ကို ကြိုသိနေပြီ။ ဒီလိုပဲ တရောက်အကြောင်းကို တယောက်ချောင်းပြီး အလုပ်လုပ်ကြတဲ့အခါမှာ စကြနောက်ကြနဲ့ မောရပန်းရတာတွေ ပျောက်ခဲ့ရတာပါပဲ။
အရှေ့ဘက်မှာ နှုတ်နေကြတဲ့ သာမောင်တို့ အဖွဲ့မှာ တဝါးဝါးနဲ့ပွဲကြနေတော့တာ တချက်ချက်လည်း သူ့ကိုလှမ်းလှမ်းကြည့်ပြီး ပြုံးစိစိနဲ့ သူသိလိုက်ပြီ ထူးမောင် ဖောက်သည်ချလို့ သကောင့်သားတွေ သဘောခွေ့နေကြတာဖြစ်မှာပဲ။ သူက အဲ့တာတွေကို ဂရုမစိုက်အား တခါမှမထိုးခဲ့ဖူးတဲ့ချဲကို ပေါက်သွားရင် နွားနဲ့လှည်းရနိုင်တယ်ဆိုလို့ သူထိုးမိခဲ့ပုံသမိုင်းကြောင်း ပြန်စဉ်းစားနေမိတယ်။
တက်ပုက လောင်းကစားနဲ့ ပတ်သတ်လာရင် စွယ်စုံသူတစ်ယောက် စီးပွားပျက်တဲ့ထိတော့ မလုပ်ပေမဲ့ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ကံစမ်းတက်တယ်။ အရက်ဝိုင်းမှာ ချဲဒိုင်နဲ့တွေ့လို့ တက်ပုချဲထိုးတော့ သူ့ကိုပါ ဆွယ်တရားဟောတယ် လွယ်လွယ်နဲ့တော့ရခဲ့တာမဟုတ်ဘူး တက်ပု အကွက်ကျကျ ရှင်းပြခဲ့လို့ အရက်နှစ်လုံးတစ်ပိုင်အကုန်မှာ ထိုးမယ်ဖြစ်ခဲ့တာ။
တစ်နေ့ညနေခင်း ပျိုးနှုတ်ကပြန်အလာ မိုးကလည်း တဖွဲဖွဲနဲ့ရွာနေတော့တာ။ ရေမိုးချိုးပြီး ရေနွေးတအိုးနဲ့ ဇိမ်ယူ‌ နေတဲ့ကိုချစ်မောင် ဆေးပေါ့လိပ်ကိုဖွာပြီး လယ်ကွင်းစိမ်းစိမ်းတွေဆီ အကြောင်းမဲ့ငေးကြည့်နေမိတယ်။ ယိမ်းနွဲ့လှုပ်ရှားနေတဲ့ စပါးပင်များမှာ လှိုင်းထနေတဲ့ ပင်လယ်စိမ်းကြီးပမာ ရှိနေတော့သည်။
ထိုစဉ် “ဘုန်းဘုန်ပေးတဲ့ သုံးသုံးလေး” “ဘုန်းဘုန်းပေးတဲ့သုံးသုံးလေး” ဆိုပြီး မိုးရေထဲဆော့ကစားနေတဲ့ ကလေးတစ်သိုက်ရဲ့ အသံမှာ သူ့နားထဲရောက်လာခဲ့တယ်။
ဘာဂဏန်းထိုးရင် ကောင်းမလည်း စဉ်းစားနေခိုက် ထိုအသံကိုကြားရတာကြောင့် အယူတော်မင်္ဂလာဘက်မှာ အလွန် ဝါသနာထုံသူပီပီ “သုံးသုံးလေး” ဟာ မလွဲဧကန် သူထိုးရမဲ့ဂဏန်းပဲဆိုကာ သုံးထောင်ဖိုး အောပစ်လိုက်တာ။ စိုးဝင်း ပျိုးဖိုးရှင်းပေးလိုက်တဲ့ပိုက်ဆံ ကုန်ပါလေရော အဲ့ကတည်းက ပြားရီမ ဗျက်တောက်ဗျက်တောက်နဲ့ ရန်စောင်နေတာကို မသိချင်‌‌ယောင်ဆောင်‌ပြီး နေလာခဲ့မျှဒီကနေ့မှ ရန်ထဖြစ်ရတော့တာ။
” ဟာ့ ကိုကြီးချစ်မောင် လုပ်လိုက်ရီလားဗျ” ” ဒီမှာ ကျွန်တော်ဆွဲလာသေးတယ်” “တစ်ယောက်နည်းနည်းတော့ ရမယ်ထင်တာပဲ လာသောက်လဲ့အုံး”။
