October 14, 2025

မှိန်းမိတဲ့ငါး

မောင်ခြိမ့်မှိန်းမိတဲ့ငါးကွေ့ကွေ့ကောက်ကောက် ချောင်းကလေးတစ်လျှောက် လှေကလေးကို ရေစုန်တွင် လှော်လာခဲ့သည်မှာ တစ်နာရီခန့်ရှိပြီ။ သို့သော် မြစ်မကြီးနှင့် ဆုံတွေ့ရာ ချောင်းဝသို့ မရောက်နိုင်သေးပါ။ည ဆယ်နာရီခန့်သာ ရှိသေးသော်လည်း ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်လုံး တိတ်ဆိတ်မှုက ဖုံးလွှမ်းလျက်ရှိ၏။ ချောင်းကလေး ဘယ်ညာကမ်းနှစ်ဖက်တွင် ပေါက်ရောက်လျက်ရှိသော လမုပင်များ၊ မိုးမခပင်များ၊ သပြေပင်များတွင် မှိတ်ချည်လင်းချည်ဖြင့် ဟိုမှသည်မှ သွားလာရွေ့လျားနေသော …

ကျွန်ုပ် အိမ်သို့မပြန်နိုင်

ကုမုဒြာကျွန်ုပ် အိမ်သို့မပြန်နိုင်ဒိုက်သရောကင်းခြင်းဖြင့် အသရေတင့်သော မြစ်ပြင်သည် လရောင်အောက်ဝယ် ပြန့်ပြူးရှင်းသန့်နေ၏။အဝေးပျပျမှ ချိုးကူသံသဲ့သဲ့သည် နက်ရှိုင်းသော မြစ်ပြင်ကို သတ္တိကင်းစိမ့်သောငှာ မတတ်နိုင်ခဲ့။ဗေဒါအုပ်စုတို့သည် ဣန္ဒြေကြီးစွာဖြင့် ရွေ့လျားနေ၏။ ဗေဒါသည် မြစ်လယ်ကို ကြောက်လန့်ဟန်ဖြင့် ခပ်ဖယ်ဖယ်ပြုနေ၏။ စုန်ဆင်းရသည်မှာ ပညာပါလှ၏။ တစ်ဖန် ဆန်တက်ရသည်မှာလည်း ထို့ထက်ပို၍ ရင်ခုန်စရာ ကောင်းပြန်၏။မိုးနှင့်ဆောင်း ရောသော …

အန္တရာယ်နှင့် လက်တစ်ကမ်း

ခင်မောင်အေး (မန္တလေး)အန္တရာယ်နှင့် လက်တစ်ကမ်းမိုးကလေး နည်းနည်းပြတ်ပြီဆိုလျှင် နှမ်းပင်များက တစ်ထွာတစ်ထောင်မျှ မြင့်တက်လာခဲ့ပြီ ဖြစ်၏။အညွန့်အညှောက်ကလေးက တလူလူဖြင့် လေအဝှေ့တွင် ဝေ့ကာဝိုက်ကာ ဘယ်ညာယိမ်းလျက်ရှိသော နှမ်းပင်ပေါက်ကလေးများကို တောတိုးမုဆိုးတစ်ဦးအဖို့မူ လှုပ်ရှားလျက်ရှိသော အနှီနှမ်းပင်လေးများက တောအမဲသတ္တဝါ ချေ၊ ဒရယ်နှင့် ဆတ်ဖားကြီးများအား မျက်စပစ်၍ ညှို့ခေါ်လျက် ရှိပြီဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်ရပေသည်။နှမ်းခင်းများအကြား …

