August 29, 2025

သွေးပျက်ည လပြည့်ပုံပြင်

သွေးပျက်ည လပြည့်ပုံပြင်(စ/ဆုံး)

—————————————-

တောင်ခြေရှိ ရွာငယ်လေးမှာ ငွေနှင်းခ ဆိုသော မိန်းခလေးမှ အစပြုရတော့မည်။ ဆောင်းနှင်းမြူတို့လွှမ်းခြုံထားသည့် လပြည့်ညက ရိုးမတောင်ခြေတစ်၀ိုက်တွင် ခပ်ပါးပါး ဖြန့်ကျက်ကျဆင်းလျက်ရှိပါ၏။

ရံဖန်ရံခါ လျှိုတဖက်ရှိ သစ်တောအုပ်ဆီမှ တဂီးဂီး၊ တဂစ်ဂစ် ငှက်ဆိုးထိုးသံများနှင့် တောကောင်ငယ်လေးများ၏ တောတိုးသံများကိုလည်းကြားနေရသည်။

တစ်ချက်.. တစ်ချက် မြက်ရိုင်းပင်ကြီးများအား တိုးဝှေ့တိုက်ခပ်လာသော ညဥ့်လေရူးတွင် တရှဲရှဲတဟဲဟဲနှင့် ထွက်ပေါ်လာသော အော်မြည်သံများကလည်း မကောင်းဆိုးဝါးတစ္ဆေကောင်ကြီးများ မြူးတူး ဟစ်အော်နေကြသည့်နှယ် တူနေပါသည်။ တို့အပြင် ညှီစို့စို့ပုတ်အက်အက် အနံ့ဆိုးကြီးများကလဲ ရွာတ၀ိုက်တွင် ဝေ့၀ဲစီးမျောလျက်…။ ဧရာမ မြေအောင်းကြွက်ကြီးများကလည်း တစ်ကောင်နှင့် တစ်ကောင် အစာလုသံ ၊ မာန်ဖီသံကြီးများက တိတ်ဆိတ်စွာ အိပ်မောကျနေသည့် လပြည့်ည၏ သန်းခေါင်ယံကို သွေးပျက်ချောက်ချား စေသည့်အလား။

ထိုစဥ်မှာပင်… ဖြူလွှသော ၀တ်စုံနဲ့ မိန်းမပျိုတစ်ဦးကို တွေ့မြင်လိုက်ရပြီး မီးခိုးငွေ့တန်းကဲ့သို့ ဝေ့၀ဲရွေ့လျားသွား၏ ။ ထိုမြင်ကွင်းက စိတ်ချောက်ချားဖွယ် မယုံကြည် နိုင်ဖွယ် မြင်ကွင်းတစ်ခုနှယ်ပါတည်း ။

လွန်ခဲ့သော ကာလတစ်ခုက…

ဥယျာဥ်မြေနှင့် စိုက်ခင်းများစိုက်ကာ အသက်မွေးဝမ်းကြောင်းပြုနေရသည့် မုဆိုးမသားအမိ သတင်းကလည်း စမ်းပေါက်ရေဝေးကုန်းနှင့် နတ်မှော်ရွာကြီးသာမက နီးစပ်ရာ ရွာနီးခြုပ်စပ်ရွာများထိတိုင် ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ခဲ့ကြသည်မဟုတ်ပါလား ။

ငွေနှင်းခ ဟုခေါ်သည့် လွန်စွာချောမော လှပသော ၊ လွန်စွာစိတ်နှလုံးဖြူစင်သော ၊ လွန်စွာဘာသာရေးကိုင်းရှိုင်း ရိုသေလှသော ဆယ့်ရှစ်နှစ်အရွယ်ခန့် သမီးငယ်လေးတစ်ဦးရှိသည် ။

မည်သို့ဆိုစေ… မိခင်ရဲ့မေတ္တာအရိပ်အောက်မှာ ငွေနှင်းခ၏ ဘ၀အညွန့်အဖူးလေးမှာ ပူပင်ကြောင့်ကြကင်းစွာနှင့် လုံခြုံစိတ်ချစွာ နေထိုင်ခွင့်ရရှိခဲ့သည် မဟုတ်ပါလား ။

ငွေနှင်းခလေးကတော့ တစ်နေ့တစ်ခြား မိုးကျနတ်မိမယ်လေး တစ်ပါးကဲ့သို့ လွန်စွာချောမော ပြေပြစ်လှသော အပျိုစင်မလေး ၏ အလှပန်းကို အဝေးမှသာ ငေးမျှော်ကြည့်ရုံမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်ကိုမှ ငွေနှင်းခ စိတ်၀င်စားမှုမရှိပေ ။

“သမီး နှင်းခ ”

“ရှင် ..အမေ”

“သမီးကို အမေပြောစရာရှိလို့ ”

“ဟုတ်ကဲ့ သမီးနားထောင်နေပါတယ် ”

“အမေဘယ်လိုပြောရမလဲ”

မိခင်ဖြစ်သူ၏ အဆီအငေါ်မဲ့ စကားကြောင့် ငွေနှင်းခလည်း အံ့ဩလျက် မေးခွန်းပြန်ထုတ်လိုက်သည်။

“ဘာဖြစ်လို့လဲ အမေ”

“အမေတို့ သားမိနှစ်ယောက် ရုန်းကန်လာရတာ ကြာပြီလေ ”

“အမေက ဘာပြောချင်တာလဲ”

“အမေ နောက်အိမ်ထောင်ထပ်ထူမလို့”

“ရှင်”

မထင်မှတ်ထားတဲ့ စကားကိုအမေပြောလိုက်တော့ နားကြားများလွဲသွားသလား..

“ဘယ်လို အမေရယ် သမီးလဲ အရွယ်ရောက်နေပါပြီ သမီးလုပ်ကျွေးနိုင်ပါတယ် ”

“နှင်းခ.. အမေ ဆုံးဖျက်ပြီးပြီ”

“အမေက အသိပေးတာပဲ အမေသဘောပါ ”

ရုတ်တရက်အခန်းတွင်းသို့ ငွေနှင်းခ ပြေး၀င်လာပြီး ရင်ဘတ်လေးကို လက်ဖဝါးလေးနဲ့ဖိကာ ၀မ်းနည်းကြွေကွဲရလေပြီ ။

နောက်ရက်များအကြာမှာ ဒေါ်နှင်းမြိုင်နှင့် ဦးသူရက အကျဥ်းချုံးပြီး လက်ထက်ယူလိုက်တော့သည်။ ဦးသူရမှာ သားတစ်ယောက်ရှိတော့ လင်ပါသားနှင့် မယားပါသမီး မကြာမှီ အသံကြာရတော့မည်ဟု တစ်ယောက်တစ်ပေါက် ဝေဖန်သံတွေနဲ့ရှိလေ၏ ။

……….

