August 29, 2025

ဘဝရေဆန်(သို့)ခရီးသည်

ဘဝရေဆန်(သို့)ခရီးသည်(စ/ဆုံး)

———————————–

“ဦးလေး ကျမကိုခွေးကျင့်ခွေးကျံ မကြံနဲ့နော်”
“ချစ်လို့ပါကွယ်”
“တဏှာ….အု အားအား”
ကျမအတင်းအော်ပြီး အကူအညီတောင်းမလို့အလုပ်။ပါးစပ်ကိုအတင်းပိတ်ပြီး ကြမ်းပေါ်ကို တွန်းအလှဲ….(လုံးထွေးကျ)
လက်ကကျောက်ပျဉ်ပေါ်။ကျောက်ပျဉ်ဘေးကသနပ်ခါးတုံးဆွဲအမိ။
“ကဲဟာ”
ခွပ်! ခွပ် ခွပ် ခွပ် ခွပ်!
ကြောက်အားလန့်အားနဲ့ဘယ်နှစ်ကြိမ်မြှောက် ဦးလေးခေါင်းကို ထုလိုက်မိမှန်းမသိတော့။
“အား”
ဦးလေးခေါင်းက သွေးစီးကျပြီး လုံးဝမလှ ုပ်တော့မှ။
မိုး ကုန်းရုံးထပြီး……
ဖြစ်ပုံကဒီလိုပါ။

မိုးတို့ကအမေတစ်ခုသမီးတစ်ခု။ဧရာဝတီတိုင်းက လူသိပ်မသိတဲ့ရွာလေးတစ်ရွာမှာ။မိုးဦးကျမှာ မိုးကိုမွေးလို့မိုးဦး။ကျောင်းနေတော့မှ မိုးတစ်လုံးထပ်ထည့်။မိုးမိုးဦး။
မိုးအဖေပိုးထိပြီးသေသွားတော့ မိုး၇တန်းမှာ။
မိုး၈တန်းအရောက်အမေက နောက်အိမ်ထောင်ပြု ။

မိုးရဲ ့ပထွေး ဦးဒီလုံး။မိုးအခေါ်ဦးလေး။မိုး၈တန်း ၉တန်းထိ ဦးလေးအကြည့်တွေက ပုံမှန်ပါပဲ။
မိုးဆယ်တန်းအရောက်မှာတော့ ဦးလေးအချိုးတွေပြောင်းလာလိုက်တာ ခုမိုးဆယ်တန်းဖြေအပြီး အမေ မရှိခိုက် ဒီလိုအဖြစ်တွေဖြစ်လာတာပါ။

အိမ်တံခါးဆွဲဖွင့်ပြီး မိုးထွက်ပြေးလာပါတော့တယ်။
ပြေး . ပြေး .::::::::::::::::::ပြေးပေတော့ မိုးရေ……
(မိုးရဲ ့ဆယ်ကျော်သက်ဘဝအစမုန်တိုင်းတစ်ခုပါပဲ)

“အဘွား”
“ဝေး …”
“သပြေပန်းတွေ ခြင်းထဲထည့်ပြီးပြီ”
“အေးအေး ကျောင်းသွားတော့ ငါ့မြေး”
“ဟုတ်ကဲ့ အဘွား”
“ဟို ကလေးနှစ်ယောက်”
“ဗျာ, အဘွား” (သံပြိုင်)
“ထ,စာကျက်တော့ အဘွားစျေးသွားတော့မယ်”
“ဟုတ်အဘွား” (သံပြိုင်)
“ကန်စွန်းရွက် ချဉ်ပေါင်ရွက်တွေ စည်းထားပြီးသားနော် လာဝယ်ရင်ရောင်းလိုက်အုန်း”
“ဟုတ်အဘွား” (သံပြိုင်)

မိုးတဖြစ်လည်း ခုတော့ အဘွားဒေါ်မိုးမိုးဦးရဲ ့ဆယ်ကျော်သက် ဘဝအစကနေ…….
ဇာတ်ကြောင်းပြန်ကောက်ရ ရင်ဖြင့်::::::::::::::::::::::::::::::::::

