သေမင်းတမန် အဆိပ်ကောင်
ကိုပိုက်သေမင်းတမန် အဆိပ်ကောင်ကျွန်တော်နှင့် လင်းမြင့်လှိုင်တို့သည် ကချင်ပြည်နယ် ပူတာအိုရှိ ကောင်ကထောင်ကျေးရွာလေးသို့ ရောက်ခဲ့ကြရခြင်းသည် ကျောင်းတုန်းက သူငယ်ချင်းဖြစ်သူ ရာယ်ဒမ်းခင်၏ တကူးတကဖိတ်ကြားချက်ကြောင့် ဖြစ်ပေသည်။ သူသည် ရိုးသားဖြူစင်သူတစ်ယောက် ဖြစ်သည်။ ဖြူဖြူပုပုချောချော ဖြစ်သည်။ ဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာရသော ကချင်နွယ်ဖွား ရဝမ်လူမျိုး ဖြစ်သည်။သူငယ်စဉ်အခါက ကောင်ကထောင်ကျေးရွာကလေး၏ အဆင်းရဲဆုံးသူများစာရင်းတွင် …