“သမီး နှင်းခ ညည်း အကို ကိုဟင်းတည့်ပေးလိုက်အုန်း”

“ဟုတ် အမေ ”

“သမီး ဦးလေးတို့ကို မစိမ်းပါနဲ့ မိသားစုတွေဖြစ်နေပြီ”

“ဟုတ် သမီးက ဒီလိုပဲနေတတ်လို့ပါ ”

မိသားစုဆိုတဲ့ အတွေးကို ငွေနှင်းခ မနှစ်မြို့ပေ ။ တချိန်က ငွေနှင်းခကို စိတ်အနှောက်ယှက်ဖြစ်အောင် စကားလိုက်ပြောလို့ မနဲငြင်းလိုက်ရတဲ့သူနဲ့ တစ်အိမ်ထဲအတူနေရတာ နောက်ကျောမလုံသလို အမြဲသတိနဲ့နေရသည် ။

တစ်နေ့မှာတော့ မိခင်ဖြစ်သူက..

“သမီးအမေ ဟိုဘက်ရွာသွားမလို့ ဘာမှာအုန်းမလဲ”

“ဒီလောက်နေပူနေတာ နောက်နေ့မှသွားပါလား အမေရယ်”

“မဖြစ်ဘူး သမီးရယ် ပိုက်ဆံပေးမယ်လို့ ဒီနေ့ချိန်းထားတာ ကတိပျက်လို့မရဘူး”

“ဦးလေးသားကို ခိုင်းလိုက်ပါလား ”

“အိမ်ပြန်အိပ်တယ်လို့ မရှိတဲ့သူကို ဘယ်လိုက်ဖမ်းပြီးခိုင်းရမလဲ”

“သမီးသွားပြီး ပေးရင်ရော ဖြစ်လား”

“ဟင်.. သမီးသွားရင် မိုးချုပ်မှပြန်ရောက်မှာ အမေစိတ်မချဘူး”

“ရပါတယ် အမေရယ် ဟိုဘက်ရွာက ဒေါ်လေးအေးကြည်နဲ့က အခုမှသိတာ မဟုတ်ဘူး”

“ဖြစ်ပါမလား ငွေနှင်းခရယ် ”

“ပေး သမီးသွားပြီနော် ”

အမေပေးစရာရှိတဲ့ ပိုက်ဆံကို လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလို သဘက်လေး ခေါင်းပေါ်တင်ပြီး တဖက်ရွာကိုထွက်လာခဲ့ပါသည်။

ဒီလိုကျစ်ကျစ်တောက်ပူနေတဲ့ နေပူထဲ မိဘဖြစ်သူ သွားမယ်ဆိုတော့ ဘယ်သားသမီးက ကြည့်ရက်မှာလဲ ။ ဘယ်လိုပဲဖြစ်ဖြစ် အမေ ပင်ပန်းမဲ့အလုပ် ငွေနှင်းခ လုပ်ပေးနိုင်လို့ ပီတိလေးနဲ့ လာခဲ့လိုက်တာ ဒေါ်လေးအေးကြည်တို့ အိမ်ကိုရောက်လာခဲ့ပြီ။

“ဒေါ်လေးရေ…ဒေါ်လေးအေးကြည်”

“ဝေးး… ဘယ်သူလဲ ဟေ့”

“ဒေါ်လေး သမီး နှင်းခပါ”

“အေး..အေး လာပြီ ”

“ခြံတံခါးတွန်ဖွင့်ပြီ ၀င်ခဲ့ပြီနော် ”

“လာ..လာ ဒါနဲ့ ညည်းအမေရော မလာဘူးလား”

“နေအရမ်းပူလို့ အမေ့ကိုယ်စားလာတာ”

“အေးပါတော်”

“ရော့ .. အမေပေးရမဲ့ ပိုက်ဆံ ”

“နောက်တခါ မလာပါနဲ့ ဟိုဘက်ရွာနဲ့ဒီဘက်ရွာက လူပျက်တယ် ပြီးတော့ ညည်းက အပျိုလေး ”

“ဟုတ်ကဲ့”

“ကြာကြာမနေနဲ့တော့ မှောင်လာမယ် ဟင်းထည့်ပေးလိုက်မယ် အိမ်ရောက်မှ စားတော့”

“ဒေါ်လေးလက်ရာဆို အကြိုက်ပဲ”

“ရော့ ချိုင့်နဲ့ထည့်ပေးလိုက်တယ် နောက်နင့်အမေလာမှ ယူခဲ့တော့ ”

ဒေါ်လေးအေးကြည်ကို နှုက်ဆက်ပြီး လာရာလမ်းအတိုင်းအမြန်ပြန်ခဲ့လေသည် ။ ရွာနားရောက်ခါနီးလေ မှောင်လာလေမို့ မြန်မြန်ပြန်ရောက်ဖို့သာ စိတ်က စောနေ၏ ။

“ချွတ်… ဖျောက်..”

သစ်ကိုင်းခြောက် တက်နင်းမိသံကြောင့် ငွေနှင်းခမှာ အသံကြားရာသို့ ဆက်ခနဲလှည့်လိုက်သည် ။ ပိန္နဲပင်ကြီးနောက်မှာ ချောင်းမြောင်းကြည့်နေသည့် သူကိုတွေ့လိုက်ရချိန် တစ်ကိုယ်လုံးမှာ လည်ပတ်စီးဆင်းနေတဲ့ သွေးတွေတောင် ရပ်တန့်သလို ဖြစ်သွားရ၏ ။

ဟားးး …ဟားး

ထို့နောက် ထိုသူက ချောက်ချားဖွယ် ၀မ်းခေါင်းသံကြီးနှင့် ငွေနှင်းခအနားကို တိုးလို့လာပါတော့သည်။ ငွေနှင်းခလည်း ကြောက်လန့်တကြား အနောက်ကိုဆုတ်လိုက်တဲ့အချိန် မြေဂမူတစ်ခုနှင့် တိုက်မိပြီး ခြေခေါက်လဲသွားတော့ လက်ထဲက ဟင်းချို့င့်လေးကလဲ မြေပြင်ပေါ်မှောက်ကြလို့သွားလေသည် ။

“ဘာ…လုပ်မလို့လဲ အနားကိုမလာပါနဲ့ နှင်းခကို လွတ်ပါ”

“လွတ်စရာလား အနှစ်နှစ်အလလ စောင့်နေခဲ့တာ အခုတော့ ဟားး ..ဟားး ”

“နှင်းခ ရှစ်ခိုးပြီး တောင်းပန်ပါတယ် ”

“မရဘူး ငွေနှင်းခ ငါနင့်ကိုချစ်လို့ပါ”

“ဟင့်အင်း မချစ်ဘူး ဖယ်လွတ် ”

“မလွတ်ဘူး ဘယ်တော့မှ မလွတ်ပေးဘူး”

အလိုရမ္မက်ဆန္ဒတွေနဲ့ ဆာလောင်မွတ်သိပ်နေသော ထိုလူကြီးက ငွေနှင်းရဲ့ နှုတ်ခမ်းဖူးဖူးလေးကို သိမ်းကျုံးကာ ခန္ဓာကိုယ်ကိုလဲ အတင်းဖက်ထားလေတော့ ငွေနှင်းခ,ခမြာ လှုပ်မရနိုင်အောင်ပါပဲ ။

အားးး….

