အောင်မြတ်သာနှင့်ရေမျောကမ်းတင်(စ/ဆုံး)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)
မြင်းမဟီရွာနေထွက်ခဲ့ပြီးနောက်ပိုင်း
အောင်မြတ်သာ တို့ဆရာတပည့်နှစ်ဦး ဧရာဝတီတိုင်းဘက်သို့
ခြေဆန့်ခဲ့ကြတယ်။
အချိန်ကား တောရွာတွေမှာ ဆူပူမှုတွေ
ဆက်တိုက်ကြုံနေကြတဲ့အချိန်။ အုပ်ချုပ်ရေးက
လည်း ထင်သလောက်ခရီးမပေါက်တဲ့ တောရွာ
လေးတွေမှာ ခိုးဆိုးလုယက်သူတွေရဲ့ အမိန့်
အာဏာက ဘုရင်တစ်ဆူလိုဖြစ်နေကြသည်။
ပုလိပ်ဆိုတာ ဓနိတောရွာမှာ ကြားသာကြားဖူး တယ်။ ဘယ်လိုပုံလဲဆိုတာ.မမြင်ဘူးကြ။
ခေတ်မီတဲ့သူတွေက ဓာတ်ရှင်တွေထဲမှာ ပုလိပ
်ဆိုတာ ဘောင်းဘီအတိုနဲ့ လက်ထဲမှာ.ဇာဝီတုတ်
တကိုင်ကိုင်နဲ့ ခါးကြားမှာ.သေနတ်ပါတယ် ဆိုတာ
လောက်ပဲသိကြတော့ သူတို့လည်း ဓာတ်ရှင်ထဲ
ပါတဲ့အတိုင်းသာပြောနိုင်ကြတယ်။
ဓနိတောရွာဆိုတာက လူသူအရောက်ပေါက်
အလွန်နည်းတဲ့ ရွာလေးတစ်ရွာ။
တစ်ရွာလုံးနီးပါး.ငါးဖမ်းတဲ့အလုပ်နဲ့အသက်မွေး
ကြပြီး ယခင်ကတော့ ဓနိပင်တွေအများကြီးပေါက်
လို့ ဓနိတောရွာဆိုပြီး.နာမည်တွင်လာခဲ့တာလို့
လူကြီးတွေပြောကြတယ်။
ဓနိတောရွာကလေးက အရမ်းကြီးဆင်းရဲတယ်
လို့မဆိုနိုင်သလို.အရမ်းကြီးလည်းမချမ်းသာကြဘူး။
ရွာမှာအလှူ တွေဘာတွေရှိမှာသာ.တခြားရွာနီးချုပ်စပ်တွေကလာတတ်ကြတယ်။
ပုံမှန်ဆိုရင်ဖြင့် မိမိရွာသားတွေလောက်ပဲ ရှိတော့ အပြင်လူဝင်တာနဲ့ မျက်မှန်းတန်းမိတယ်။
တစ်နေ့မှာတော့ ဓနိတောရွာကလေးရဲ့ ချောင်းစပ်
ကို လူတစ်ဦးရေနဲ့မျောလာခဲ့တယ်။
” ထွန်းအောင် ဟိုမှာ လူတစ်ယောက်မဟုတ်လား”
” သေနေပြီလား.မသိဘူး”
ဓနိခုတ်သွားကြမယ့် ထွန်းအောင်နဲ့ မြတ်သူ.
နှစ်ယောက်ပျာပျာသလဲ.ဖြစ်သွားတယ်။
” မြတ်သူ မြတ်သူ ဒီလူမသေသေးဘူးဟ”
” မြန်မြန် ရွာထဲ ခေါ်သွားရအောင်”
တစ်ရွာလုံး.ပွက်ပွက်ညံသွားတယ်။
“သူကြီး.လာပြီ ဖယ်.ဖယ်”
” မြတ်သူ ဒါဘယ်ကလဲ”
“ချောင်းစပ်မှာ သောင်တင်နေလို့ ကယ်လာတာ
သူကြီး”
” ဘယ်သူဘယ်ဝါမှန်း.မသိတာခက်တာပဲ
“ဆေးဆရာ.သွားခေါ် မြန်မြန် လူတစ်ယောက်
အသက် ကယ်ကောင်းပါတယ်ကွာ…”
ခဏနေတော့ ဆေးဆရာဦးဖိုးလူရောက်လာပြီး
လူနာကိုစမ်းသပ်ကြည့်ပြီးတော့
” လူနာက အာဟာရပြတ်နေတာ အေးဆေးအနား
ယူလိုက်ရင် သက်သာသွားလိမ့်မယ်”
“အဲဒါဆို.ငါ့အိမ်ခေါ်လာခဲ့ကွာ”
“မြတ်သူ.ထမ်းပါဟ”
“အီးအဲ..တော်တော်လေးတဲ့လူပဲ အသက်ကတော့
ကြီးမယ့်ပုံမပေါ်သေးဘူး အလွန်ဆုံးရှိ.၃၀ဝန်းကျင်
လောက်ပဲရှိဦးမယ်”
“သောက်စကားတော်တော်များတဲ့ မိချောင်းမသားတွေ ထမ်းစရာရှိမြန်မြန်ထမ်း”
သူကြီး ငေါက်လိုက်တော့မှ မြတ်သူနဲ့ထွန်းအောင်.ဇက်လေးပုပြီး.ရေမျောလာတဲ့သူကို.ထမ်းလာ
လိုက်တယ်။
…..