အတွေးနယ်ချဲ့နေတာနဲ့ ပတ်ဝန်ကျင်ကို သတိမထားမိဖြစ်သွားတာ ခါးနားမဲ့အချိန်တောင်ရောက်ပြီ။
” တို့ကတော့ နှုတ်မှရမယ်‌ဟေ့ ယောက်မကိုက ကြောက်ရသေးတာဟ ” နောက်ကလိုက်လာတဲ့ လွင်မောင်စကားကြောင့် တဝါးဝါးနဲ့ ပွဲကျသွားကြတယ်။ ကိုချစ်မောင်ကတော့ ပြုံးပြုံးစိစိနဲ့ မြှုံးမိထားတဲ့ ငါးခုံးမကြီးလို ဖြစ်နေတော့တာ။ ထူးမောင်ကိုလည်း စိတ်ထဲက ကျိမ်းဆဲနေတော့တယ်။
သာမောင်လယ်ဟာ နောက်ဆုံးသိမ်း စိုက်တာကြောင့် မိုးနည်းနည်းချုပ်မှ ဘုံဆိုင်ကို သူတို့ရောက်ကြရတယ်။
“ဟေ့ မင်တို့ရော ချဲပေါက်ကြလား” ရောက်တယ်ဆိုရင်ပဲ အရက်ဆိုင်ရှင် စီးတိုးကစီးမေးတယ်။” ဘာဂဏန်း ထွက်သွားတာလည်း”ဟု တက်ပုကမေးလိုက်တယ်။ “ကလေးတွေဆိုဆိုနေတဲ့ ဘုန်းဘုန်းပေးတဲ့ သုံးသုံးလေး လေကွာ” စီတိုးစကားကို ကိုချစ်မောင် ကြားတော့ ထကချင်စိတ်ကို မနည်းမြိုသိမ့်လိုက်ရတယ်။
တက်ပုတို့အဖွဲ့ကတော့ “ဟာ” “ဟယ်” ” ဟို” ဆိုတဲ့အသံတွေကို ညံသွားတော့တာ။ တချို့ကလည်းတစ်လုံးလွှဲ တချို့ကလည်းခုခါမှ သူ့အိမ်မက်ကအမှန် သူကောက်တာမတည့်ကြောင်း တွေနဲ့ ပြောဆို ဆူညံကုန်တော့တာ။
ကိုချစ်မောင်ကတော့ ကြိတ်ပြီပျော်နေရှာတာ သူကြားတာမမှားဘူး ၃၃၄ တဲ့ ဘုန်းဘုန်းပေးတဲ့ ၃၃၄ကွလို့ အော်ပစ်ချင်တာ ဒါပေမဲ့ သူမအော်ဘူး ။ သူအရက်တိုက်ရမှာ ကြောက်လို့မဟုတ်ဘူး အောင်ပွဲခံခိုင်းနေရင် သန်ခေါက်ကျော်မှ အိမ်ကို ပြန်ရောက်လိမ့်မယ်။
ကိုချစ်မောင်တစ်ယောက် အိမ်ပြန်ချင်တာက ဖင်တကြွကြွနဲ့ ဖြစ်နေပြီ။ ရိပ်မိသွားမှာစိုးသောကြောင့်တာ ဟန်မပျက်ဆက်သောက်နေရတာ စိတ်ကတော့ ဝါးလုံးခေါင်ထဲ ထည့်ထားတဲ့ ချဲဘောင်ချာဆီကိုရောက်နေတယ်။ သူ့ကလေးတွေများ ကစားရင်းတွေ့သွားလို့ ဆုတ်ဖြဲပစ်ရင်ဆိုတဲ့ အတွေးကကြီးစိုးနေတော့တာ။
တဖက်မှာလည်း မပြားရီတစ်ယောက် ဗေဒင်ဆရာ တုတ်ပေါကို ကြိတ်ပြီးဆဲနေတယ်။ ကိုးနဝင်းကိုက်ရင် ပေါက်ကို‌ပေါက်ရမယ်ဆိုလို့သူထိုးခဲ့တာ ထွက်သွားတာကဖြင့် ၂၅ ဘာမှတောင်မဆိုင်သွားဘူး။ သူထိုးခဲ့တဲ့ ဘဲဥတွေကို စဉ်းစားမိလေ နှမြော‌ လေ‌လေစိတ်‌ကြောင့် တတွက်တွက်ပြောနေရှာတယ်။
