October 14, 2025
Uncategorized

တမလွန်မှနှောင်ကြိုးတစ်မျှင်(စ/ဆုံး)

————————————- ဟဲလို….ကိုကို..ဘယ်ရောက်နေပြီလဲ… ဒီနေ့ မြဖူးငုံ၏ ၂၁နှစ်ပြည့်မွေးနေ့မို့ မနေ့ထဲက မင်းသူရအား…ဘုရားသွားရန်ပြောထားသည်ကို ယနေ့ မင်းသူရ နောက်ကျနေခြင်းကြောင့် ဖုန်းလှမ်း ဆက်ခြင်းပင်ဖြစ်၏….ငယ်လေး…ကိုကိုလာနေပြီ ရောက်တော့မယ်နော်….ဟာ…ကိုကို…ကိုမနေ့ထဲက သေခြာပြောထားတာကို….ဟုတ်ပါပြီ…ငယ်လေးရဲ့ ရောက်မှပဲ…ဆူတော်မူပါနော်….ဟာ…ကိုကိုနော် မင်းသူရထက် ၅နှစ်ငယ်သော မြဖူးငုံမှာ မင်းသူရ အပေါ်မှာ ကလေးတစ်ယောက်လို ဆိုးနွဲ့တတ်ပြီး ဆိုးသမျှကိုလည်း အလိုလိုက်အလျှော့ပေးခါ အမြဲသည်းခံရင်း …

Uncategorized

****စုဘူး****

အခန်း(၁) ညဘက်အိပ်ပျော်နေရင်းမှ နှာ၀သို့တိုး၀င်လာသော ‌ရနံ့၊ ထိုရနံ့သည် ကြာလေ အသက်ရှုကြပ်လာလေဟု ခံစားလာရ၏။ ” အဟွတ် ဟွတ် ဟွတ် “ ရင်ထဲ၌ မွန်းကြပ်ကာ ချောင်းများပင် ဆက်တိုက်ဆိုးလာခဲ့၏။ ” အား နံလိုက်တဲ့ ညှော်နံ့ကြီး “ သူ့နှုတ်မှအသံများပင် ယောင်ရမ်းထွက်ပေါ်လာ၏။ သူမျက်လုံးများအား …

Uncategorized

နာကူကားပေါ်၌ ရှိနေသူ

******** ဦးမြတစ်ယောက် မိမိရှေ့တွင် မြင်နေရသော မသာအလောင်းအားကြည့်ကာ ရင်ထဲ၌ ဆို့နစ်သွားသည်။ထိုအလောင်းအား ရုတ်တရက်ကြည့်ပါက သေတာကြာသည့် မသာကဲ့သို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဟု ထင်ရသော်လည်း တစ်ကယ်တန်း၌ ထိုအလောင်းသည် မနေ့ကအထိ အသက်ရှင်နေသေးသည့် လူမမာတစ်ဦးသာ ဖြစ်၏။လူမမာဆိုခြင်းထက် သေမိန့်ချခံရပြီးသည့် အသုဘ အလောင်းအလျာတစ်ခုဟု ဆိုရလျှင်ပိုမှန်ပါလိမ့်မည်။” ‌အေးမိုး ဘာစားချင်သေးလဲ …

Uncategorized

ပါးစပ်စီးတဲ့ မကပ်စေး

 (၁) ကျုပ်တို့ရွာမှာ မကပ်စေးလို့ပြောလိုက်ရင်တော့ ရွာလယ်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ပုပု၀၀မိန်းမကြီးတစ်ယောက်ကို ပြောတာပဲဗျာ၊ မကပ်စေးက အသက်က သုံးဆယ့်ငါးလောက်ရှိသဗျ၊ အညာသူအသားအရေအတိုင်း ညိုမည်းမည်းပဲပေါ့ဗျာ၊ ဈေးဆိုင်ဖွင့်ပြီး မိုးလင်းမိုးချုပ် ဈေးထိုင်ရောင်းနေရတာဆိုတော့ လူကလည်း အဆီပိတ်ပြီး ဝလာတာပေါ့ဗျာ၊ အရပ်ကလည်း ခပ်ပုပုကိုးဗျ၊ မကပ်စေးက တခြားနေရာမှာသာ ကပ်စေးနဲတတ်ပေမယ့် သူစားဖို့အတွက်ကျတော့ ကပ်စေးမနဲဘူးဗျာ၊ …

Uncategorized

သမီးပြည့်တန်ဆာ(စ/ဆုံး)

————————– ပစ္စည်းကို ဘယ်လာပို့ရမလဲတဲ့။ သြော်…ပစ္စည်းဆိုတာ ငါ့သမီးကို ပြောနေတာကို ငါ့ သမီးဟာ လူမဟုတ်တော့ဘူး ပစ္စည်း တစ်ခု ဖြစ်သွားပြီပေါ့။ ဟုတ်တယ် သက်ရှိ ယောင်္ကျားတွေရဲ့ တဏှာ ရမ္မက် အညစ်အကြေးတွေကို အန်ထုတ်မယ့် ထွေးခံလို ပစ္စည်းပေါ့။ (၂) ကျွန်မက ကိုထွန်းခိုင်ရဲ့ နဖူးကို …