သူကြီးအိမ်ရောက်တော့…
“မြတ်သူ ငါ့အဝတ်တွေ သွားယူစမ်း ဒီကောင်လေး
အဝတ်အစားတွေက ညစ်ပတ်နေပြီ”
အဝတ်အစားလဲဖို့.အကျႌချွတ်လိုက်ချိန်မှာတော့
“သူကြီး ဒီကောင်ကျောမှာ ဆေးရုပ်တွေအများကြီး ပဲ”
“အင်းကွက်တွေလည်းပါတယ် ဒါတွေက လူဆိုးတွေသာထိုးတယ်လို့ ကြားဖူးတယ် ဖြစ်ပါ့မလား သူကြီး
ရယ် ဒီကောင်ကို.ကယ်လိုက်ရင် သူခိုးဓားရိုး
ကမ်းဖြစ်နေမယ်နော်”
” ဘာပဲဖြစ်ဖြစ် သတ္တဝါအသက်ကယ်ကောင်းပါ
တယ် အရုပ်ထိုးထားတိုင်း.လူဆိုးမဖြစ်နိုင်ပါဘူး”
” အီး အဲ အင်း “
“ဟော.သူသတိရလာပြီ သတိရလာပြီ”
“.ရေ ရေ ရေ “
“မြတ်သူ.ရေသွားခပ်ခဲ့”
“သူကြီး ဒီမှာ.ရေ”
လူငယ်ရဲ့ပါးစပ်ထဲကို.ရေခွက်တေ့ပေးလိုက်တော့
အငမ်းမရ သောက်လိုက်တယ်။
ခဏနေတော့ မျက်လုံးဖွင့်လာပြီး
“ကျွန်တော် ကျွန်တော်.ဘယ်ကိုရောက်နေတာလဲ”
“မင်း ရေထဲမျောလာတာ အခု.ငါတို့ရွာကိုရောက
်နေတယ်”
“ဒါဆို.ကျွန်တော်မသေဘူးပေါ့နော် ဟာ ဝမ်းသာ
လိုက်တာဗျာ ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တဲ့
ရွာသားတွေကို ကျေးဇူးတင်ပါတယ်ဗျာ”
….
“ဟုတ်ပါပြီ အေးအေးဆေးဆေးနားလိုက်ဦး
အားပြည့်မှ မင်းလိုရာခရီးဆက်ပေါ့ မြတ်သူနဲ့
ထွန်းအောင်.မင်းတို့လုပ်စရာရှိတာ သွားလုပ်
အရီးတင်က.ဒီလူငယ်စားဖို့ တစ်ခုခုစီစဉ်ပေးလိုက်”
“ဟုတ်ကဲ့ပါ သူကြီး”
…..
၂ရက်လောက်နားလိုက်တော့ လူငယ်က.ထူထူ
ူထောင်ထောင်ဖြစ်လာတယ်။
“ဟေ့ ကောင်လေး.ဘယ်သွားမလို့လဲ”
“ဟာ.သူကြီး ဘယ်မှမသွားပါဘူး ခြံထဲအညောင်း
ပြေလမ်းဆင်းလျှောက်တာပါ”
“အဲဒါဆို.လာကွာ ထိုင်.. မင်းအကြောင်းလည်း
မိတ်ဆက်ပေးပါဦး”
ပြောတော့..လူငယ် ခေတ္တတွေဝေသွားတယ်။
သူကြီးက…
“မင်းပြောဖို့အဆင်မပြေရင်.မပြောပါနဲ့ကွာ”
” မဟုတ်တာ.သူကြီးရယ် ကျွန်တော့်အသက်ကို
တောင် ကယ်ခဲ့တာပဲ.ပြောပြရမှာပေါ့ ကျွန်တော့်
နာမည်က သူရပါ ကျွန်တော်က.ငယ်စဉ်ထဲက.
မိဘတွေဆုံးသွားတဲ့.မိဘမဲ့တစ်ယောက်ပါ မိဘ
တွေ ဆုံးသွားတော့ တစ်ယောက်ထဲ.ဘဝကို.