“အမေရာ ဘဲတွေရှိပါသေးတယ် ထက်ဥအုံးမှာပေါ့’
သားနှစ်ယောက်ဖြစ်တဲ့ အောင်မောနဲ့အောင်သော်က ဖြေသိမ့်ပေးနေရတယ်။
ဒီကြားထဲ သူ့ယောက်ျားက ပြန်မလာသေးတာကြောင့် စိတ်ကမဖြောင့်ဘူး ဖြစ်နေတာ။ မနက်က ကိစ္စကြောင့်များ ပြန်မလာတော့တာလားပေါ့ မမျှော်မျှော်နဲ့ ရှိနေခိုက်
” ပြားရီ ပြားရီး” ဓာတ်မီးယူခဲ့ ဓာတ်မီးယူခဲ့” မောင်ရီဖြိုးဖျမှာ ကိုချစ်မောင်ရဲ့ ဥယျာဉ်တိုင်ထောင့်က အလောတကြီးနဲ့ခေါ်နေတဲ့ အသံကြောင့်
“ဟဲ့ဟဲ့ ဟိုကောင်လေး ဓာတ်မီးတဲ့ ဓာတ်မီး သွားယူစမ်းဘယ်ရောက်သွားလည်း” သားမီးနှစ်ယောက် စောစောလေးကမှ တွေ့နေသေးသော ဓာတ်မီးကပျောက်ခြင်းမလှပျောက်သွားသဖြင့် အသည်းသန်လိုက်ရှာကြတယ်။
“အမေ့ ဒီမှာအမေ့သား” အကြီးကောင် အောင်သော်ရဲ့ စကားကြောင့် မပြားရီ အပြေးအလွှာသွားကြည့်မိလိုက်ရာ အငယ်ကောင်အောင်မော်က မီးခွက်တစ်လုံးရှေ့မှာ ကျကျနနထိုင်ပြီး ဓာတ်မီးကိုတစ်စစီဖြုတ် ထားတာတွေ့ရတယ်။
“ဟယ် အရေးထဲ ဒီကောင်လေး “ဒေါက်”
” ငါပြောပြောနေတယ် ဓာတ်မီးတွေကို ယူယူမဆော့နဲ့လို့ ။
” အားဝါး” ဝါး ” “တူများခေါင်နားသွားတာပဲ ” မပြားရီရဲ့ ခေါင်းခေါက်သံ အောင်မော်ရဲ့ငိုသံများ ဆူညံစွာထွက်လာသဖြင့် ကိုချစ်မာင်မနေသာတော့
“မီးခွက်ဖြစ်ဖြစ် ဖ‌ယောင်းတိုင်ဖြစ်ဖြစ် ယူခဲ့စမ်းဟာ” ။
သားမိနှစ်ယောက် အနားကိုမီးခွက်တစ်လုံးနဲ့ ရောက်လာတော့ အရက်တစ်ပိုင်းကို ခါးကြားမှာထိုးထားတဲ့ ကိုချစ်မောင်ကို ဟိုစမ်းဒီစမ်းနဲ့ တွေ့ရတယ်။ ထိုအခါ ပြူးပြူးပျာပျာနဲ့ မပြားရီက
“ဘာဖြစ်လို့လည်း ကိုချစ်မောင် “ဟုမေးတယ် ကိုချစ်မောင်မဖြေအား
” အဲ့ဝါးလုံးခေါင်းထဲကြည့်စမ်း ဒီဝါးလုံးခေါင်ထဲကြည့်စမ်း”နဲ့ ဝါးလုံး‌ခေါင်တွေထဲကို အောင်သော်အား မီးခွက်နဲ့ကြည့်ခိုင်း‌‌ နေတော့တယ်။ ဝါးလုံးသုံးလုံး ရှာပြီးသည်တိုင်အောင် မတွေ့ရတော့ ကိုချစ်မောင် ဇောချွေးပြန်လာရတယ်။
“ဒီကလေးတွေ ဆော့ပစ်ပြန်ပြီလားမသိပါဘူး” ထိုအချိန်ထိကို သားမိနှစ်ယောက်မှာ နားမလည်နိုင်ပဲရှိနေတုန်း။
“ဘာလည်းတော် ကိုချစ်မောင်ရယ် တော့ဟာက မထိတ်သာမလန့်သာ ရှိလိုက်တာ” ။ မပြားရီရဲ့ စကားကို မဖြေအား ကိုချစ်မောင် စဉ်းစားနေရ၍ လက်ကိုတာ ကာပြထားတယ်။
