August 29, 2025

မိငယ် မငိုတော့ဘူး

မိငယ် မငိုတော့ဘူး(စ/ဆုံး)

————————

“မင်း ငါ့အလုပ်ထဲဘာလိုက်လုပ်တာလဲ”
“မှတ်ပုံတင်လိုက်ယူတာလေ ကိုကြီးပဲမှတ်ပုံတင်ကိုအိမ်မှာမထားခဲ့တာ သမီးကျောင်းပြောင်းလုပ်ဖို့အတွက် လိုတယ်လေ ပြီးဖုန်းဆက်တော့လဲဖုန်းမှမကိုင်တာ”
“ငါ့ အလုပ် လုပ်နေတာ မင်းမမြင်ဘူးလား”
ဟွန့် ဒါလားအလုပ် လုပ်နေတာ စနိုက်ကြော်မနဲ့ နှစ်ပါးကြည်နေပြီးတော့”
“မင်းပါးစပ်ကိုပိတ် ထားလိုက်တော့ ရော့ မှတ်ပုံတင် သွားပြန်တော့”

မိငယ်သည်းခံနိုင်တဲ့အတိုင်းတာကျော်လွန်သွားပြီ ကိုယ့်ထက်ဆယ်နှစ်လောက်ကြီးလို့ကိုကြီးလို့တရိုတသေခေါ်ခဲ့တာ ခုတော့ရိုသေချင်စိတ်လဲမရှိတော့

“မပြန်တော့နင်က ဘာလုပ်ချင်လဲ ကဲ”
“ဟာ ဒီကောင်မတော့”
ပြောပြောဆိုဆို မိငယ်ရဲ့လက်ထဲကဖုန်းကိုအတင်းဆွဲလုပြီးပစ်ပေါက်လိုက်တာအပြစ်မဲ့ဖုန်းလေးကအစိတ်စိတ်အမွာမွာ ကွဲအက်လျှက်

“ဟယ် မသာကြီး”
ဆိုပြီး မိငယ်သူ့ရဲ့ပါးကိုဖြန်းကနဲ့နေအောင်ရိုက်ထည့်လိုက်တယ်”
“အ”
“ဟင် နင်က ငါ့ကိုလုပ်တယ်ပေါ့ ဟုတ်လား မသာမ”
သူမိငယ်ကို အားနဲ့ဆောင့်တွန်းလိုက်ရာ မိငယ်လဲပစ်အလဲမြေပြင်ပေါ်က ခဲလုံးနဲ့မိငယ်နှဖူးမိတ်ဆက်လိုက်ရာ နှဖူးသွေးတွေ ရဲကနဲ

“ဟာ မလုပ် ကြပါနဲ့”
“ဟေ့ကောင် ဇော်ကြီး တော်တော့ မင်းလွန်မယ်နော်”
ဘေးက လူတွေဝိုင်းဆွဲကြတော့မှသူတို့နှစ်ယောက်ရဲ့ရန်ပွဲ အဆုံးသတ်တော့တယ်
“နင့်ကို စက်ရုံမူးနဲ့ဖုန်းဆက်တိုင်မယ်စက်ရုံထဲမှာလာနှောက်ယှက်တယ်လို့”
“တိုင်လိုက်လေ တိုင်ပေါ့ ခေါ်လိုက်စမ်းပါ နှင်တို့အကြောင်းတွေအကုန်ပြောလိုက်လို့အရှက်ကွဲကုန်မယ် ငါ့ကိုဘာမှတ်နေလဲ”
“ကဲ ကဲ လာပါ ညီမလေးရယ် မမလိုက်ပို့ပေးမယ် အိမ်ပြန်ကြရအောင်နော်”
မပြန်ချင်သေးဘူး မမ”
“လာပါ ကွယ် ညီမလေးရယ်လိမ်မာပါတယ် အိမ်မှာကလေးတွေ မျှော်နေရောပေါ့ ပြန်ကြပါစို့ကွယ်”
“ဟင်းးးးးး ဟုတ်ကဲ့ပါ မမ”
သမီးနဲ့သားလေးရဲ့မျက်နှာလေးတွေမြင်ယောင်ပြီး မိငယ်စိတ်လျှော့လိုက်ပါပြီ