ဖြတ်သန်း နေရချိန် ဆရာကြီးဖိုးထိန်က.ကျွန်တော့်ကို မွေးစား ခဲ့တယ် ဆရာကြီးဖိုးထိန်ဆိုတာက
ပယောဂကုတဲ့ ဆရာတစ်ယောက်ပါ သူ့မှာတပည
့်တွေလည်း အများကြီးရှိတယ် သူက အင်းအတတ်ကိုလည်း ကျွမ်းကျင်တယ် တုတ်ပီးဓားပီးဆေးတွေလည်း သူပိုင်နိုင်တယ် ကျွန်တော်အသက် ၁၈လောက်မှာ
သူကျွန်တော့်ကို တုတ်ပီးဓားပီးဆေးအင်းထိုးပေးခဲ့ တယ်”
“ဒါဆို.မင်းကျောကပုံတွေက အဲဒါတွေလား”
“ဟုတ်ပါတယ် သူကြီး”
“ဒါနဲ့.ဘယ်လိုဖြစ်လို့ ရေထဲမျောခဲ့တာလဲ”
“ကျွန်တော်ပြောပြပါ့မယ်သူကြီး ဆရာကြီးက
ပယောဂကုတဲ့သူဆိုတော့.နယ်အနှံ့ကို လျှောက်
သွားရတယ် နောက်ဆုံးမှာ.ကျွန်တော်သိလိုက်ရ တာ.သူက ပယောဂကုရုံတင်မကဘူး တပည့်တွေ
မွေးပြီး ဓားပြလည်းတိုက်တယ်သူကြီး”
” ဟေ.ဒါဆို ပယောဂကုတယ်ဆိုတာ.ဟန်ဆောင်တာပေါ့”
” ဟုတ်ပါတယ် သူကြီး ရွာထဲပယောဂကုသလို
ဟန်ဆောင်ပြီး အခြေအနေတွေကိုလေ့လာတယ်
ပြီးရင်.သူတပည့်တွေကို ဓားပြတိုက်ခိုင်းပါတယ်”
“ဟာ တော်တော်အကြံပက်စက်တဲ့သူပဲ”
“ကျွန်တော့်ကို သူတပည့်အဖြစ်မွေးခဲ့တယ်
ကျွန်တော်လည်း ဓားပြတိုက်ခဲ့ရတယ်သူကြီး”
“ဟာ ဒါဆို.မင်းက….”
“မစိုးရိမ်ပါနဲ့သူကြီး ကျွန်တော်အရင်က ဆိုးခဲ့မိုက်ခဲ့ တာပါ ကျွန်တော်ဓားပြတိုက်တယ်ဆိုပေမယ့် စည်း
တော့ရှိပါတယ် သူများသားမယားမဖျက်ဆီးဘူး
သူများအသက်မသတ်ဘူး လိုချင်တာရရင် လက်ဖျားနဲ့တောင်မတို့ပါဘူး.သူကြီး….ဒါပေမယ့် အဲဒီအလုပ်ကို.ကျွန်တော်စိတ်ကုန်လာခဲ့တယ်
ကျွန်တော်တို့ကြောင့် မျက်ရည်ကြီးငယ်ကျခဲ့တဲ့
သူတွေရဲ့မျက်နှာက ညအိပ်တိုင်းပေါ်နေတယ်”
“ဒါနဲ့.မင်းက.တုတ်ပီးဓားပီးတာလား”
လို့မေးတော့ လူငယ်က မဲ့ပြုံးလေးပြုံးလိုက်ပြီး…
“ဟုတ်ပါတယ် သူကြီး ..ကျွန်တော်တုတ်ပီးဓားပီးပါ တယ် အရင်တုန်းကပါ အခုတော့ အဲဒီအစွမ်းတွေ
မရှိတော့ပါဘူး”
“ဟေ ဘာလို့တုန်းကွ”
“ဆရာကြီးဖိုးထိန်က ကျွန်တော်ကို သူတပည့်တွေ
ထဲမှာ အတော်ချစ်ပါတယ် အဲဒါကြောင့် သူတတ်တဲ့ပညာတွေနဲ့ ကျွန်တော်ကို စီရင်ပေးခဲ့တယ်
ကျွန်တော်လည်း သူအပေါ်လုပ်ကျွေးခဲ့ပါတယ်
မကောင်းတဲ့ဘက်ကပေါ့ဗျာ”
ကောင်လေးကပြောနေရင်း.ရေနွေးကြမ်းတစ်ခွက် ယူသောက်လိုက်တယ်။
ပြီးတော့ အနောက်ဘက်ကိုငေးကြည့်ရင်း…
“ကျွန်တော်သူ့ကို.အာခံခဲ့တယ်.သူကြီး
သူ့လုပ်ရပ်တွေကို.ကျွန်တော်မလုပ်နိုင်တော့တဲ့
အချက်တစ်ခုရှိခဲ့တယ် အဲဒါကဘာလဲဆိုတော့
ဆရာကြီးဖိုးထိန်ကိုယ်တိုင် တိုက်ခဲ့တဲ့ တံစဉ်ရွာ
ဆိုတဲ့ ရွာလေးမှာအစပြု ခဲ့တာပဲ..”
…..
“ကျား…ခွပ်..ခွပ်.ခွပ် ခွပ်”
“ဒိုင်း ဒိုင်း ဒိုင်း”
“မဆိုင်တဲ့သူမကပ်နဲ့ အကုန်မသာပေါ်ကုန်မယ်”
“ဟီးဟီးဟီးဟီး…”
“သူရ ရွာလယ်က.စပါးပွဲစားအိမ်ကိုဝင်မယ် မင်းက
ငါ့အနောက်မှာနေ တာတေ မင်းက ငါနဲ့တူတူလိုက်ခဲ့..”