“ကောင်မ ငါကိုကိုက်တယ်ပေါ့ ”

“လွတ်ပေးပါ ဟင့်..ဟင့် ကယ်ကြပါအုန်း ..ကယ်ကြပါ”

“ကောင်မ ငါအသားနာအောင်လုပ်တယ်”

ဆိုကာ ပြောလျက် ငွေနှင်းခကို အတင်းတွန်းလဲလိုက်ပြီး ငွေနှင်းခ ဘ၀လေးကို ဝါးမျိုဖျက်စီးလိုက်ပါတော့သည်။

“ရှင့်ကို တစ်သက်မကြေဘူး ရှင့်ကိုကျမ ထောင်ကျအောင် လုပ်ပြစ်မယ်”

“ကောင်မ နင်ပါးစပ်ပိတ်ထား”

“မပိတ်နိုင်ဘူး ”

“မပိတ်အုန်း အော်အုန်း ကောင်မ ”

အတင်းဖိပိတ်ထားကာ အသက်ရူဖို့ မွန်ကျပ်လာလေပြီ။ ထိုလူလက်ကိုအတင်းဆွဲဖယ်ရုံးကန်နေသော်လဲ အလကားပင် ဖြစ်လို့နေလေသည်။ အချိန် အနည်းငယ်ကြာလာတော့ ငွေနှင်းခရဲ့ မျက်လုံများက ပြူးပြီး ငြိမ်သက်လို့ နှလုံးခုန်သံတို့သည်လည်း တိတ်ဆိတ်လို့ သွားတော့လေ၏ ။

“ဟင်..”

ငွေနှင်းခ ငြိမ်သက်သွားသည်ကို တွေ့လိုက်ချိန်မှာ မျက်လုံးပြူးပြီး အသက်မဲ့နေလေပြီ ။

“ငွေနှင်းခ ..ဟဲ့..ငါခေါ်နေတယ်လေ ထပါအုန်း ငါဒီလေါက်ဖြစ်အောင် မရည်ရွယ်ပါဘူး နင်ကိုချစ်လို့ဖြစ်သွားတာပါ ငွေနှင်းခရယ်”

အသက်မဲ့နေတဲ့ အလောင်းနဲ့ရှိနေလို့မဖြစ်ဘူးဆိုတော့ အလောင်းဖျောက်ရတော့မှာပေါ့ ။ မျက်လုံများက ဂနာမငြိမ် ဝေ့ပတ်ကြည့်လိုက်တဲ့အချိန်မှာ တွေ့လိုက်ရတာက ကျွဲလူးအိုင်ကြီးဖြစ်သည်။

နွေဘက်ရောက်ခါနီးရင် ရေခပ်းခါနီးတော့ ကျွဲတွေဗွက်လူးရင် အိုင်ပုံစံဖြစ်ပြီး အိုင်ရဲ့အရွယ်မှာ တော်တော်ကျယ်လေ၏ ။

“ဟုတ်ပြီ ဒီဗွက်အိုင်ထဲမှာ နှစ်မြှုတ်ထားလိုက်မယ် ဘယ်သူက အခုလောက်လောဆယ် သိမှာမဟုတ်ဘူး မနက်ဖြန်ညမှ ပေါက်တူးယူလာပြီး တခြားနေရာမှာ ရွှေ့မြှုတ်လိုက်ရင် ငါကို ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး”

ထိုအတွေးကို အကောင်ထည်ဖော်လေတော့သည်။ ငွေနှင်းခရဲ့အလောင်းကို ကျွဲလူးအိုင်ရှိရာကို ဒရွတ်တိုက်ဆွဲလာခဲ့ကာ အိုင်ထဲကို ပြစ်ချပြီး ရွှံ့ဗွက်ထဲကို နစ်မြှုတ်အောင် ခြေထောက်နဲ့ နင်းမြှုတ်လေတော့သည်။ ရွှံ့ဗွက်တွေက အလောင်းခန္ဓာကိုယ်ပေါ်ကိုရောက်လာပြီး ခန္ဓာကိုယ်ကြီး တဖြေးဖြေး အောက်သို့နစ်မြှုပ်လို့လာလေသည် ။

“အော်…မေ့လို့ နင်ကသိပ်လှတော့ နင့်မျက်နှာလေး ရွှံ့ဗွက်တွေမပေအောင်လို့”

ဆိုကာ တွေးလိုက်ပြီး ဝတ်ထားတဲ့ ပုဆိုးရဲ့အောက်ပိုင်းကို ဖြဲဆုတ်ကာ ငွေနှင်းခရဲ့ မျက်နှာမှာ အုပ်ပေးလိုက်ပြီး ရွှံ့ဗွက်ထဲ နစ်မြှုတ်လိုက်ပါတော့သည် ။

“ဒီလေါက်ဆို ရပြီ ငွေနှင်းခ ရဲ့ပစ္စည်းမှန်သမျှ ဒီထဲမှာဘဲ မြှုတ်ခဲ့မယ် အော်..ဒီဟင်းချိုင့်က ထည့်စားလို့ရတယ် ပြီးတော့ တခြားနေရာကနေ ပြန်လာတာဆို ဟန်ပြလုပ်လို့ရပြီ အချိန်တွေကလဲ မြန်လိုက်တာ သန်းခေါင်ယံတောင် ကျော်နေပြီ ဟာ…ရွှံ့ဗွက်တွေလဲခြောက်နေပါပေါ့လား ကိစ္စမရှိပါဘူး အိမ်ရောက်မှဆေးတော့မယ်”

စိတ်ကိုအတက်နိုင်ဆုံး ငြိမ်အောင်ထားပြီး အိမ်ပြန်လာခဲ့သည်။ ဘယ်လောက်ပဲ အောင့်အီးထားပါစေ ရင်ခုန်သံက သွေးပျက်စရာပါ ။အိမ်ရောက်တော့ ခြေလက်ဆေးပြီး အိပ်ယာထဲဝင်အိပ်လိုက်သည် ။ မျက်စိကိုသာမှိတ်လိုက်ထားပေမဲ့ မျက်လုံးထဲကနေ ဘယ်လိုမှထုပ်လိုမရတဲ့ ငွေနှင်းခ ရဲ့ ခန္ဓာကိုကောက်ကြောင်းများကို တရေးရေး အမှတ်ရနေပါတော့တယ်။