မိငယ်နဲ့ ဇော်ကြီးညားတာခုဆို အိမ်ထောင်သက်(14)နှစ်တောင်ရှီနေပြီ ဇာတိကတော့နှစ်ယောက်စလုံးဧရာဝတီတိုင်းဘက်ကပါ ရန်ကုန်တက်ပြီးစီးပွားလာရှာတာသမီးကြီးတစ်သက်ရှီပြီ ဇော်ကြီးအလုပ်က သံမဏိစက်ရုံက သံတိုသံစတွေ ရွေးထုတ်ရတဲ့အလုပ်သမားတွေရဲ့ခေါင်းဆောင်ပေါ့ သူဌေးရဲ့လူယုံတော်ပေါ့ တရက်ကို လုပ်အားခက နှစ်သောင်းလောက်ရတယ်ဒါတောင်မုန့်ဖိုးတွေရတာမပါသေးဘူး သူ့ကဘာမှလုပ်စရာမလိုဘူးကြီးကြပ်ရုံပဲ ဝင်ငွေကလဲကောင်း သူဌေးကလဲမြောက်စားထားတော့ဇော်ကြီးတို့ ဗွေ ဖောက်ပြီပေါ့ စက်ရုံထဲကပဲ သံတိုသံစလာရွေးတဲ့အမျိုးသမီးတယောက်နဲ့ ထိမိညိမိကြပြီပေါ့

မိငယ်လဲစ သိသိခြင်းတားပါတယ် ချော့တခါ ခြောက်တစ်လှည့်နဲ့အမျိုးမျိုးတားပါသေးတယ် ဘယ်လိုမှပြောလို့မရ မိငယ် ဘာဆက်လုပ်ရမှာလဲ ငိုရတာလဲနေ့တိုင်းမျက်ရည်နဲ့မျက်ခွက် မျက်ရည်ခံထိုးလို့မရ ကလေးတွေရဲ့မျက်နှာလဲမထှောက်တကယ်ကို ရက်စက်တာပါ ကလေးတွေဆိုလို့ သမီးအကြီးမလေးကခုမှသုံးတန်းသားငယ်လေးက ခုထိလေးနှစ်တောင်မပြည့်သေး ဒီနေတော့မိငယ်သည်းခံနိုင်တဲ့အတိုင်းတာကျော်လွန်ပြီးပေါက်ကွဲမိပြီ

မိငယ် ပေါက်ကွဲတဲ့နေ့ကစပြီးဒင်း အိမ်ပြန်မလာတော့ဟိုမယားငယ်နဲ့ပျော်ပါးနေမှာပေါ့ မယားငယ်ဆိုလို့ လူလွတ်မထင်ပါနဲ့ လင်ကြီးငုတ်တုတ် သားသမီးတွေတစ်ပြုံတစ်ခေါင်းနဲ့ လင်ကလဲလဲအရက်သောက်နေရ ရင်ပြီးရော့ ဘာမှစိတ်မဝင်စား အက်လိုတွေ

“တူ တူ တူ”
“ဟယ်လို”
“အေး ဘာလဲ ပြော”
“ရှင်က အိမ်ပြန်မလာတော့ဘူးလား”
“လာ ချင်လာမယ် မလာချင်မလာဘူး”
“ရှင် ဘာစကားပြောတာလဲရှင် ပိုက်ဆံပေးထားရုံနဲ့ရှင်ဘက်ကတာဝန်ကျေပြီလို့ရှင်ထင်နေလား”
“ဟာ ဒီမိန်းမ သောက်စကားရှည်တယ် တောက်”
“ဟယ်လို ဟယ်လို ဟင့် ဟင့် အီး ရက်စက်လိုက်တာနော် ”
“မငိုပါနဲ့မေမေရယ် သမီးတို့ရှိပါတယ် အားမငယ်နဲ့နော်”
“အေးပါ သမီးရယ်”

“မိငယ် မိငယ် ”
“ရှန် လာပြီ အမရေ”
“နင်ကလဲခေါ်ရလိုက်တာဟယ် အရေးကြီးတယ်ဟဲ့”
“ဘာလဲဟင် အမ ဘာဖြစ်လို့လဲဟင်”
“ဘာဖြစ်ရမှာလဲ နင့်လင်နဲ့စန်းမြိုင် ထွက်ပြေးသွားကြပြီတဲ့”
ဟင် ဟုတ် ဟုတ်လို့လားအမရယ်”
“သြော် ဟုတ်ပါတယ်ဆိုမိငယ်ရယ် နင်လင်နဲ့ဟိုကောင်မရဲ့လင်နဲ့ညတုန်းက ထိုးကြ ကြိတ်ကြလို့ စန်းမြိုင်ရဲ့လင်က တိုင်မယ်တောမယ်လုပ်လို့ ထွက်ပြေးသွားကြတယ်တဲ့”
“ဟင့် ဟင့်ကျမ ဘယ်လိုလုပ်ရမလဲအမရယ် ဟင်ကလေးနစ်ယောက်နဲ့ကျမ ဒုကွ ရောက်ပါပြီအမရယ် အီး ”
“အမေ အမေအဖေ မရှိတော့ဘူးဆို ဟုတ်လား”
“ဟုတ်တယ် သမီးရယ် နင့်အဖေ အမေတို့ကို ရက်စက်သွားပြီ”
ဟီး ဟီး အဖေရေ ပြန်လာပါ အဖေရဲ့ သမီးတို့ကိုမထားခဲ့ပါနဲ့ ”
“အားမငယ်ပါနဲ့မိငယ်ရယ် အမတို့လဲရှိတာပဲ ဟယ် သြော် နက်ဖြန်နင်တို့သူဌေးက နင်ကိုလာတွေ့မယ်တဲ့ ”
ဟုတ်ကဲ့ပါအမရယ် သြော် ကိုကြီးရယ် ရက်စက်လိုက်တာနော်”