” ဟုတ်ပြီ ပေးစမ်းမီးခွက်” ကိုချစ်မောင် မီးခွက်ကို ဆွဲလုလိုက်ပြီး ဘုရားအိုးစင် အောက်တည့်တည့်က ဝါးလုံးခေါင်းထဲကို ကြည့်လိုက်မှ ဖြူလွှလွှချဲဘောင်ချာ စာရွက်လေးကို မြင်လိုက်ရတော့သည်။
” ဟယ် သုံးထောင်ဖိုးတောင် မှ” မပြားရီ ချဲဘောင်ချာကို ဝင်းလတ်တဲ့မျက်လုံးတွေနဲ့ ကြည့်ရင်းမှ ထအော်လာသဖြင့် ကိုချစ်‌မောင်က ပါးစပ်ကို လက်ညိုးနဲ့ကပ်ကာ
“ရှူး” တိုးတိုးလုပ်စမ်းပါဟ သူများကြားလို့ လာညှင်းနေအုံးမယ် ” ဟု လေသံနဲ့ ပြောလိုက်မှ မပြားရီဇာတ်ကလေး ပုသွားရတယ်။
ထိုနေ့က ကိုချစ်မောင်တို့အိမ်မှာ ထူဆန်းမှု့တွေ တစ်ခုပြီးတစ်ခု ဖြစ်သွားတယ်။ မပြားရီတစ်ယောက် ကိုချစ်မောင်ချိုးမဲ့ရေကို ကိုယ်တိုင်ရေတွင်းမှခပ်ပေးနေတယ်။ ရွာထဲက ကုန်စုံးဆိုင်မှာ အောင်သော်နဲ့အောင်မော်ကို ဆပ်ပြာမွှေးနဲ့ ဒူးယားစီကရက်တစ်ဗူး အပြင် စူပါကလင်လေးပုလင်းကိုပါ ဝယ်ခဲ့ခိုင်းလို့ သားနှစ်ယောက်မှာလည်း ရွှင်ရွှင်လန်းလန်းနဲ့။ မနက်ဖြန်မှာရောင်းရန် ရွယ်ထားသော ကြက်တွေထဲက အကြီးဆုံးကြက်ဖတစ်ကောင်ကိုလည်း ကိုချစ်မောင်ကို ကိုင်ခိုင်းတယ်။ မပြားရီက ကြက်သားကို မဆလာနိုင်နိုင်နဲ့ ချက်ပေးနေတော့တာ။ အရက်တစ်ခွက်ကိုသောက်ပြီး ဒူးယားစီးကရက်ကိုခဲကာ ကိုချစ်မောင် စဉ်းစားမိတာက ထူးမောင်တစ်ယောက်ကို မြင်စေချင်‌နေတာ။
ထမင်းစားပြီးသွားပြီဖြစ်တဲ့ အောင်မော်နဲ့အောင်သော်ကတော့ တောက်တခေါက်ခေါက်နဲ့ သူတို့ထမင်းအရင်စားလိုက်မိတာကို နောင်တရနေကြတော့တာ ။ ဗိုက်ချောင်သွားအောင်ဆိုပြီးတော့လည်း အိမ်ပေါ်မှာလိုက်ခုန်နေသဖြင့် ကြမ်းတွေကျိုးကုန်မှာစိုးလို့ ငေါက်ထားရသေးတယ်။
ထိုနေ့ညက ချဲဘောင်ချာကို ကြည့်လိုက်၊ တခေါခေါနဲ့ပင်ပန်းပြီး အိပ်နေတဲ့ ကိုချစ်မောင်ကို ကြည့်လိုက် နဲ့ ဖယောင်းတိုင်တစ်ချောင်းကိုင်ကာ မပြားရီတယောက် အိပ်မပျော်နိုင်ပဲရှိနေတော့တာ။
ကိုချစ်မောင် ဝတ်ထားတဲ့ သထွန်ကွက်အင်္ကျီကြောပြဲနေရာမှာ လည်ကတုံးအင်္ကျီနဲ့ ဘန်ကောက်လုံခြည် တို့ကနေရာယူထားပြီး လှည်းမောင်းနေတဲ့ ကိုချစ်မောင်ရဲ့နောက်မှာ သူကပါတိတ်ဝမ်းဆက်နဲ့ တလက်လက်ထနေတဲ့ လက်ကောက်ကို ကြည့်ပြီးလိုက်နေတာ။