အိမ်ပေါ်လည်းရောက်ကော..
“ပွဲစားကြီး… မနေ့က.စပါးရောင်းထားတဲ့ငွေတွေ
ဘယ်မလဲ”
” မဟုတ် မဟုတ်ပါဘူးဗျာ စပါး.မရောင်းရသေးပါ ဘူး”
“ဟာ ဒီအဖိုးကြီး”
“.ခွပ်.ခွပ်”
သေနတ်ဒင်နဲ့ နှစ်ချက်ဆင့်ဆောင့်ချလိုက်တော့
” အဖေ အဖေ အီးဟီးဟီး.အဖေကိုမလုပ်ကြပါနဲ့ရှင်”
“ဟဟ ဒါခင်ဗျား.သမီးလေးလား တော်တော်ချော သားနော်”
” ကျုပ် ပေးပါ့မယ်. အိမ်သားတွေရဲ့ အသက်ကို
တော့ချမ်းသာပေးပါဗျာ”
“ဟဟဟဟဟဟ အဲလိုလုပ်စမ်းပါ”
အိမ်ရှင်က.ရှိသမျှပစ္စည်းထုတ်ပေးပြီးတဲ့အချိန်
“တာတေ ဟိုကောင်မလေးကို.ခေါ်လာခဲ..”
“မလုပ်ပါနဲ့ဗျာ.ရှိတာအကုန်ပေးပြီးပါပြီ သမီးလေးကိုတော့ချမ်းသာပေးပါဗျာ “
“တာတေ ခေါ်လာခဲ့..”
အဲဒီမှာ သားသမီးဇောကြောင့် တာတေကို
အိမ်နောက်ဖေးမှာရှိနေတဲ့ ကောင်မလေးအမေက ဓားနဲ့ဝင်ထိုးတယ်။
ဒါပေမယ့် တာတေကိုယ်ထဲဓားမဝင်ပဲ ဓားက
ကောက်သွားတယ်။
ကောင်မလေးအမေကတော့ တာတေလက်ချက်နဲ့
သေဆုံးသွားတယ်။
….
” တော်တော်ရက်စက်ကြတာပဲနော်”
“ဒါနဲ့ ကောင်မလေးကကော ..”
“ကောင်မလေးလည်း ဘဝပျက်ခဲ့တယ် တစ်အိမ်သားလုံးကိုသတ်ခဲ့တယ် အဲဒီဖြစ်စဉ်ကြောင့် ကျွန်တော်
နုတ်ထွက်ဖို့ကြိိုးစားခဲ့တာ ဒါပေမယ့် ဆရာကြီးက
ကျွန်တော့်အကြံကိုသိလို့ သူပေးထား တဲ့ပညာတွေကို.ဖျက်ဆီးခဲ့တယ်ကျွန်တော့်ကျောက အရုပ်ကိုကြည့်ပါသူကြီး ဘာတွေ့လဲ..”
” ယက္ခညီနောင် ပုံတွေ့တယ်.”
“ဟုတ်တယ် သူကြီး အဲဒီပုံကိုသေချာကြည့်ရင်
ယက္ခညီနောင်က.မျက်လုံးတွေဖောက်ထုတ်ခံထိ
ထားတယ် ကျွန်တော့်ကိုစီရင်ထားပေးတဲ့ အင်းတွေ သူပြန်ဖျက်ခဲ့ပြီး.ကျွန်တော့်ကိုပါသတ်ဖို့ကြိုးစားခဲ့
တယ်”
“ဒါဆို မင်းရေထဲမျောလာတာက”
“ကျွန်တော့်ကို ရေနှစ်သတ်ခဲ့တာ.သူကြီး
ဒါပေမယ့် ကံကောင်းချင်တော့ ကျွန်တော့်ကိုသတ်ဖို့
ခိုင်းလိုက်တဲ့သူက ကျွန်တော်နဲ့လုပ်ဖော်ကိုင်ဖက်.
ဖြစ်တဲ့အတွက် သူကကျွန်တော့်ကို ချည်ထားတဲ့
ကြိုးတွေဖြုတ်ပေးပြီး.ပင်လယ်ထဲမှာ.ချခဲ့တာ
ကျွန်တော့်ကိုသေပြီလို့ ထင်နေကြတာ”
“မင်းအဖြစ်ကလည်းထူးဆန်းလိုက်တာ ဒါဆို မင်း
မှာအဲဒီအစွမ်းတွေမရှိတော့ဘူးပေါ့”
ဆိုတော့..လူငယ်က.ခေါင်းခါပြတယ်။
….
ထိုစဉ် .