ပထွေးဦးဒီလုံးကို ခေါင်းထုရိုက်ပြီးကြောက်အားလန့်အားနဲ့ထွက်အြေးတော့ ကိုယ့်တဖက်သတ်ပိုးပန်းနေတဲ့ ကိုမြတ်သာနဲ့တွေ့ပြီး နှစ်ယောက်သားရန်ကုန်ထွက်ပြေး။
(ရည်းစားမထားလိုက်ရပါပဲ လင်တစ်ကောင်ရလေသတည်းပေါ့)
ကိုမြတ်သာက မိဘမရှိကြီးဒေါ်အိမ်ကပ်နေရသူ။တကိုယ်ထည်းလူပျိုကြီး။
ရွာမှာတော့ တောင်သူလယ်လုပ်နွားကျောင်း။
မိုးတို့အိမ်(မိုးကို)အမြဲစောင့်ကြည့်နေတတ်သူ။

ကိုမြတ်သာနဲ့ညားပြီး ဆယ်တန်းအောင်စာရင်းတွေထွက်လာတော့ မိုးဆယ်တန်းအောင်သတဲ့။(အဆိုးထဲက အကောင်း)
ကိုမြတ်သာကတော့ ရန်ကုန်ရောက်တော့ ရရာအလုပ် ဆိုက်ကားနင်း။

*ရွာသတင်း
မိုးရဲ ့ပထွေးက သူ့အမှ ုသူပတ်မှာဆိုးလို့တိုင်ချက်မဖွင့်ကြောင်း။ဆေးကုယူလိုက်ရတာ လချီကြာကြောင်း။အမေက ကောက်စိုက်ပျိုးနှ ုတ်လုပ်ပြီးရှာကြွေးနေရကြောင်း။
ရွာသတင်းကြားရလို့မိုးစိတ်အေးရပြီ။

မိုးစာပေးစာယူနဲ့တက္ကသိုလ်ဆက်တက်။ကိုမြတ်သာကတော့ ဆိုက်ကားနင်းဆဲ။
မိုးဘွဲ့ရတော့ ဆရာမလျှောက်။ဆရာမ အဖြစ်စတင်တာဝန်ထမ်းဆောင်ရတော့ ချင်းပြည်နယ်။

ပထွေးဆုံးတော့ အမေ့ကိုမိုးခေါ်ထားပါတယ်။အမေလည်းမိုးကိုစောင့်ရှောက်ရင်း ချင်းပြည်နယ်အထိ လိုက်ပါရင်းပေါ့။

ဆယ်စုနှစ်အကြာ………
“မိန်းမရေ မိန်းမ”
“ယောက်ကျားပြန်လာပြီလား”
“အဟွတ် အဟွတ်”
“ယောက်ကျား ,ချောင်းတွေတအားဆိုးနေတယ်နော်”
“မနက်ဖန် ဆိုက်ကားမနင်းနဲ့အုန်း ဆေးခန်းသွားပြရအောင်”
“အေးပါမိန်းမရယ်”
“ကလေးတွေအိပ်ပြီလား”
“အင်း အိပ်သွားပြီ”

ကိုမြတ်သာ ထမင်းသိပ်မစားနိုင်တာ အတော်ကြာပြီ။လူကလည်းချောင်းတအားဆိုး။တပိန်ပိန်တလိန်လိန်။ဆိုက်ကားတောင်မနင်းတစ်ရက်။နင်းတစ်ရက်နဲ့ပါ။ဆေးခန်းသွားပြဖို့ပြောတော့လည်း မသွား။
ဆေးဆိုင်ကဆေးဝယ်သောက်နေတာဘယ်လောက်ကြာပြီလည်း။
သူ့ခမျာ သားလေးနှစ်ယောက်နဲ့မိန်းမ အပြင် ယောက်ခမကိုပါရှာကျွေးနေခဲ့တာပါ။(ဆေးခန်းသွားရင် ကုန်မယ့်ငွေနဲ့ဆေးဆိုင်ကဆေးဝယ်သောက်လိုက်ရင် ကုန်မယ့်ငွေတအားကွာတော့ သူမသွား။ငွေတွင်းက နက်လွန်းလို့တဲ့)