“လာပါသူဌေး ကြွပါရှင့်”
“ကဲ မိငယ် ငါ့နှမ ည ည်းဘယ်လိုစဉ်းစားထားလဲ”
“မသိတော့ပါဘူး ရှင် ကျမ သေ သာသေလိုက်ချင်တော့တယ် ဟီး ဟင့်ဟင့်”
“မငိုပါနဲ့ ဒီကောင် တော်တော်မိုက်တဲ့ကောင်သားသမီးမျက်နှာမထှောက်လုပ်ရက်လိုက်တာ”
“ဟုတ်ပါတယ်ရှင် တကယ်လူစိတ်မရှိတဲ့သူပါ”
“ဖြစ်လာသမျှတော့ဘယ်တက်နိုင်ပါ့မလဲ ငါ့နှမရယ် ည ည်းစျေးရောင်းမလား ငါအရင်းနှီးထုတ်ပေးမယ်”
“ရှင် ဟုတ် ဟုတ်ကဲ့ရောင်းပါ့မယ်သူဌေး”
အေး ဒါဆိုရင် ဟုတ်ပြီလေ ဒီမှာငွေ ငါးသိန်း ဒါနဲ့ရင်းနှီးပြီးလုပ်ကိုင်စားသောက်ပေါ့”
“ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်”
“မလိုပါဘူးဟာ ငါတို့ကမိသားစုတွေပဲ အကူညီလိုရင်အိမ်ကိုအချိန်မရွေးလာခဲ့ အိမ်မှာငါမရှိလဲနင့်အမရှိတယ်ကြားလား”
“ဟုတ်”
“ကဲ့ ဒါဖြင့်ငါပြန်ပြီ”
ဟုတ်ကဲ့ပါရှင့်”
“မေမေ”
“ဟေ ဘာလဲသမီးလေး”
“သမီး ကျောင်မတက်ချင်တော့ဘူးသမီးမေမေနဲ့စျေးလိုက်ရောင်းပေးမယ်လေ”
“တော်စမ်းသမီး နင့်အဖေမရှိတော့ပေမဲ့ ငါ့သားသမီးတွေကိုပညာတက်ကြီးဖြစ်အောင်အမေ လုပ်ပေးနိင်တယ် သမီးကျောင်းတက်ရမယ် ကြားလားသမီး”
“ဟုတ် ဟုတ်ကဲ့ပါ မေမေ”

ရာသီတွေအလီလီပြောင်းခဲ့ပြီ မိငယ်အဖြစ်မှ ဒေါ်မိငယ်အဖြစ်သို့ ပြောင်းလဲလာခဲပြီ
ခုဆိုသမီးကြီးတောင်မှမူလတန်းဆရာမလေးဖြစ်နေပြီ သားငယ်ကတော့ အဝေးသင်နောက်ဆုံးနစ်သားနဲ့သမီးတို့က တကယ်ကိုလိမ်မာကြပါတယ်မိခင်ကိုချစ်လိုက်ကြတာများပတ်ဝန်းကျင်ကတောင်အားကျကြတဲ့အဖြစ်

“ဟော မေမေ ငိုနေပြန်ပြီးလား”
“သြော် သမီးကြီးအမေမငိုပါဘူးကွယ် ဒီတခါကျတဲ့မျက်ရည်ကသားနဲ့သမီးအတွက်ကြည်နူးလို့ကျတဲ့မျက်ရည်တွေပါ သမီးရယ် သားငယ်လေးရော ပြန်လာပြီလားသမီး”
“ဟုတ် လာနေပြီတဲ့လမ်းထိတ်မှာအမေ့အတွက် ပန်းသီးဝယ်နေလို့တဲ့မေမေ ဗိုက်ဆာပြီလား”
“မဆာသေးပါဘူးသမီးရယ် သားငယ်လေးလာမှဒို့သားအမိတွေတူတူစယးကြတာပေါ့”
“ဟုတ်ကဲ့ပါ မေမေ”
ခုတော့ ဒေါ်မိငယ်ဘဝကအေးချမ်းသာယာစွာဖြင့်ဘဝကိုဖြတ်သန်းနေပါပြီ မိငယ် မငိုတော့ပါဘူးလေ

ချစ်ခင်လေးစားစွာဖြင့်
လေးငယ်