ရေသာခိုသူ

မောင်သိက္ခာရေသာခိုသူ(၁)ဧရာဝတီမြစ်ရေသည် ဒေါမာန်ထနေသော မြွေနဂါးကြီးနှယ် ဟိန်းဟောက်ကာ တရကြမ်း စီးနေ၏။နွေရာသီတုန်းကကဲ့သို့ ရေပြင်မှာ မကြည်လင်။ နောက်ကျိနေ၏။ မြစ်ရေပြင်တွင် မှုတ်ဝဲကြီးများမှာ ပွက်ပွက်ဆူနေသည်။ စုပ်ဝဲကတော့ကြီးများကလည်း အနားသို့ ရောက်လာသမျှ မလွတ်တမ်း ရေအောက်သို့ စုပ်ယူပြီး ဆွဲနှစ်နေသည်။အထက်မှ ကမ်းပြိုကာ မျောလာသော၊ လူကြီးလက်တစ်ဖက်ခန့်ရှိ သစ်ပင်ကြီးတစ်ပင်သည် စုပ်ဝဲကတော့ကြီးတစ်ခု၏ နှုတ်ခမ်းသားဘေးတွင် …

ကိုယ်တိုင်ဖမ်း ကိုယ်တိုင်ချက်သည့် ငါးလိပ်ကျောက်ဟင်းတစ်ခွက်

မောင်မောင်မိုးအောင်ကိုယ်တိုင်ဖမ်း ကိုယ်တိုင်ချက်သည့် ငါးလိပ်ကျောက်ဟင်းတစ်ခွက်“ဆရာတာဝန်ထမ်းဆောင်ရမယ့် ကျောင်းက ဟောဒီနေရာမှာ ရှိတာ”ကော့သောင်းမြို့နယ် ပညာရေးမှူးက မြေပုံကားချပ်ပေါ် ထောက်ပြရင်း ကျွန်တော့်ကို ဆက်၍ ရှင်းပြသည်။“ဒီကျွန်းက ဖလော်ကာကျွန်းလို၊ ဒါက ပြာနီကျွန်း၊ ဟောဒီကျွန်းကြီးက ဇာဒက်ကြီးကျွန်းပဲ။ တွဲဖက်အလယ်တန်းကျောင်းက ဇာဒက်ကြီးကျွန်းပေါ်မှာ ရှိတယ်”မြေပုံအရ မြန်မာပြည်တောင်ဘက်အစွန်းတွင် တည်ရှိသည့်နေရာ ဖြစ်သည်။ ထိုနေရာသို့ ကျွန်တော် …

မြေထိုင်ဝက်ဝံ

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)မြေထိုင်ဝက်ဝံညနေစောင်းဘက်သို့ ရောက်ရှိခဲ့သည်ကြောင့် နေလည်း ချိုလာသလို အိပ်တန်းနီးကပ်နေသော အောင်လောင်ငှက်ကြီးတွေက တဝေါဝေါအော်မြည်ကာ တကောင်နှင့် တကောင် အသံပြုနေကြလေပြီ။မြိုင်ဆန်လှသော တောတပြင်၏ အခြေအနေတွေကလည်း နှင်းရိပ်လိုက်ကာ အေးမြသောကာလကို ဖန်တီးစ ပြုလာပါသည်။ကျွန်တော်သည် လမ်းပြ တောကျွမ်းကျင်သူ ကိုတိုက်မောင်ကို ခေါ်ယူကာ ညနေ အိပ်တန်းထချိန် အမဲသားကောင် ရှာဖွေခြင်း၊ …

ရေနက်ကြီးရွာမှ ကျားသောင်းကျန်း

လေးမောင်ရေနက်ကြီးရွာမှ ကျားသောင်းကျန်းရန်ကုန် မန္တလေး အမှတ် (၃) အမြန်လမ်းမကြီးသည် ပဲခူးရိုးမကြီး အတွင်းပိုင်းဆီသို့ တဖြောင့်တည်း တိုးဝင်သွားသလို ဟိုမှာဘက် မရမ်းချောင်းကျေးရွာနှင့် သည်မှာဘက် ဥတိုကျေးရွာတို့အကြား တိုးဝင်ကာ ရေနက်ကြီးကျေးရွာကို ကျော်လျက် မြွေကြီးတစ်ကောင် ဆန့်တန်းကာ မလှုပ်မယှက် အိပ်ပျော်နေသယောင်။ထိုရေနက်ကြီးကျေးရွာဆီမှ ဟိုမှာဘက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ပါလျှင် မဟူရာတောင်ကြီးနှင့် စိန်တောင်ကြီးတို့နှင့် …