*လင်မယားနှစ်ယောက်ရှာဖွေတဲ့ငွေက အိမ်ငှားခအပြင် လူငါးယောက်စာ စားလောက်ရုံလေးပါပဲ။

ဆေးခန်းသွားပြတော့ ကိုမြတ်သာကတီဘီရောဂါတော်တော်ကျွမ်းနေပြီတဲ့။ကိုမြတ်သာကိုဆေးရုံတင်။ဆေးရုံမှာပဲဆုံးသွားခဲ့ပါတယ်။
ကိုမြတ်သာရယ်လေ…..
ဒီလောက်အဖြစ်ဆိုးနေတာတောင် မိန်းမရှေ့တစ်ချက်မညီးပဲ သေသည်အထိ အားတင်းရှာကြွေးသွားတဲ့ယောက်ကျား။
မိသားစုအပေါ်ကောင်းတဲ့ယောက်ကျားမို့အသေစောခဲ့လေသလား???
ငွေတွင်းကနက်လွန်းလို့ပဲ အသေစောခဲ့လေသလား???

“မိန်းမရယ် ယောက်ကျားမောမောနေတာ ဘာဖြစ်လို့လည်းမသိဘူး”လို့တော့ ခဏခဏမေးပြောပြောခဲ့ဖူးပါတယ်။
မိုးဂရုမစိုက်ခဲ့တာမဟုတ်ပေမယ့် မိုးမှာလည်း ကျောင်းကိုသွားစာသင်ရ။ကျောင်းစျေးမှာစျေးရောင်းရ။(ငွေတိုးနဲ့ချေး ကျောင်းမှာဆိုင်ခန်းယူ စျေးရောင်းပါသေးတယ်)
ကလေးနှစ်ယောက်နေ့ကလေးထိန်းမူကြို ထား။(အပြန်အမေကြိုပေး)
မနက်စားသောက်ဖို့လုပ်ရ။ထမင်းချိုင့်အသီးသီးထည့်ရ။
ညနေစျေးဝင်ဝယ်ချက်ရပြုတ်ရနဲ့ဖတ်ဖတ်မော။
(ကျမလည်းနားချိန်မရှိခဲ့ပါဘူး)

ကိုမြတ်သာဆုံးပြီးတော့ သားလေးတွေလည်းတီဘီဖြစ်နေသလားလို့ဆေးခန်းပြ။(သားကြီးက၃နှစ် သားငယ်က၁နှစ်)တီဘီဆေးတိုက်ရ။လူကချုံးချုံးကျ။ပင်ပန်းလိုက်တာများနော် လူရုပ်တောင်မပေါ်ခဲ့တော့ပါဘူး။
အသားညိုညိုထောင်ထောင်မောင်းမောင်းနဲ့မိုးဟာ ကမ္မဌာန်းရုပ်ကိုပေါက်လို့ပါ။

ကိုမြတ်သာဆုံးပြီးဘာကြာလည်းအမေလည်းအကောင်းကြီးကနေ အိပ်နေရင်းအသက်ထွက်သွားခဲ့တာမနက် မိုးလင်းမှ မိုးသိခဲ့ရတာပါ။
အမေ့အသက်၆၄။မိုးအသက်၂၈။

အသက်၂၈မှာ ပူပူနွေးနွေးကလေးနှစ်ယောက်အမေ လင်သေမုဆိုးမ။အမေဆုံး။
မိသားစုတာဝန်အားလုံး မိုးပုခုံးပေါ်မှာ။(အကြွေးတွေကပုံ)

ကျောင်းဆိုလို့မိုးကပြောချင်ပါသေးတယ်။မိုးမှာ ရတဲ့ လစာ။ကျောင်းစျေးရောင်းလို့ရတဲ့အမြတ်။တလတလစုစုပေါင်း အိမ်ငှားခပေးအပြီး မလောက်နိုင်လွန်းလို့သူများတွေလို ကျူရှင်ပြချင်သေးတာ။
ဒါပေမယ့် မိုးသင်ရတာက သမိုင်း။သချာင်္ဆရာ။အင်္ဂလိပ်ပြတဲ့ဆရာမတွေသာကျောင်းမှာTopဖြစ်တာလေ။ကျူရှင်ပြရတာလေ။မျက်နှာပွင့်တာမို့လား?(ကျောင်းကနာမည်ကြီးကျောင်းတစ်ခုမှာ)
သင်ချင်တာပေါ့။ဒါပေမယ့်…..
ကျောင်းတွေမှာလည်း လာထား…အာဘွားကရှိအုန်းမှ။(သူ့အကန့်သူ့အဆင့်ဆင့်တွေနဲ့သူပါ)
မိုးလို မျက်နှာမွဲ ဘွဲ ့တစ်ခုသာရတဲ့ဆရာမလေးတစ်ယောက်အဖို့ကတော့::::::::::::::::::