“သူကြီး သူကြီး ရွာထိပ်မှာ လူစိမ်း၂ယောက်ရောက်
နေတယ် အဲဒါသူကြီးကို သတင်းလာပို့တာ”
“ဟေ ဟုတ်လား.ဘယ်လိုပုံစံလဲ”
“လူငယ်တွေပဲသူကြီး..ဒီကလူနဲ့ရွယ်တူလောက်ပဲ
နောက်ပြီး.ပါးမှာအမှတ်တစ်ခုရှိတယ် ဓားခုတ်ရာ လိုလိုအမှတ်”
“ဟာ ဒါ.တာတေပဲ သူကြီး ကျွန်တော်ဒီကိုရောက်တာ.တခြားရွာတွေကသိသေးလား”
“သိမယ်ထင်တာပဲ.မင်းမျောလာတဲ့နေ့က တစ်ဖက
်ရွာက.တံငါသည်တွေရှိတယ်လေ”
“ဒုက္ခတော့ များကုန်ပြီထင်တယ်.သူကြီး
ဆရာကြီးက.သူတပည့်.တာတေကို.လွှတ်လိုက်ပြီ
သူသိသွားပီ ကျွန်တော်မသေမှန်းသူသိသွားပြီ
သူကြီးတို့ရွာတော့ ဒုက္ခရောက်တော့မယ်
ကျွန်တော် ဒီရွာက ထွက်သွားမှရတော့မယ်”
“စိတ်အေးအေးထားပါ.လူလေး သေချာလား
မသေချာလား.မသိသေးပါဘူး ကဲ အခုအိမ်ထဲ
ခဏနေလိုက်ဦး အဲဒီလူစိမ်းတွေဆီ ခဏသွားပြီး.
အကျိုးအကြောင်း.မေးလိုက်ဦးမယ်”
…..
ရွာပြင်လည်းရောက်ကော…..
“.ဒီက ဧည့်သည်တွေက ဘယ်သူနဲ့တွေ့ချင်လို့လဲ”
“ခင်ဗျားက.ဒီရွာကသူကြီးလား”
“ဟုတ်ပါတယ် ကျွန်တော်ဒီရွာကသူကြီးပါ”
“ဟိုတလောက.ရေထဲမျောလာတဲ့သူတစ်ယောက်.
ရောက်တယ်လို့.သတင်းကြားလို့ အဲဒါဟုတ်လား”
“.ဟို.ဟို အဲဒါက”
” သူကြီး ကျုပ်လူမသတ်ချင်ဘူး မေးတာအမှန်တိုင်းဖြေ”
“ဟိုလေ ဟို..”
“ဟာ.ဒီအဖိုးကြီးတော့..”
“ဟေ့ ရပ်လိုက်..”
“လူလေး..မင်းဘာလို့လိုက်လာတာလဲ”
….
“သူရ သူရ .. မင်းကအသက်ပြင်းတဲ့ကောင်ပဲ
အခုတော့မင်းသေရတော့မယ်..”
ဆိုပြီး ခါးထဲက.ဓားရှည်ကို.ဆွဲထုတ်ပြီး ပြေးအခုတ်..
အဝိဇ္ဇာတွေအမှောင်ဖုံးနေတဲ့.လူပိန်းတွေပါလား
ဆိုတဲ့အသံကြားတော့.တာတေ.အနောက်လှည့်
ကြည့်လိုက်တယ်။
…
တာတေ.မြင်လိုက်ရတာက လူငယ်နှစ်ယောက်…
အသက်က.၂၅ဝန်းကျင်
“ဒီမလောက်လေးမလောက်စားကောင်တွေက
တစ်မှောင့်..”
တာတေ ဓားနဲ့ သူရကိုပြေးအခုတ်..
“ရွှပ်..”
လေကိုသာခုတ်မိသွားတယ်။
သူရအနောက်ကို.ခြေတစ်လှမ်းဆုတ်ပြီး ရှောင်လိုက်တယ်။
ထိုစဉ်.ခုနက.လူငယ်နှစ်ဦးထဲမှ တစ်ယောက်က
“တာတေ မင်းဆရာဖိုးထိန်ကိုပါ.ခေါ်လာခဲ့
မင်းရဲ့ပညာနဲ့မရဘူး.မင်းဆရာကိုပါခေါ်လာခဲ့”
ဆိုတော့..တာတေ အနောက်လှည့်ကြည့်လိုက်တယ်။
“တာတေ.တာတေ. မင်းကိုယ်မင်း ဟုတ်လြှပီထင်နေတာလား မင်းထိုးထားတဲ့အင်းကြောင့် ဂုဏ်မောက်နေတာလား..မင်းထိုးထားတဲ့အင်းက ငါတို့လမ်းစဉ်
အရကြည့်မယ်ဆိုရင်.ကလေးဆော့တာလောက်ပဲ
ရှိတယ်”
တာတေ စိတ်တိုပီး အနောက်မှာရှိတဲ့ လူငယ်ကို
ဓားနဲ့ပိုင်းချလိုက်တယ်။
သို့သော် လူငယ်ကိုမထိ .. ခုတ်တဲ့နေရာကနေ ဖြတ်ခနဲပျောက်သွားတယ်။
ပြီးတော့ သူအနောက်ကနေ ပြန်ပေါ်လာတယ်။
တာတေ ခုတ်တယ် လူငယ်က ပျောက်လိုက်.ပေါ်
လိုက်နဲ့ မထိ နောက်ဆုံး.တာတေ မောလာ တယ်။
…
အဲမှာလူငယ်က မနက်ဖြန် မင်းဆရာကိုခေါ်ခဲ့..