“ကိုသူရ သမီးငွေနှင်းခ ပြန်မလာသေးဘူး”

“ဟင် ဟုတ်လား”

“ကျုပ်ညက တညလုံးအိပ်လို့တောင်မပျော်ဘူး ”

“မနှင်းမြိုင်ရယ် စိတ်မပူပါနဲ့ ညကပြန်လာဖို့နောက်ကျလို့ မအေးကြည်တို့အိမ်မှာ အိပ်တာနေမှာပေါ့ ”

“ကျုပ်လဲ အဲ့လိုပဲ ထင်တယ်”

ဒီလိုနဲ့စိတ်အေးလက်အေးနေလိုက်တာ တစ်နေ့ကုန်လို့ ညနေရောက်လာပါပြီ ငွေနှင်းခ တော့ပေါ်မလာပေ။ငွေနှင်းခ ပြန်မလာတာ(၅ရက်)ရှိပြီ ။ စိတ်ပြေလက်ပြောက် ခဏနေတာပဲလေ မိခင်ကနောက်အိမ်ထောင်ပြုထားတော့သူလဲ ခံစားနေရှာမှာလို ဒေါ်နှင်းမြိုင် စိတ်ထဲမှာထင်မှတ်နေပါတော့သည်။

“ကိုသူရရေ မဟုတ်တော့ဘူး ငွေနှင်းခ ပြန်မလာသေးဘူး”

“ဟုတ်ပ သားရေ မင်းညီမလေး ဟိုဘက်ရွာသွားတာ ရက်တွေကြာနေပြီ ပြန်မလာသေးလို့လိုက်ခေါ်ချေ ”

“ဟာ… အဖေကလဲမသွားချင်ပါဘူး ညကြီးမိုးချုပ်အဝေးကြီး မနက်မှခေါ်ပေးမယ် ”

“တောက်… ဒီကောင်လေး ”

ပြောပြောဆိုဆိုနဲ့ ထွက်သွားတဲ့သားကိုကြည့်ရင် သက်ပြင်းအရှည်ကြီးချမိလိုက်ပါတော့သည် ။

နံနက်ရောက်လို့ဝေလီဝေလင်း အချိန်အလင်းရောင်နဲ့ အတူ တဖက်ရွာမှာ ရှိနေမဲ့ သမီးငွေနှင်းခကို ခေါ်ဖို့အိမ်ကနေထွက်လာခဲ့ကြသည်။

“အေးကြည်ရေ.. အေးကြည်”

“ဘယ်သူတုန်း.. စောစောစီးစီး ”

“ငွေနှင်းခကိုလာခေါ်တာ ပြန်မရောက်သေးလို့ ဒီမှာနေအုန်းမယ်ဆိုလဲ လူကြုံမှာလိုက်တာမဟုတ်ဘူး”

“ဘယ်လို ..ဘယ်လို ပြန်ပြောပါအုန်း ”

“ငါ့သမီးငွေနှင်းခကိုလာခေါ်တာလေ”

“အမလေး”

“ဟေ..”

“ဘာဖြစ်လို့လဲ ကျွန်မ သမီး”

“နှင်းမြိုင် နင်ပိုက်ဆံလာပေးပြီးထဲက မိုးချုပ်မှာဆိုးလို့ ကျုပ်ပြန်လွတ်လိုက်တာ မရောက်သေးဘူးဆို့လို့ အံသြနေတာ”

“ရှင်…ဘုရား..ဘုရား ”

“ကိုသူရရေ ဘယ်လိုလုပ်ကြမတုန်း”

“နှင်းမြိုင် စိတ်အေးအေးထား သူ့ရည်းစားနောက်များလိုက်သွားသလား”

“မဖြစ်နိုင်ပါဘူး ငွေနှင်းခ မှာချစ်သူရည်းစား ရှိတယ်ဆိုတာ တစ်ခါမှမကြားမိပါဘူး”

“ညည်းမသိအောင် ထားရင်ရော”

“သမီးက အခုဆို ပျောက်နေတာ တစ်ပတ်(၇ရက်) ပြည့်တော့မယ်”

မိခင်ဖြစ်သူ ဒေါ်နှင်းမြိုင်တစ်ယောက် သောကပွေရပြီလေ ဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့ သမီးလေး ဘယ်လိုဘာတွေဖြစ်နေမလဲ တွေးရင် စိတ်တွေ ကသောင်ကနင်းဖြစ်နေရ၏ ။

“သား သူရိန် လှည်းမောင်းတော့ နှင်းမြိုင် လှည်းပေါ်တက် မြန်မြန် ငွေနှင်းခ ကိုရှာရမယ်”

“သမီးလေး ဘာမှမဖြစ်လောက်ပါဘူးနော် မြို့မှာလူပျောက်သွားတိုင်ရင်ကောင်းမလား”

“ဘာမှဖြစ်နိုင်ပါဘူး နှင်းမြိုင်ရယ်”

ဟိုဘက်ရွာကနေပြန်လာတဲ့ လမ်းတလျောက် သမီးဖြစ်သူကိုရှာဖွေနေလေသည်။ ဘေးပတ်လယ်မှာ ကိုင်းချုံပင်တွေ သက်ရင့်အပင်တွေ လယ်ကွင်းတွေ ဟိုတခုဒီတကွက်နဲ့ ကျွဲလူအိုင်တွေ သို့သော် ကိုင်းတောနှင့်နီးသော နေရာရောက်လေ အပုတ်နံ့နံလာလေပင်။

“ဟာ ဘယ်ခွေးသေကောင်လာ ပြစ်ထားလဲမသိဘူး နံလိုက်တာ”

“ဟုတ်ပ စိတ်ညစ်နေရတဲ့အထဲ မြန်မြန်လှည်းကိုမောင်း ဖီး…ရွံတာ”

တနေ့ပြီးတနေ့ ရှာသာရှာတာ မတွေ့ ။ သမီးလေးပြန်လာနိုးနဲ့ ဒေါ်နှင်းမြိုင် မျှော်နေမိပါသည်။ ငွေနှင်းခကို အရူးအမူး စွဲလန်းနေတဲ့ သူတစ်ယောက်ကလဲ သူအလောင်းမြှုတ်ထာတဲ့နေရာကို တရက်မပျက်လာခဲ့ပါသည် ။

“ငွေနှင်းခ နင်နဲ့ ချစ်လွန်းလို့ နင်အနားကို ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် ငါရှိချင်တာ နင့်ကိုလေ သိပ်ချစ်တာ အခုလို ငြိမ်ပြီ ငါပြောတာတွေ နားထောင်ပေးလို့ ပိုပြီးချစ်တယ်”