သားနှစ်ယောက်ရဲ ့လက်ကိုဆွဲ မိုးရဲ ့့ဘဝကံကြမ္မာစေစားရာအတိုင်းမာန်တင်းလို့အားတင်းအံကြိတ်ကျော်ဖြတ်ခဲ့ပါတယ်။အကြွေးတွေလည်းဆပ်ရင်းပေါ့။
မိုးမှာ အားကိုးစရာ သားနှစ်ယောက်ရှိနေပြီပဲ။
:::::::::::::::::::::::::::::::::::::::::::::::::::::::::

::::::::;:::::::::::::::::::::::::::::::::::::::::::::::

နှစ်များစွာအားတင်းအံကြိတ်အခက်အခဲတွေကို မညီးစတမ်းသားနှစ်ယောက်ဘေးမှာထားလို့ကျော်ဖြတ်လာလိုက်တာသားကြီးက၉တန်း သားငယ်က၆တန်း။
သားကြီး၉တန်းခနခနကြလို့ကျောင်းဆက်မတက်တော့။
ကားပစ္စည်းအရောင်းဆိုင်မှာအလုပ်ဝင်လုပ်။
ဘယ်လောက်မှမကြာလိုက်။မိန်းမတန်းရတော့တာပါပဲ။
မိုးမှာ လက်ရုံးတစ်ဖက်ပြုတ်သွားရသလိုပါ။
ဘာတတ်နိုင်မှာလည်းလေ….
(မိုးကြိတ်ငိုခဲ့ရပါတယ်)
“သူ့သဘာဝနဲ့သူပဲလေ ငါဘာတတ်နိုင်မှာလည်း”လို့ပဲတွေးရင်း
စိတ်ဖြေခဲ့ရပါတယ်။
သားငယ်တစ်ယောကိကျန်သေးတာပဲ…..လို့….

သားကြီးအကြောင်းဆက်ပြောပြချင်ပါသေးတယ်။
သားကြီးကလေးနှစ်ယောက်ရအပြီးရှာတဲ့ငွေမလုံလောက်တော့ သူတို့လင်မယားရန်ဖြစ်ကျ သတ်ကျရင်း မိန်းမက သားကြီးနဲ့ကလေးနှစ်ယောက်ကိုထားပြီးထွက်သွားလိုက်တာ ပြန်မလာတော့ပါဘူး။
(ထိုင်းဘက်ကိုထွက်သွားတယ်လို့ကြားမိ)

သားကြီးစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့အရက်သောက်။အရက်စွဲ။ကိုယ်တွေဖောရောင်လာကာရနေ သေမင်းခေါ်ရာနောက် ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါပြီ။
သားကြီးအသုဘမှာ ကျမမေ့လဲခဲ့တာ၂ကြိမ်။
သေမင်းကို ကျမ မတားနိုင်ခဲ့ပါဘူး။
*သားကြီးရေ နောင်ဘဝဒီလိုအဖြစ်ဆိုးတွေမကြုံ ရပါစေတော့နဲ့။

ပင်စင်ယူအပြီးဒေါ်မိုးအသက်၆၂။
ဒေါ်မိုးဆီရောက်လာခဲ့တာကတော့ သားကြီးပေးတဲ့အမွေ မြေးမလေးနဲ့မြေးထီးလေးပေါင်းနှစ်ယောက်။