ငါစောင့်နေမယ်လို့ပြောလိုက်တော့ တာတေ
ရှူ းရှူ း ရှဲရှဲနဲ့ ပြန်သွားတယ်။
အဲဒီအခါမှ သူကြီးလည်း သက်ပြင်းချနိုင်တယ်။
လူငယ်၂ယောက်ကို ကျေးဇူးတင်စကားပြောပြီး အိမ်ကိုခေါ်လာခဲ့တယ်။
….
“ဆရာလေးတို့က.လူသာငယ်တယ် ပညာမငယ်ဘူး
နော် ဆရာလေးကို.ဓားနဲ့ခုတ်တုန်းက ဆရာလေး
မရှောင်ပဲရပ်နေတာ အဲဒါဟိုလူက ဆရာလေးဘေး
ပတ်လည်ကိုပဲ ခုတ်နေတာတွေ့တယ်
အဲဒါဘာဖြစ်လို့လဲ”
“အဲဒါက ပညာရပ်တစ်ခုပဲသူကြီး သူ့စိတ်ကို သူပြန်
ပြီး.မှောင်မိုက်အောင်လုပ်တာပါ လောကီပညာရပ် တစ်ခုပေါ့”
“ဒါနဲ့.မနက်ဖြန် သူတို့လာပါ့မလား”
“လာမှာ စိတ်ချ. အဲဒါကြောင့် ကျွန်တော်တို့
ဒီရွာကိုရောက်လာတာပဲ ဦးဖိုးထိန်ဆိုတဲ့သူက
လမ်းမှားရောက်ခဲ့တာ သူ့ကျင့်ကြံအားတွေက
တော်ရုံမှမဟုတ်တာ သူ့လောဘကြောင့် လမ်းတွေ
မှား သထက်မှားလာတာ အခုသူကြီးတို့ရွာရောက်နေတဲ့ သူရကို.ကျွန်တော် ကူညီပြီး သူ့ဆရာကို.သူနဲ့ပြန်တိုက်ခိုင်းမယ် သူရ မင်းကျောကုန်းဒီဘက်လှည့်”
ဆိုပြီး.ကျောကုန်းပေါ်ကအရုပ်လေးကို.လက်ဝါးနဲ့
အုပ်လိုက်တာ သူရ ကျင်စက်နဲ့ အတို့ခံလိုက်ရသလို
ဖြစ်သွားတယ်။
ပြီးတော့….
“သူကြီး တုတ်တစ်ချောင်းယူလာခဲ့ ကြီးပစေနော်”
သူကြီးက လိုကာမယ်ကာဆောင်ထားတဲ့.ရှားနှစ်သားကိုယူပြီး.ဆရာလေးလက်ထဲပေးလိုက်တယ်။
ထို့သ့ို်ပေးလိုက်ပြီးတာနဲ့.ဘာမပြောညာမပြော ..
သူရရဲ့ခေါင်းကို ဖုန်းဆိုရိုက်ချလိုက်တာ။
သူရ ၂ပတ်လောက် လည်ထွက်သွားတယ်။
ရှားနှစ်သားကထက်ပိုင်းကျိုးသွားတာ။
ဒါပေမယ့် သူရပြန်ထလာတယ်။
“ဟာ မနာဘူးဗျ ကျုပ်အစွမ်းတွေ.ပြန်ရပြီပေါ့နော်”
“မယုံရင် ဟိုအုန်းပင်နဲ့ ခေါင်းနဲ့တိုက်ကြည့်”
လို့ပြောတော့..သူရ အိမ်ပေါ်က ပြေးဆင်းသွား
တယ်။ခြံထဲက.အုန်းပင်ကို.ခေါင်းနဲ့တအုန်းအုန်းမြည်
အောင် တိုက်တာ.ဘယ်လောက်ပြင်းလဲဆိုရင် အုန်း ပင်ပေါ်က.အုန်းသီးတောင်ကြွေကျတယ်။
ပြီးတော့.ဆရာကိုကန်တော့ပါတယ်ဆိုပြီး ခြေအစုံကိုဦးခိုက်ပါလေရော။
…
သူကြီးက ဆရာလေးတို့နာမည်ဘယ်လိုခေါ်လဲ
ဆိုပြီးမေးတော့..ဒီက ဆရာက.အောင်မြတ်သာပါ။
ကျွန်တော်က.သက်ခိုင်ပါ။
အထက်လမ်းဆရာတစ်ယောက်ပါ။
အဲမှာအောင်မြတ်သာက…
“သူရ.မင်းရဲ့အစွမ်းတွေက တစ်ပွဲထိုးပဲရမှာ..
ပြီးတာနဲ့ ဦးဖိုးထိန်ကိုနှိပ်ကွပ်ပြီးတဲ့နောက်မှာ မင်း သာမန်လူပြန်ဖြစ်သွားလိမ့်မယ် မင်းအသက်ကယ်
ခဲ့တဲ့ရွာလေးကို.မင်းပြန်စောင့်ရှောက်ပေါ့”ဆိုတော့ သူရ.ခေါင်းညိတ်ပြလိုက်တယ်။
…..