လမင်းကြီးကထိန်ထိန်သာလို့ ကိုင်းတောကြီးရဲ့ သက်ဝင်လှုပ်ရှား ယိမ်းနွဲနေဟန်က တစ္ဆေသရဲတွေ ခုန်ပေါက်နေသလိုပါပဲ ။ စိတ်၀င်စားဖွယ်ကောင်းတဲ့ လူကတော့ ချစ်ရသူရဲ့မျက်နှာလေးကို ငေးကြည့်ရင်း တတွတ်တွတ် ချစ်စကားတွေခြွေနေတော့သည် ။

“ငွေနှင်းခရေ လမင်းကြီးက သာလိုက်တာ အရမ်းလှတာပဲ ဒါပေမဲ့ နင်မျက်နှာက တနေ့တခြား တမျိုးပြောင်းလာတယ်နော် နင်နေမကောင်းလို့လား”

ငွေနှင်းခကို မှာတမ်းချွေပြီးတော့ အချိန်လည်း တော်တော်လေး လင့်နေပြီ ။ ငွေနှင်းခ မျက်နှာကိုဖုန်းထားတဲ့ ပုဆိုးစလေးကို ပြန်ဖုံးပေးပြီး အလောင်းကိုပြန် နစ်မြှတ်ထားလိုက်ပါတော့သည်။ ခြေရာလက်ရာမကျန်အောင် သေချာကြည့်ပြီးမှ ထွက်ခွာသွားတဲ့ လူက သူမမြင်သောနေရာမှ တခြာသူတစ်ယောက် စောင့်ကြည့်နေတယ်ဆိုတာ ထိုလူမသိနိုင်ခြေ။

ငွေနှင်းခ ပျောက်နေတာ( ၁၃ရက်)မြောက်နေ့မှာ ဒေါ်နှင်းမြိုင်အိမ်မက်ထဲ သမီးဖြစ်သူ ငွေနှင်းခ ရောက်လာပါတော့သည်။

“အမေ..အမေ သမီးကို ကယ်ပါအုန်း ”

“သမီးလေး.. သမီးအသံပါလား.. သမီးဘယ်မှာလဲ အမေဆီကိုလာ”

“အမေ.. သမီး အမေ့အနားမှာ ”

ဟင်..

“ပုတ်စော်နံလိုက်တာ”

“အမေ သမီး အမေ့ကိုမြင်ရအောင်ပြဖို့ မဝံ့ရဲဘူး”

“ဘာဖြစ်လို့လဲ သမီးငွေနှင်းခရယ်”

“သမီးခန္ဓာကိုယ်မှာ အ၀တ်အစားတွေမရှိဘူး အမေ ဟီးး..ဟီးးး”

“ဘယ်လို”

“ဟုတ်တယ် ဟိုလူယုတ်မာကြီးကြောင့် သမီးဘ၀ ဟီးး..ဟီးးး”

“အမလေး ဖြစ်မှဖြစ်ရလေ အခုသမီးကဘယ်မှာလဲ”

“အမေသမီးကိုလာရှာပါ သမီးကိုကယ်ပါ အမေ..အမေရေ”

“သမီးလေး သမီးရေ”

အိပ်နေရင်းနဲ့ သမီးဖြစ်သူကိုတမ်းတနေပြီး မျက်ရည်တွေနဲ့ မိခင်ဖြစ်သူ ဒေါ်နှင်းမြိုင်ကို ဦးသူရက ခေါ်နှိုးလိုက်လေသည်။

“နှင်းမြိုင် မနှင်းမြိုင် ”

“ဟင် သမီး သမီးလေး ဘယ်ရောက်သွားတာလဲ”

“မရှိပါဘူး မင်းအိပ်နေရင်း ယောင်အော်နေလို့ နှိုးလိုက်တာ”

“တစ်ကိုယ်လုံးချွေးတွေကြီးပဲ ငါရေခပ်ပေးမယ် ရေသောက်လိုက်အုန်း”

“အင်း..ပါ.. ”

ဦသူရ ​ရေခပ်ဖို့ ခြင်ထောင်အပြင်ကို ပြန်ထွက်လိုက်ပြီး သောက်ရေအိုးထားရှိရာ နေရာကို ရေခပ်ရန်လာခဲ့လိုက်သည် ။ သားဖြစ်သူရဲ့ အိပ်ခန်းရှေ့ ဖြတ်လျောက်သွားစဥ် အိပ်ယာပေါ်တွင် သူရိန်ကို မတွေ့ရပေ..

“ဟင် ဒီကောင်လေး ဘယ်တွေလျောက်သွားနေလဲမသိဘူး”

ထိုသို့ပြောကာ ရေခပ်ပြီး ဒေါ်နှင်းမြိုင်ရှိရာ အခန်းထဲသို့ဝင်လာခဲ့လေသည်။

“ရော့ နှင်းမြိုင် ရေသောက်လိုက်အုန်း”

“အင်း ပေး”

ကမ်းပေးသောရေကို တကျိုက်ထဲမော့သောက်လိုက်ပြီး ရေခွက်ပြန်ကမ်းပေးလိုက်ကာ..

“ကိုသူရ ကျုပ် နှာခေါင်းထဲ အပုတ်နံ့လိုလို ရွှံ့ဗွက်ပုတ်နံ့လိုလို ရနေတယ်”

“ဟင် ဟုတ်လား”

“ရှင်မရဘူးလား ”

“ငါတော့ မရပါဘူး.. ကဲ အိပ်တော့.. အိပ်တော့ ငါလဲအိပ်တော့မယ် မနက်ကို ယာထဲမှာ ပိုးသက်ဆေးဖြန်းရအုန်းမယ် ”

ဦးသူရတစ်ယောက် ပြောကာဆိုကာနဲ့ အိပ်စက်လို့သွားပါ၏ ။ အိပ်မပျော်နိုင်သူက တော့ ဒေါ်နှင်းမြိုင်ဖြစ်လေသည်။

ငွေနှင်းခကို သက်ထားတဲ့သူက သွေးအေးနေတာတော့ မဟုတ်ပေ။ ဟန်ဆောင်ကောင်းနေခြင်းပင်။ သူဘယ်လောက်ဘဲ လူတွေအရှေ့မှာ ဟန်ဆောင်ကောင်းနေသော်လည်း ညရောက်လို့ မျက်လုံးမှိတ်လိုက်ရမှာကို သေလောက်အောင်ကြောက်နေတဲ့အတွက် ညရောက်ပြီဆိုတာနဲ့ အိမ်မှာမနေနိုင်အောင်ဖြစ်ပြီး ငွေနှင်းခရဲ့အလောင်းဘေးမှာ နေရတာ သူရဲ့ကြောက်တဲ့ စိတ်ကိုဖုန်းကွယ်ထားတာပါ။