တိုက်ပွဲပျော်တို့၏ ဘဝခရီး

ဖိုးကျော့တိုက်ပွဲပျော်တို့၏ ဘဝခရီးသက်ရှိသတ္တဝါတိုင်းသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရားလေးပါးပေါ် မှီတင်း၍ ရှင်သန်ကြီးထွားလာကြရလေသည်။လက်ရှိ ပစ္စက္ခဖြစ်စဉ်ဘဝတွင် ဇီဝအသက်ရှင်သန်ရေး၌ အာဟာရသည် အရေးအကြီးဆုံးသော အကြောင်းတရားတစ်ခုပင်။ထို့ကြောင့် အသက်ရှိသူတိုင်းသည် လောကသို့ ခြေချမိသည်နှင့်တစ်ပြိုင်နက် အစာအာဟာရကို အော်ဟစ်တောင်းဆိုတတ်ကြလေသည်။သူတို့သည်လည်း ဥခွံမှ ထွက်လာကတည်းကပင် မွတ်သိပ်ဆာလောင်သော ဝေဒနာက ပါလာလေသည်။ ထို့ကြောင့် …

သစ်မှည့်တောမှ အပြန်

အောင်ခင်စိုးသစ်မှည့်တောမှ အပြန်မုဆိုးဆိုသည့် လုပ်ငန်းသည် သေနတ်၊ ဒူးလေး လက်နက်တို့ဖြင့် သားရဲတိရစ္ဆာန်တို့ကို လိုက်လံသတ်ဖြတ်ရသော လုပ်ငန်းဖြစ်၍ လွယ်ကူသော လုပ်ငန်းတစ်ခုဟု ထင်ကြပေလိမ့်မည်။ဤသို့ပင် ကျွန်တော်ကိုယ်တိုင်ကလည်း ထင်မြင်ခဲ့ဖူးပါသည်။အမှန်တကယ်ဆိုရပါမူ မုဆိုးအလုပ်သည် လွယ်ကူသော လုပ်ငန်းတစ်ခု မဟုတ်ရုံမျှမက အလွန်ဘေးအန္တရာယ်ကြီးမား များပြားသော လုပ်ငန်းတစ်ခုဖြစ်ကြောင်းကို မုဆိုးအဖြစ် လုပ်ကိုင်စားသောက်ကြသော ဝါရင့်မုဆိုးကြီးများထံမှလည်းကောင်း၊ ကျွန်တော်၏ …

သီတာခုနစ်တန်

ခင်မောင်အေး(မန္တလေး)သီတာခုနစ်တန်ကျည်အသင့်ထိုးပြီး သုံးဆယ်ဒသမ သုညခြောက် ဝင်ချက်စတာ စပရင်းဖီးလ် အမဲပစ်ရိုင်ဖယ်မှ ၂၂ဝ ဂရိမ် ခဲထိပ်ဖူးတပ် ကျည်တစ်တောင့်တည်းဖြင့် ဝက်တောင်းကြီး ဝပ်ကျသွားသည်။“အိ” ခနဲ နာကျည်းစူးရှစွာ တစ်ချက် အော်လိုက်ပြီးနောက် ခြေနှစ်ချောင်း လက်နှစ်ဖက် အကြောစုံဆွဲ၍ ငြိမ်သွားသည်။ ဘယ်ဘက် နှလုံးကွင်းကို တိကျစွာ မှန်သွားခြင်းဖြစ်သည်။မုဆိုးသည် အမဲပစ်သေနတ်မှ …