နောက်နေ့ ရွာပြင်ကွင်းစပ်မှာ အောင်မြတ်သာနဲ့
သူရ ဧည့်သည်တွေကို စောင့်နေရင်း..
“သက်ခိုင်ရေ.. မင်းကရွာထဲမှာပဲနေနေတော့
ဒီပြဿ နာပြီးရင် မင်းအမေဆီပြန်ရမှာနော်”
သက်ခိုင် ပျော်သွားတယ်။.အမေ့ဆီက ထွက်လာ
တာ ၃နှစ်ပြည့်တော့မှာကိုး။
“သူရရေ မြင်းခွာသံတွေကြားတယ် သက်ခိုင် ရွာထဲသွားတော့”
…
ခဏနေတော့ မြင်း၁၀ကောင်နဲ့လူအုပ်ကြီးရောက်
ချလာတယ်။
မြင်းပေါ်ကနေ သျောင်တစ်စောင်းနဲ့လူကြီးတစ်
ယောက်ဆင်းလာပြီး…
“သူရ.မင်းကငါ့ကိုပြန်စိန်ခေါ်တာလား ငါမွေးလို့
ဒီလိုအရွယ်ရောက်လာတာ ငါ့ကိုကျေးဇူးကန်းတာ လား”
“ဆရာ့ကို.ကျေးဇူးမကန်းပါဘူး ဆရာ့ကို လမ်းမှန
်ရောက်စေချင်တာပါ”
“မိကျောင်းမင်းရေခင်းလာမပြနေနဲ့ ဒီကလူက
ဘယ်သူလဲ..”
“ကျွန်တော်က ခင်ဗျားပညာတွေကို.သိမ်းမယ့်သူ”
….
အောင်မြတ်သာရဲ့စကားကြားတော့ ဦးဖိုးထိန်
မထေ့တထေ့ရီလိုက်တယ်။
“ကောင်းပြီလေ ..ပညာဘယ်သူစွမ်းလဲပြိုင်တာပေါ့
ငါက တုတ်ပီးဓားပြီးတဲ့ တပည့်တစ်ယောက်ထုတ်ပေးမယ် မင်းလည်းတတ်ရင်.ထုတ်ပေါ့
ဒါပေမယ့်.အလောင်းအစားတော့ရှိရမယ်
ငါနိုင်ရင် ဒီတစ်ရွာလုံးကော.ရွာနီးချုပ်စပ်တွေကို
ဓားပြတိုက်ပြီး တစ်ရွာလုံးဖျက်ဆီးပစ်မယ်
မင်းနိုင်ရင်တော့ ငါ့ကိုယ်ငါသတ်သေမယ်”
…
“ဟဟဟ” အောင်မြတ်သာရယ်လိုက်တယ်..
“ကျွန်တော်နိုင်ရင် ခင်ဗျားပညာတွေပဲ သိမ်းမှာ”
“စကားမများနဲ့..စလိုက်ရအောင်..”
တာတေနဲ့သူရ ထိပ်တိုက်တွေ့ကြပြီ.
…..
တာတေလက်ထဲမှာ ဓားရှည်တစ်လက်
သူရ.လက်ထဲမှာ ဓားရှည်တစ်လက်
“ကျား..”
တာတေဝင်ပြီး စံပယ်ကုံးပြတ်ဓားချက်နဲ့.ပိုင်းတယ်။
သူရ.ရှောင်ပြီး ကျောကို.ဓားနှောင့်စာကျွေးလိုက်တယ်။
“အင့်..”
တာတေ ဓားနဲ့ခုတ်တယ်.သူရရှောင်တယ်။
အောင်မြတ်သာ မန်းထားတဲ့အရုပ်ရဲ့မျက်လုံးက
နီသထက်နီလာတယ်။
သူရတစ်ယောက် အသိစိတ်လွတ်ပြီး တာတေကို
သဲကြီးမဲကြီး ဓားနဲ့ဝင်ပိုင်းပါလေရော။
တာတေကိုထိတယ်.ဓားကန်ထွက်တယ်။
သွေးမထွက်ဘူး။
သူရကိုပိုင်းတယ် ဓားကရာဘာကိုခုတ်ရသလို.
ပြန်ကန်ထွက်တယ်။
အောင်မြတ်သာ သူရကိုအင်းချပ်တစ်ခုလှမ်း
ပေးလိုက်တယ်။
“သူရ အင်းအချပ်ကို.ဓားသွားနဲ့ဖြတ်ချလိုက်
ပြီးရင် သူကိုခုတ်”လို့ပြောလိုက်တယ်။
အမှန်တကယ်တော့ သူရကိုယ်ထဲမှာဝင်နေတာက
ခွန်ချိုနတ်။ အောင်မြတ်သာက သိုင်းနတ်ကို သူရ
ကျောမှာ.သွင်းထားလိုက်တာ။
သူရတစ်ဖြစ်လဲ ဝင်ပူးတဲ့သူက ပေးလာတဲ့အင်းကို
ဓားသွားနဲ့ဖြတ်ချလိုက်တယ်။
ထိုအခါ ဓားသွားက မီးခဲတစ်ခဲလို နီရဲလာပြီး
အငွေ့တွေထလာခဲ့တယ်။
သူရလဲ ထိုဓားနဲ့ တာတေကိုလိုက်ပိုင်းတယ်။
ဓားနဲ့ထိတဲ့နေရာမှန်သမျှ မီးလောင်ကွက်တွေ.