မနက်မိုးလင်းတော့ ရွာထဲမှာ ကျီးပြိုသလို တစ်ရွာလုံးကမ္ဘာပျက်သလို အပြေးအလွား ရွာပြင်က ကိုင်းတော ကို ရွာလုံးကျွတ်ရောက်ရှိနေပါပြီ ။ အကြောင်မှာ ငွေနှင်းခ အလောင်ပေါ်လာခြင်းဖြစ်ပါသည်။

“သနားပါတယ်နော်”

“ဟုတ်ပ နံတာတော့မခံနိုင်တော့ဘူး”

“ဟုတ်တယ် အရိုးကျနေပြီ လာမသိဘူး ”

“ပျောက်တာကြာနေပြီလေ မိဘတွေကကြိတ်ရှာနေတာကို”

တယောက်တပေါက်နဲ့ လူတွေစုတာကို ရွာကတာ၀န်ယူပြီးဆောင်ရွက်ထားပြီ ။ မြို့က အမှုလိုက်အရာရှိများ အလာကိုစောင့်ဆိုင်းလို့နေပါ၏။

“ဘေးကို ဘေးဖယ်ကြပါ ”

“ဖယ်ပေးလိုက်ပါအုန်း အမှုလိုက်ရဲအရာရှိကြီးတွေကို”

“လိုက်မထိ မကိုင်ကျ ပါနဲ့ ”

“ဒီအမျိုးသမီးအတွက် အမှု ကြန့်ကြာမှာဆိုးလို့ပါ”

“ဒီက ရွာလူကြီးရှိလား ”

“ရှိပါတယ်”

“ဒီအမျိုးသမီးကို ဘယ်ကစတွေ့တာလဲ ”

“ကျုပ်အိမ်မက်ထဲမှာတွေ့တာပါ”

“ဟင်”

“ဒီလိုပါဆရာ ကျုပ်အိပ်ပျော်နေတဲ့အချိန်မှာ ကျုပ်ဘေးနာကို လူတယောက်လာရပ်သလိုကြီး ခံစားရတယ်ဗျာ အဲ့ဒါနဲ့ကျုပ်လဲ မျက်လုံမဖွင့်သေးဘူး ဆက်အိပ်မယ်ပေါ့ အိပ်လို့မရပါဘူး ဆရာရယ် အပုတ်နံ့နံတာလေ ဘယ်လိုမှမခံစာနိုင်အောင်ပါ ကျုပ်လဲ ခေါင်းတွေပါကြီးပြီ ကြောက်လာတယ် မနေနိုင်ပါဘူး မျက်လုံးဖွင့်ကြည့်တဲ့အချိန် ကျုပ်ဖြင့် ဗိုက်ထဲက ကလီစာတွေပျက်ထွက်ကုန်ပြီလာတောင်မှတ်ရတယ် ကြောက်လိုက်တာ ကျုပ်ဖြင့်ကြောက်လွန်းလို့ ရှိသမျှဘုရားစာ တွေအကုန်ရွတ်တာ ”

ပြောရင်းနဲ့မောလာလို့ ရွာလူကြီးခဗျာ ခဏနားပြီးပြန်ဆက်ရလေသည်။

“ဒီက အမျိုးသမီးက ကျုပ်အရှေကနေထွက်ပြေးသွာတော့ ကျုပ်လဲ ​ဘုရားစာရွတ်ရင် သရဲပြေးတယ်ဆိုပြီး ကျုပ်က ဘုရာစာရွတ် သူအပြေးနဲ့ ဒီရောက်လာတာ ”

“ဒါနဲ့ ဒီရောက်တော့ ဘာထူးခြားလဲ ”

“ထူးခြားတာပေါ့ ကျုပ်က သူကိုမှီလုမှီကယ်ရောက်ခါနီးမှ ဒီထဲကိုခုန်ချသွားတာ ကျုပ်လဲစဥ်းစားတာ ရေမရှိတဲ့ ကျွဲလူးထားတဲ့ ဗွက်အိုင်ထဲကို ဘာလို့ခုန်ချတာလဲလို့”

“နောက်ပြီးတော့ယော ”

“ရှိသေးတယ်ဆရာရေ ကိုင်းတောထဲက ဘယ်ကရောက်လာမှန်းမသိတဲ့ ခွေးတစ်ကောင်က စူးစူးဝါးဝါး ဒီအိုင်ကိုပဲကြည့်ပြီး ဟောင်နေတာ ကျုပ်လဲ မသင်ကာ တာနဲ့ အနီနား၀န်းကျင်မှာ တိုးလို့ စွလို့ရမဲ့ ဟာကြည့်လိုက်တော့ သက်ရင်လို့ကြွေကျတဲ့ ကိုင်းခြောက်မာတဲ့ ဟာနဲ့ ဟိုတိုးဒီတိုလုပ်ကြည့်တာ အပုတ်နဲ့က မခံနိုင်အောင်ပိုထွက်လာတယ် မွှေလေ အနံထွက်လေမို့ ရွာထဲက ကာလသာတချို့ကိုခေါ်ပြီး ရှာလိုက်တော့ အမျိုးသမီးအလောင်ပေါ်လာတာ ”

“ဟုတ်ကဲ့ ကျွန်တော်တို့ မှတ်တမ်းပြုစုထားလိုက် ပါတယ် ရပါပြီ”

“ဟုတ်ကဲ့ဆရာ ”

“ကဲ့ မဆိုင်တဲ့သူတွေ အနောက်ကိုဆုတ်ပေးပါ ”

အမှုလိုက်ရဲများ အလောင်းစစ်ဆေးရန် လက်အိတ်များ၊ နှာခေါင်စီးများတပ်ဆင်ပြီး ။ အလောင်းရှိရာကို လာလေတော့သည်။ သို့သော် အလောင်းမှာ တာလပတ်ကြီးဖြင့်ဖုံးအုပ်ထားသဖြင့် သေချာမသိရသေးပေ။

“အလောင်းပေါ်က တာလပတ်ကိုပယ်လိုက်ပါ”

တာလပတ်ကြီးဖယ်လိုက်တယ် ဆိုရင်ပဲ ယင်မဲ​ကောင်ကြီးများ ထပြန်ကုန်လေပြီ။ ထိုမှထွက်လာသော အပုတ်နံက အော့နှလုံးနာစရာ ဘယ်လိုပုံစံမျိုးပင်ဖြစ်စေကာမူ လူသက်မှုပေါ်ဖို့အတွက်ကြည့်ရပေတော့သည်။

“ဟာ… ဟင် ရုပ်တောင်မပေါ်ဘူး ရေးလောင်းပေးပါ ရွှံ့ဗွက် နဲနဲပြောင်အောင်လို့ လက်နဲ့မပွတ်မိပါစေနဲ့”