Uncategorized

ကလဲ့စား

ခိုင်ဇာထွန်း (ကျောက်ဖြူ)အဝေးကိုမျှော်ကြည့်လိုက်လျှင် တမျှော်တခေါ် ရိုး ပြတ်တော့များနှင့် တောတန်းတောင်စွယ်အနီး အရိပ် ကောင်းသော နေရာများတွင် စပါးနယ်နေကြသော မိန်းမများကို တလှုပ်လှုပ် မြင်နေရသည်။စပါးပုံများကလည်း ကြီးသည်လည်း ရှိ၏။ ငယ်သည်လည်း ရှိ၏။ဤအထဲတွင် သိန်းဟန်နှင့် မအေးကြိုင်တို့၏ အပုံမှာ ကြီးမားသောအပုံတို့၏ ထိပ်ဆုံးဖြစ်နေသည်။ ကြီးရခြင်းအကြောင်းကလည်း ရှိနေသည်။မြစ်ကျယ်ကြီးမှ ထိုးတက်လာသော …

Uncategorized

ခွေးသူခိုးမ(စ/ဆုံး)

————– “ ခွေးသူခိုးမ “ ဒါကိုကြားနေကျ ဖြစ်ခဲ့ရတာက ကျမတို့ ခွေးမှန်းသိတတ်စ အရွယ်ကတည်းကပါ။ “ ခွေးသူခိုးမ ခွေးသူခိုးမ “ ဆိုတဲ့ လူတွေရဲ့ အော်သံတွေ ရှေ့ကနေ ကျမတို့အမေက ပြေးလွှားနေခဲ့ရတဲ့ မြင်ကွင်းက ကျမတို့အတွက် ကြောက်လန့်ရင်ခုန်မှုနဲ့အတူ မိတ်ဆက်ပေးခံခဲ့ရတဲ့ အမည်နာမ တစ်ခုပါ။ …

Uncategorized

လှံမြသောင်းနှင့်ကံကြွေး(စ/ဆုံး)

မြသောင်း ဟုဆိုလိုက်လျှင် နိဗ္ဗာန်တိုက်နယ်တွင် မသိသူခက်ရှားရှားပင်….. ……နေတာက ကရင်စု ရွာတွင်ဖြစ်သည်…. ….မြသောင်း ကို တချို့က လှံမြသောင်းဟူ၍လည်း တနည်းတဖုံခေါ်တွင်ကြပေသည်…….မြသောင်းတယောက် ဘာ့ကြောင့်နာမည်ကြီးပါသလဲ……လူဆိုး လူမိုက် ကစော်သမားလား….သို့မဟုပ် ဖဲသမား…ကြက်သမား…မို့လို့လား…. ..မဟုပ်ပါ….. ….ဒါဖြင့် ဘုရားဒရ်ကာ ကျောင်းဒါရ်ကာ လူရိုသေ ရှင်ရိုသေကြီးမို့လို့လား……. ….ဟင့်အင်း….အဲ့လိုလဲမဟုပ်ပေဘူးဗျ….. ….ဒါဖြင့် ဘာ့ကြောင့် …

Uncategorized

သမန်းကျားတကောင်ရဲ့ တုံ့လှယ်မေတ္တာ စဆုံး

(၁)အဖြစ်အပျက်တို့က ယုံနိုင်ဖွယ်မရှိ။ ဤသတ္တလောကကြီး၌ ထူးဆန်းအံဖွယ်တို့က ကုန်ပင် မကုန်နိုင်တော့ချေ။ သဲထိတ်ရင်ဖို နိုင်လှပေ၏။သို့သော်လည်း ကြည်နူးဖွယ်ကောင်းပေ၏။ မည်သို့ သဲထိတ်ရင်ဖို အံဖွယ်ဆန်းက ကြည်နူးဖွယ်ကောင်းရသနည်းဟု မေးသော် အောင်မောင်းကိုသာ သာဓကဆောင်၍ ပြောရုံရှိတော့၏။အောင်မောင်းသည် တောကိုမှီ၍ အသက်ရှင်သန်ရသော သူ ဖြစ်၏။ ရှင်းအောင်ဆိုရသော် အောင်မောင်းသည် တောအရပ်ရှိ သစ်ဝါးတို့ကို …

Uncategorized

အညှီကြိုက်သည့်အပင်(စ/ဆုံး)

  —————————-–— ” ဖေဖေ…ကြောက် ကြောက်…ကြောက် ကြောက်…အီး..ဟီး…” ညနေစောင်းအချိန်။ အတိအကျပြောရလျင် နွားရိုင်းသွင်းချိန်။ နေဝင်ရီတရောအချိန်တစ်ခု။ နိုင်ဦးတစ်ယောက် နှစ်နှစ်အရွယ် သမီးလေး မြဖူးငုံ ကို ကလေးစီးစက်ဘီးကလေးနှင့် နေအိမ်နောက်ဖေးရှိ မြေကွက်လပ်တွင် ထိန်းကျောင်းဆော့ကစားနေစဉ် သမီးလေးမှ ရုတ်တရက်ကြီး မပီကလာထအော်ပြီး ငိုသဖြင့် နိုင်ဦး ကြောင်အမ်းသွားရသည်။ …