တစ်ခုချင်းစီကို မျက်လုံးစုံမှိတ်ပြီး စိတ်ကူးပုံဖော်နေခိုက် “ဝီ ဝီ ဝီ” နားပေါက်ဝမှာ ခြင်တစ်ကောင်က လာပျံသန်နေတာကြောင့် အတွေးစတို့က ပျက်သွားရတယ်။
“ဟုတ်ပါရဲ့တော် ကိုချစ်မောင်ကို ခြင်တွေဘယ်လောက်တောင်များ ကိုက်ထားပြီလည်း မသိပါဘူး” ။ အရင်နေ့တွေက အကြောင်းမဟုတ်ပေမဲ့ ဒီမနက်အထမှာတော့ ကိုချစ်မောင် စိတ်ကြည်နေမှဖြစ်မှာ။ အဲ့တာကြောင့်ပဲ သဘက်လေးနဲ့ ရမ်းပေးနေမိတယ်။
ဒိလိုနဲ့ ကိုချစ်မောင်ရဲ့ ခြေထောက်က လှုပ်ခါသွားသဖြင့် အောက်ဘက်ကို ခြင်ရမ်းပေးရန်အသွားမှာ ‌ဘောင်ဘီးအကွဲကြားမှာ ဖွင့်ဖွင့်ထွားထွားနဲ့ ကိုချစ်မောင်ရဲ့ အာလူးနှစ်လုံးက ထွက်ကျနေတာ တွေ့လိုက်ရတယ်။
“ဟယ်” မပြားရီ “ဟယ် “တစ်လုံးသာ ပြောနိုင်ရှာတယ်။
ကိုချစ်မောင် ဝတ်ထားတဲ့ ပုဆိုးက ခါးပေါ်ရောက်နေပြီး အောက်ခံအဖြစ်ဝတ်ထားတဲ့ အာကာထွန်းဘောင်ဘီမှာလည်း ဂွမှာအတော်လေးပြဲနေသောကြောင့် အပြင်သို့လွတ်လွတ်ထွက်နေကြသော ကိုချစ်မောင်ရဲ့ အာလူးသီးမှာ ခြင်တစ်ကောင်က အသည်းအသန် ခဲထားလေ၏။
“သွေးဝပြီးမပျံခင် ဒီခြင်ကောင်ကို သေအောင်ဘယ်လို သက်ရပါ့” မပြားရီစဉ်းစားတယ်။ လက်နဲ့ရိုက်လို့ကတော့ ဘယ်ဖြစ်မလည်း ကိုချစ်မောင်နိုးသွားမယ်။ မပြားရီ အတန်ကြာစဉ်းစားပြီးမှ အကြံတစ်ခုက ဖျက်ခနဲရသွားတာ ။
ကိုချစ်မောင်ရဲ့ အနားမှာ ငုတ်တုတ်လေးထိုင်ပြီး ခြင်ရဲ့ကိုယ်‌ပေါ် တည့်တည့်ကိုမှန်းကာ ဖရောင်းတစ်စက်ကို ဆက်ခနဲ တောက်ချလိုက်တော့သည်။
“အမလေးဗျ” ဟု ဆိုကာ ကိုချစ်မောင် အလန့်တကြားနဲ့ ငုတ်တုတ်ထထိုင်မိတော့ ဖယောင်းတိုင်ကိုင်ပြီး ပြုံးစိစိနဲ့သူ့ကို ကြည့်နေတဲ့ မပြားရီကို တွေ့တယ်။
“ဘာလုပ်လိုက်တာလည်းဟ ပြားရီရ” ဟု ပွတ်ရင်းနဲ့မေးကြည့်လိုက်တာ။
“ဟိုလေ” ဟို” ” ဟို ” တော့်အာလူးသီးမှာ ခြင်‌တစ်ကောင် ကိုက်နေတာတွေ့တာနဲ့ ရိုက်လိုက်ရင် တော်နိုးသွားမှာစိုးလို့ ‌ဖယောင်းစက်နဲ့ချလိုက်တာ”။
” ဟာ ဒီမသာမ” “ငါလုပ်ရင် နာတော့မယ်” ဟုဆိုကာ ကိုချစ်မောင် ရယ်ရမလို ငိုရမလိုဖြစ်သွားရတော့သည်။(ပြီး)
#မင်းသက်ခိုင်# (ဖြူ)

Leave a Reply

Your email address will not be published. Required fields are marked *