ရေလောင်ချလိုက်ပြီတဲ့အချိန်မှာ မျက်နှာပုံပန်းသဏ္ဍန် ပေါ်လာခဲ့ပြီ ။ ပုတ်ပွနေပြီဖြစ်တဲ့ အလောင်းက မည်သူမည်ဝါလို့ခန့်မှန်ရန်ခက်ခဲနေတော့ မြို့ကစစ်သေးချက်နဲ့မှရမည်။

လက်ရှိမှာတော့ ငွေနှင်းခ ကပျောက်နေပြီး အလောင်းကလဲ အမျိုးသမီးဖြစ်နေတော့ ငွေနှင်းခဟု သက်မှတ်ထားလိုက်သည်။

“သမီးလေးရေ ..အဖြစ်ဆိုးလိုက်တာ ဟီးး..ဟီးး ငါ့သမီးလေးကို လုပ်ရပ်လိုက်ကျတာ”

“အဒေါ်မစိုးရိမ်ပါနဲ့ အမှုမှန်ပေါ်မှာပါ စိတ်ချပါ”

ရဲအရာရှိကြီးက ဒေါ်နှင်းမြိုင်ကို နှစ်သိမ်ပြီးတော့ လူထဲက လူတွေကို အကဲခတ်လိုက်တယ် ။ တချက်ပြုံးလိုက်ပြီး မင်းက ဟန်ဆောင်ကောင်းနေတာပဲ သူများတွေကို ညာရင်ညာလို့ရမယ် ။ ကိုယ်ရဲ့စိတ်ကို ဘယ်တော့မှညာလို့မရပါဘူး။ လူတိုင်းရဲ့ စိတ်ကို မျက်လုံကနေဖတ်ရှုနိုင်တယ် ။

“ကဲ ..စိတ်၀င်စားဖို့ကောင်တဲ့ ကစားပွဲကအခုမှစမှာ”

“ဆရာဘာတွေပြောနေတာလဲ”

“မကြာခင် သိလိမ့်မယ်”

အလောင်းတွေရှိပြီဖြစ်လို့လာကြည့်တဲ့ လူတွေထဲမှာ ငွေနှင်းခရဲ့ မိသားစုတွေရှိပြီ ခင်မင်ရတဲ့ဆွေမျိုးမိတ်ဆွေတွေရှိသလို ငွေနှင်းခကို သက်ထဲလူလဲ ရှိနေတယ် ။ အလောင်းကတွေ့ပြီဆိုတော့ ဘယ်လိုအခြေနေရှိတယ် လာကြည့်တာလဲဖြစ်နိုင်တယ် ။လူသက်ကောင်ကတော့ စိတ်ထဲမှာ စကားတွေအများကြီးပြောနေပါတော့သည်။

“ဟာ … ဒီလေါက်ရက်အကြာကြီးမတွေ့ပါပဲ အခုကဘယ်လိုဖြစ်တာလဲ မနေ့ကတောင် ငွေနှင်းခနဲ့တွေ့တာ အဲ့လောက် ရုပ်ဆင်းမပျက်သေးဘူး ငွေနှင်းခကို ခေါ်သွားတော့မယ် ဘာလုပ်ရမလဲ”

အလောင်းကို စစ်ဆေးဖို့အတွက်သယ်ဖို့ လုပ်ရာတွင် အရာရှိ အမှုလိုက်ကြီးက အလောင်းဘေးတွင် ဒူးတဖက်ထောက်ပြီး အလောင်းရဲ့ ပုခုံးကိုပုတ်ပြီး တိုးတိုးလေးပြောလိုက်တယ်။

“အသက်မဲ့နေတဲ့ အလောင်းကောင် နင်ရဲ့ လူသက်သမားကို နင်ရှာ နင်ကိုယ်တိုင်ပြစ်ဒဏ်ပေးလိုက်ပါ ဥပဒေက ကျူးလွန်သူအပေါ်ငဲ့ညာခြင်းမရှိပါ”

ဤသို့ပြောလိုက်ပြီးသည်နှင့် လေများတိုက်လာပါ၏ ။ အဝေးကနေ ရီမောသံလို လွှင့်မျှောလို့လာပါတော့သည်။
ကောင်းကင်ပေါ်က နေ့ခင်ကြောင်တောင် ငှက်ဆိုးတိုးသံလို အသံကြီးပေါ်ထွက်လာပြီး ကျီးကန်များကလဲ ရန်ပြုတော့မည့်အလား ပြန်ဝဲနေတော့သည်။

ငွေနှင်းခ အလောင်းဟု ယူစရတဲ့ အလောင်းကိုသယ်ဆောင်သွားတော့ ဒေါ်နှင်းမြိုင်တို့အိမ်မှာ နာရေးလုပ်ရလေသည်။ အဲ့မှာလဲ လူသက်ကောင်က ရှိနေပြန်တာပဲလေ ။

နာရေးအိမ်ရဲ့ ညဥ်နက်သန်းခေါင်ကိုရောက်လာတော့ လူသက်ကောင်ရဲ့စိတ်တွေက…

“ငွေနှင်းခ နင်ဘယ်မှမသွားပါနဲ့ သေသေချာချာဖွက်ထားရင်နဲ့ ဘာလို့တွေ့သွားရတာလဲ အခုတော့ နင်ကငါအနားမှာမရှိတော့ဘူး”

“ဟားး..ဟားး ဟီးး ဟီး ခစှ.ခစှ”

“ဘယ်သူလဲ..ဘယ်သူလဲလို့မေးနေတယ်လေ ”

“ရှင်ပဲမခွဲနိုင်ဘူးဆို အနားမှာနေခြင်ပါတယ်ဆို”

“မဟုတ်ဘူး နင်က ငွေနှင်းခ မဟုတ်ဘူး”

ပုတ်ပွလို့ အရိအရွဲတွေနဲ့ မျက်နှာကြီးက သူမျပ်နှာနားကိုတိုးကပ်လို့ပါတော့သည်။

“မလာနဲ့ ..အား .. လုပ်ကျပါအုန်း ကျုပ်နားကို သရဲမကြီးလာနေတယ်”

“မရဘူး အခုက ရှင့်အလှည့်ပဲ ငါကတောင်းပန်တုန်းက သနားခဲ့လို့လား”

“ငါကိုခွင့်လွတ်ပေးပါ”

ပြောပြီးလက်အုပ်ချီပြီး အသွင်သွင်တောင်ပန်းနေသော်လဲ တောင်ပန်ချင်းက အလကားပေ။

“အား…မလုပ်ပါနဲ့ ငါလည်ပင်း အစ်…”

ငွေနှင်းခ ရဲ့ မလှပတော့တဲ့ မျက်နှာမှာ နာကျင်မုန်းတီးလို့နေပါသည် ။

“မလုပ်ပါနဲ့ ငွေနှင်းခရယ် ငါမှားတာသိပါပြီ”

ချွန်မြလွန်းတဲ့လက်သဲရှေတွေနဲ့ သူ၏ရင်ဘက် ၊ကျောပြင်များကို နေရာလက်မကျန် ကုန်ပြစ်လိုက်ပြီး ။ လက်တဖက်နဲ့ ဂုတ်ကိုကိုင်ဆွဲပြီး အဝေးကိုလွှင့်ပြစ်လိုက်လေသည်။

ဝုန်း..ဘုန်း..

