မှတပါး အခြားမရှိပြီ
အပိုင်း – ၁ အပိုင်း တစ် ၁ ခရီးဟူသည် အစရှိလျှင် အဆုံး ရှိမြဲတည်း။ အစ်ကိုထွန်း၏ ခရီးကား ပြီးဆုံးချေပြီ။ ခရီးတလျှောက်ပင်ပန်းနွမ်းနယ်ခဲ့ရမှုများ၊ လှုပ်ရှား ရုန်းကန်ခဲ့ရခြင်းများ၊ ပျော်ရွှင်ကြည်နူးခြင်းနှင့် ဝမ်းနည်းနာကျည်းခြင်းများသည်လည်း ပြီးပျောက်ကုန်ဆုံးခြင်းသို့ ရောက်ခဲ့ရလေပြီ။ ဆင်းရဲခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းတို့သည်လည်း သူ့အတွက် ဘာမျှ အဓိပ္ပာယ်မရှိတော့ပြီ။ …