အဆိပ်သင့်နှလုံးသား ပန်းများဖြစ်စေ
ကျွန်းစဉ်မြေစောခက်အဆိပ်သင့်နှလုံးသား ပန်းများဖြစ်စေဘင်္ဂလားပင်လယ်ပြင်ကြီးသည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်း ကမ်းခြေသို့ ချဉ်းကပ်ဝင်ရောက်လာသည့်အချိန်တွင် ရခိုင်ရိုးမတောင်တန်းကြီးမှ ဖြာထွက်စီးဆင်းလာကြသော ချောင်းမ၊ မြစ်ငယ်အသွယ်သွယ်တို့နဲ့ ချစ်ကြိုးသွယ်မိပြီး ကျွန်းကြီးကျွန်းငယ်၊ သောင်ကမ်းကျောက်စု တောင်ပုလုများကို မွေးထုတ်ပေးလိုက်သည်။ငပသုန်ကျွန်းမှာ မြေပုံမြို့နယ်၏တောင်ဘက် အစွန်ဆုံးကျွန်း ဖြစ်၏။ နောင်တော်ကြီး နော်တော်လေး ကျွန်းများနဲ့အပြိုင် ဘင်္ဂလားပင်လယ်ပြင်ထဲတွင် တည်ရှိနေ၏။ကျွန်းပေါ်တွင် တောင်ကြီးတောင်ငယ် စုစုပေါင်း …