အား…

အိမ်ပေါ်မှာ ပြုတ်ကြသံတွေ ကြာလို့ ဒေါ်နှင်းမြိုင်အိမ်ပေါ်ကိုပြေးတက်လာခဲ့ပါသည်။ အိမ်ပေါ်တွင် သွေးတွေထွက်ပြီးလဲနေတဲ့ သူကို တွေ့လိုက်ရပါပြီ။

“ကိုသူရ ဘာဖြစ်တာလဲ”

“ငါကိုကယ်ပါအုန်း ငွေနှင်းခ ငါကိုသက်တော့မယ် ”

“ဘာ..ဘယ်လို”

“ငါအမှားတွေလုပ်ခဲ့ပါတယ် ငါကိုခွင့်မလွတ်ပါနဲ့”

“ရှင်ဘာတွေပြောနေတာလဲ”

“နှင်းမြိုင် ငွေနှင်းခကိုသက်တာ ငါပါ.. ငါကိုဖမ်းကြပါ သူငါကိုသက်တော့မယ်”

ချောက် ..ဖျောက်

ဦးသူရ ဝန်ခံလိုက်သည်နှင့် တပြိုင်နက် လက်ထိပ်ခက်ခံလိုက်ရသည်။ နာရေး မှာကူလုပ်ပေးသူများထဲမှာ အပြင်အဝတ်စားများနှင့် ရဲများရှိနေပြီ။

လူသက်မှုများရဲ့ကွင်းဆက်များကို သတင်းပေးသူမှာ ဦးသူရရဲ့ သားဖြစ်သူ သူရိန်ကိုယ်တိုင်ဖြစ်လေသည်။

“ကဲ.. တရားခံကိုခေါ်လာခဲ့”

ချလွင် ချလွင်နှင့် ခြေတောက်မှာ ခတ်ထားတဲ့​ သံခြေကြင်းအသံက ဘယ်လောက်ပြစ်မှုကြီးတယ်ဆိုတာ ဖော်ပြအသံ​ပြုနေပါ၏ ။

“ငွေနှင်းခ ကိုဘာ​ကြောင့်သက်တာလဲ”

“ကျုပ်မသက်ပါဘူး လက်လွန်သွားတာပါ”

“ငွေနှင်းခနဲ့ ပြသနာရှိဖူးလား”

“ကျုပ်သူကို အပျိုဖော်ဝင်ခါစထဲက သဘောကျခဲ့တာ သူကကျုပ်လိုလူကိုအမြဲငြင်းပယ်ခဲ့တယ် ကျုပ်သူနဲ့နီးဖို့ မနှင်းမြိုင်ကိုယူခဲ့တယ် သူအနားတောင်ကပ်လို့မရခဲ့ပါဘူး တနေ့ကျုပ် သူငယ်ချင်းတွေနဲ့သောက်စားပြီးအပြန် သူကမှောင်ရီပျိုးနေတဲ့အချိန် ဟိုဘက်ရွာက အပြန်ကျုပ်လဲသူကိုတွေ့တော့ စိတ်ရိုင်း၀င်ပြီးကျုးလွန်မိတယ် ”

“ဆက်ပြောပါ ဦးသူရ ”

“ကျုပ်ကို ထောင်ကျအောင် ရဲတိုင်မယ်ဆိုလို့ စကားများရာကနေ အော်ပြောတဲ့အဆင့်ထိဖြစ်လာတော့ ကျုပ်တို့အသံလူတွေကြာမှာဆိုးလို့ ပါးစပ်ပိတ်ထားရာကနေ လက်လွန်ပြီး ငွေနှင်းခ ဆုံးသွားတာ”

“နောက်တော့ ဆက်ပြောလေ မထိန်ခြန်ထားပါနဲ့ ဦးသူရ”

“ကျွဲလူးအိုင်မှာ ကျုပ်ဖွက်ထားခဲ့တယ် နောက်နေ့မှ လာပြီသယ်ဖို့ နေ့ဘက်က လူမလစ်ဘူးဖြစ်နေတော့ ညဘက်မှာ လာရတယ်”

“ဒါဆို ခဗျာ ဒေါ်နှင်းမြိုင်အိပ်မှလာရတာပေါ့ ”

“အင်းဟုတ်တယ် သမီးစိတ်နဲ့ မအိပ်တော့ အိပ်ဆေးတိုက်ပြီ ငွေနှင်းခရှိတဲ့နေရာကိုသွာတယ် အလောင်းပျောက်ဖို့ပါပဲ ဒါပေမဲ့ မလုပ်ရက်ခဲ့ဘူး လမင်းကြီးနဲ့အပြိုင် ငွေနှင်းခက လှနေတော့ နေ့တိုင်းရင်ခွင်ထဲမှာထားပြီး စကားတွေပြောပြီ တူတူရှိနေခဲ့တယ် ”

“သားဖြစ်တဲ့သူက ခဗျားကိုတားတာတောင် ခဗျားက နောက်မဆုတ်ခဲ့ဘူး”

“ကျုပ်မှားပါတယ် ”

“ရဲဘော်တို့ အချုပ်ခန်းထဲပြန်ထည့်ထားလိုက် ဘာသံကြားကြား ဘယ်သူမှမသွားဖွင့်ရဘူး”

“ဟုတ်ကဲ့ဆရာ”

ကျီး..ဂျိန်း..

“ကျုပ်ကိုတစ်ယောက်ထာပါနဲ့ ငွေနှင်းခ လာသတ်လိမ့်မယ် ကျုပ်ကို ဒီထဲမှာမထားပါနဲ့ ငွေနှင်းခရယ် ငါ့အနားကိုမလာပါနဲ့”

ငွေနှင်းခ ရဲ့ရုပ်ပျက်ဆင်းပျက် ခန္ဓာကိုယ်ကြီးပေါ်လာပြီး လက်တွေကိုရှေ့သို့ဆန့်ထုပ်လိုက်၏ ။ ဦးသူရရဲ့ လယ်မြိုကိုဖိညှစ်လို့ လိမ်ချိုးလိုက်လေသည်။

အား… အား …အစ်…ဂျွတ်

လယ်ပင်းအရိုးကျိုးသံက တိတ်ဆိတ်အေးဆက်တဲ့ နံရန်များမှ ပဲတင်နေတဲ့အသံက ငွေနှင်းခအတွက် အလွန်ချိုမြိန်တဲ့ တေးသွားတစ်ပုဒ်ဖြစ်လေတော့သည်။

*****
။ပြီးပါပြီ။