ဖြစ်လာတယ်။
ဦးဖိုးထိန်လည်း အခြေအနေမဟန်မှန်းသိတော့
သူယူလာတဲ့ တစ်ပွဲထိုးထုံးကို တာတေနဖူးမှာ
သုတ်ပေးလိုက်တယ်။
တာတေလည်း ထိုးတယ်။ ခုတ်တယ်။
ဒါပေမယ့် သူရက လူမှန်းသူမှန်းမသိတော့ဘူး။
တစ်ဖြေးဖြေးကြာလာတော့ တာတေ အမောဖောက်လာတယ်။
ခြေလှမ်းတွေပျက်လာပြီး သူရရဲ့ဓားချက်က.
တာတေဇက်ပေါ်အကျ..
“ဟိုး .. ရပြီ.သူရ”ဆိုပြီး.နဖူးကို.လက်ဖဝါးနဲ့
ပုတ်လိုက်တာ သူရပြန်သတိလည်လာတယ်။
ဦးဖိုးထိန်ကိုကြည့်တော့ သူရှုံးတော့မယ်ဆိုတာ
သိလို့ မျက်စိမျက်နှာပျက်နေပြီ။
အောင်မြတ်သာက.. ဦးဖိုးထိန်အနားသွားပြီး
လည်ကုပ်မှာရှိတဲ့ ဆေးကွက်အင်းကို.လက်နဲ့သပ်
ချလိုက်တာ.ဦးဖိုးထိန်လည်ပင်းမှာ.ဆေးမှင်ထိုးထား တဲ့ အင်းကွက်က ပျောက်ခြင်းမလှပျောက်သွားခဲ့
တယ်။
အဲဒီအင်းကွက်ပျောက်သွားတာနဲ့ ဦးဖိုးထိန်အစွမ်း
တွေလည်းမရှိတော့ဘူး။
ဒါတောင်မာန်မလျှော့သေးပဲ ပါးစပ်ကမန်းပြီး.
တာတေခေါင်းကိုပုတ်လိုက်သေးတယ်။
သို့ပေသော်လည်း ဘာမှဖြစ်မလာခဲ့ပေ။
အောင်မြတ်သာက သူ့ပညာတွေကို.ပြန်သိမ်းသွား
ခဲ့ပြီ။
“ဦးဖိုးထိန် ခင်ဗျားတတ်တဲ့ အင်းပညာဆိုတာ.ကျုပ်တို့ပညာသင်စအဆင့်ပဲရှိပါတယ် တာတေ မင်း လည်း သာမန်လူတစ်ယောက်ဖြစ်သွားပြီ သူရ သာမန်လူ
တစ်ယောက်ဖြစ်သွားပြီ ဒီထက်ဆက် မိုက်မယ်ဆိုရင် ရွာသားတွေရဲ့ လက်ချက်နဲ့မင်းတို့ ဘဝကူးကောင်းမယ်မထင်ဘူး ကဲ.. မင်းတို့လည်း ကိုယ့်လမ်းကိုယ်လျှောက်တော့ မင်းတို့ဆရာကို လည်း ထိန်းလိုက်ဦး”
ထိုစဉ်..
“အဟက်အဟက်အဟက် ငါ့ပညာကအစွမ်းဆုံးကွ
ဓားပီးတုတ်ပီးအောင်လုပ်နိုင်တာငါကွ”
ဆိုပြီး ဦးဖိုးထိန်တစ်ယောက် စိတ်မထိန်းနိုင်ပဲ
သွက်သွက်ခါအောင်ရူးသွားခဲ့တယ်။
ဦးဖိုးထိန်ရဲ့ပညာတွေကို.နုတ်ပြီးနောက်ပိုင်း.သူရကို ဓနိတောရွာက လူငယ်တွေ.ကိုယ်ခံပညာသင်ပေးဖို့.မှာကြရင်း ဓနိတောရွာလေးကနေ ထွက်လာခဲ့
လိုက်တယ်။
သူရကတော့ ဓနိတောရွာကလေးက ရွာသူရွာသား တွေရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ နေခဲ့လေရဲ့။
ရွာသားတွေကတော့ သူရကို ရေမျောကမ်းတင်လို့
ချစ်စနိုးနဲ့ခေါ်ကြတယ်ဗျ။
ဒီနေရာမှာအောင်မြတ်သာနှင့် ရေမျောကမ်းတင်
ဝတ္တုတိုလေး တစ်ခန်းရပ်ပါပြီ။
လေးစားစွာဖြင့်
ဇေယန(ရာမည)
မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်
မေတ္တာဖြင့်မျှဝေသည်။