သားငယ်အကြောင်းဆက်ပြောရရင်ဖြင့်
သားငယ်ဆယ်တန်းအောင်။ဆယ်တန်းအောင်တာနဲ့ အိမ်ဆောက်ပစ္စည်းဆိုင်မှာအလုပ်လုပ်။
သားငယ်ကရတဲ့လခလေးကို အမေနဲ့တူတူမလေးတွေကိုထောက်ပံ့ပေးရှာပါတယ်။
သြော်…ငါ့သားလေးကသိတတ်ရှာတာပဲလို့စိတ်တွင်းကချီးကျူးလို့မဆုံးသေးပါဘူး။(ဘာကြာလို့လည်း)
မိန်းမကောက်ယူတော့တာပါပဲ။
ဒီတစ်ခါလည်း ဒေါ်မိုးစိတ်ဖြေခဲ့ရတာပဲ။(သားကြီးက သင်ခန်းစာပေးထားခဲ့ပြီပဲ)

ဒေါ်မိုးရဲ ့ကံကြမ္မာကိုက ဖြစ်ချင်တိုင်းဖြစ်ခွင့်မပေးခဲ့တာပဲ။
ဒေါ်မိုးရှေ့မှာပဲ လင်သေ အမေသေ သားသေ။

*သားငယ်ကံကြမ္မာ(သားငယ်ကလေးတစ်ယောက်ရအပြီး)
သားငယ်ကသူ့မိသားစုကို ဝတ္တရားကျေပွန်စွာရှာဖွေကျွေးမွေးတဲ့ လင်ယောက်ကျားဖြစ်ပေမယ့် သူယူတဲ့မိန်းမက အကျင့်စာရိတ္တဖောက်ပြန်တဲ့မိန်းမဖြစ်နေလေတော့ ကလေးနဲ့ယောက်ကျားကို ထားခဲ့ပြီးလင်ငယ်နောက်လိုက်ပြေးသွားပါရောလား။

သားငယ်လည်း ကလေးကိုသူအလုပ်သွားချိန်စိတ်မချတော့
“အမေရယ် ကလေးကို အမေပဲ ကြည့်ရှ ုစောင့်ရှောက်ပေးပါ”ဆိုပြီးအမေ့လက်ထဲထည့်တော့…

မိုးတဖြစ်လည်းဒေါ်မိုးရဲ့လက်ထဲ သားတွေပေးတဲ့အမွေ သားကြီးကလေး၂ယောက် သားငယ်ကလေးတစ်ယောက်။စုစုပေါင်းမြေး၃ယောက်ရောက်ရှိလာလေသတည်းပေါ့။

သားငယ်ယဉ်တိုက်မှ ုဖြစ်။လူသေတော့ထောင်ကျ။ ခုသားငယ်ကထောင်ထဲမှာ။
ဒေါ်မိုးဘဝက ခေတ်သစ်ပဋ္ဌာစာရီလို။မရှူးသွားခဲ့တာပဲရှိတာပါ။

ဒေါ်မိုးမှာပင်စင်လစာနဲ့မြေး၃ယောက်စရိတ်ကမလောက်။ခြံထဲမှာ သပြေပင်တွေရှိတော့ ဘုရားလည်းလှူ ရင်းပန်းလည်းရောင်းရင်း။တခြားသီးပင်စားပင်(ကန်စွန်းရွက်,ချဉ်ပေါင်,ကင်းပုံ,ဘူးပင်)လေးတွေလည်းစိုက်ထားတော့ ကလေးတွေကျောင်းစရိတ်လောက်အောင်သပြေပန်းစျေးထွက်ရောင်းချပါတယ်။
(ဘေးပတ်ဝန်းကျင်ကလည်း ဝယ်ယူအားပေးကြပါတယ်)

ဒီနေရာမှာပြောချင်သေးတာက
ဒေါ်မိုးတို့လမ်းထဲမှာ ဒေါ်မိုးတစ်အိမ်ပဲတဲသာသာ။ကျန်တဲ့အိမ်တွေက အိမ်ကြီးအိမ်ကောင်းတိုက်တွေကြည့်ပါပဲ။
ဒေါ်မိုးနေတာကမြောက်ဒဂုံ။
(ဒေါ်မိုးမရှက်ပါဘူး။ဒေါ်မိုးဘဝမှာ ရိုးရိုးသားသားနဲ့သမ္မာအာဇီဝကျကျလုပ်ခဲ့တာကြည့်ပါ။ဒေါ်မိုးမချမ်းသာပေမယ့် ဒီတစ်သက်လိပ်ပြာလုံပါတယ်)
* ခိုးစားပြီးချမ်းသာတာကရှက်စရာ ရိုးသားပြီးမချမ်းသာတာကရှက်စရာမှမဟုတ်ပေပဲ*
နေ့စဉ်ငါးပါးသီလလုံအောင်ထိန်းပါတယ်။
ဒေါ်မိုးကိုသေမင်းမခေါ်သေးတာပဲကျေးဇူးတင်မိပါတယ်။

မြေးမလေးကဒီနှစ်၉တန်း။မြေးမလေးဆယ်တန်းအောင်ရင်တော့ မိုးလိုပဲကျောင်းဆရာမလုပ်ခိုင်းမှာပါ။

ဒေါ်မိုးဘဝမှာ ယောက်ကျားသေတော့ အားကိုးစရာသား၂ယောက်ရှိသေးတယ်ဆိုပြီးယုံကြည်ခဲ့တယ်။ယုံကြည်ချက်နဲ့အတူရှေ့ဆက်လျှောက်ခဲ့တယ်။ယုံကြည်ချက်တွေ ပျက်ပြယ်သွားတော့လည်းမချိပြုံးနဲ့ရင်တွင်းအပူလုံးကို လူမသိသူမသိ ကြိတ်တင်းတင်းရင်းးးးးးးး

အမျိုးရင်းချာတွေမရှိပေမယ့် ယောက်ကျားဘက်က ဝမ်းကွဲအမျိုးတွေတော့ရှိသား။အကူအညီလေးတစ်ခုသွားတောင်းခဲ့ဖူးပါရဲ ့့။
(လူကိုပြောလိုက်တာများရစရာမရှိ) စကားပုံတောင်ရှိတယ်မဟုတ်လား? “မရှိခိုးနိုး မလှစုန်းရိုး”ဆိုတာ။

အဲဒီကထည်းကအမျိုးဆို ဘယ်အမျိုးမှ အားမကိုးပဲကိုယ့်အားကိုယ်ကိုးလာခဲ့တာ ဒီအသက်အရွယ်(ဆံဖြူသွားကျိုး)ထိ။လောကဓံက အခါးပေးတယ်။အချိုပေးတယ်။အချဉ်ပေးတယ်။ပေးသမျှလောကဓံရေဖျော်သောက်လာလိုက်တာ လျှာတောင်ထုံ ဆိုသလိုပ့။

မညီးအံကြိတ်မာန်တင်းဆန်ရင်း ဆက်လျှောက်ခဲ့ရတာ အဘွားဒေါ်မိုးဖြစ်တဲ့အထိပါ။အိုဇာတာကောင်းတယ်ဆိုတာ လူနည်းစုသာပေပဲမဟုတ်ပါလား?

ပညာ(ဆရာမအဖြစ်)နဲ့ပတ်သက်တဲ့အခွင့်အရေးတစ်ခုအဖြစ်လုပ်သက်နှစ်၃၀ကျော်မှာအစိုးရချပေးတဲ့ မြေကွက်ကလေးရပြီး အိမ်လေးနဲ့နေနိုင်လို့နေရေးအတွက် မပူပင်ရတော့တာကတော့ ဘဝခရီးသည်တဖြစ်လည်း ဒေါ်မိုးမိုးဦးရဲ ့မှတ်တိုင်လေးတစ်ခုသာပါပဲ။

*ခရီးသည်*

ဘဝရေဆန်
ရေစီးကသန်
မုန်တိုင်းကထန်။
လှော်တက်ကို
ဘယ်ညာကိုင်လို့
အားတင်းရပြန်။
များလှကျောက်ဆောင်
တိုက်မိလွတ်အောင်
ထိန်းရကြံဖန်။
ဘဝဝဲဂယက်မှာ
အံကြိတ်ရင်း
လွန့်ကာလူးကာ
လှော်ရဖန်ဖန်။

အတွေးစာစုလေးပါ။

စံဌာနီထွန်း