October 15, 2025

စပါးအုံး ဖမ်းသမား၉

#တွင်းကြီးဝမ်းမောင်စပါးအုံး ဖမ်းသမားမိဂျမ်းရေ ဆရာဝမ်းလာတယ်ဟ။ တိုက်ဆိုင်လိုက်တာ။ လေးခင်မ ခူးလာတဲ့ သမုန်းဖူးသုပ်ချိန်နဲ့ အကိုက်ပဲ။ ဆရာဝမ်း စားရအောင် သမုန်းဖူး သုပ်ကွ။ငလုံး … မင်းဆရာ ဆရာဝမ်း သောက်ရအောင် ရေနွေးကြမ်းခပ်ကွာ။ လက်ဖက်ခြောက် ဖန်ဖန်ခတ်၊ ဆရာဝမ်းက လက်ဖက်ခြောက်ဆိုရင် ဖန်မှ။ ကွမ်းယာဆိုရင်လည်း မြန်မာဆေးများမှ။ ကိုယ့်ဆရာအကြောင်းကိုလည်း …

စည်းပျက်တံငါ၆

မောင်ခြိမ့်စည်းပျက်တံငါအရာရာကို အလေးအနက်မထားဘဲ နောက်တတ်၊ ပြောင်တတ်၊ ခပ်ပျော်ပျော်နေတတ်သည့် အေးပု၏စကားကို နားယောင်ပြီး သည်နေရာကို ထွက်လာမိတာ မှားပြီဟု ဖိုးချစ်တွေးရင်း ကိုယ့်ကိုယ်ကို ဒေါသထွက်မိရတော့သည်။“ရှီးထဲမှပဲ … ဒါ မိုးတွင်းလားဟ”ဒေါသသံဖြင့် မကျေမချမ်း ရေရွတ်ရင်း ကောင်းကင်ကို မော့ကြည့်ဖြစ်သည်။ ဝင်းဝင်းလျှပ်လျှပ် နေလုံးကြီးကို ဖျတ်ခနဲ တစ်ချက်ကြည့်ပြီး စူးရဲလှသော …

ကိုယ်ပျောက်ဘိုးဘိုးနှင့် တောကြောင်နက်သား၉

ကေ(တောင်တန်းပြာ)ကိုယ်ပျောက်ဘိုးဘိုးနှင့် တောကြောင်နက်သားပုံတောင်ပုံညာ ယောဒေသက တောခလွန်ဆိုတဲ့ တောကျောင်းလေး တစ်ကျောင်းမှာ ဘိုးတော်ဦးဒါနဆိုတဲ့ ဗိန္ဒောဆေးဆရာကြီးဟာ သက်သတ်လွတ်တွေပဲ မှီဝဲရင်း တောမှီဘိုးတော် လုပ်နေတာပေါ့။ ဘိုးတော် ဦးဒါနဟာ အရင်တုန်းကတော့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပါ။ဒါပေမဲ့ ဘိုးတော်ဦးဒါနက ဗေဒင်ဟော၊ ဇာတာဖွဲ့၊ ယတြာချေ၊ အင်းအိုင်လက်ဖွဲ့ စတဲ့ ဂမ္ဘီရပညာတွေကို လိုက်စားတယ်။ ဒီအလုပ်တွေက …

ဟင်းမျိုးနှင့် သင်းကွဲပြောင်၇၇

မောင်မြင့်မား(ဗိုလ်ကလေး)ဟင်းမျိုးနှင့် သင်းကွဲပြောင်ပြီးခဲ့သော သုံးရက်လောက်က မိုး အဆက်မပြတ် ရွာသည်။ မိုးရွာသောကြောင့် တောင်ကျချောင်းရေနှင့်အတူ အမှိုက်သရိုက်များ၊ သစ်ကိုင်းသစ်ခက်များ အကုန်လုံး ပါသွားသည်။ စမ်းချောင်းတစ်လျှောက် ရှင်းလင်းနေသည်။ချောင်းအကျယ်က (၁၅)ကိုက်လောက် ရှိသော်လည်း ရေကျသွားချိန်ဖြစ်၍ ချောင်းအလယ်တွင် (၂)ကိုက်လောက်သာ ရေစီးနေတော့သည်။စောဂျိမ်းတို့ စမ်းချောင်းကလေးကို ရောက်ချိန်က မွန်းတည့်ချိန်ကို ကျော်နေပြီ။စောဂျိမ်း၊ ဦးတက်ခေါင်နှင့် …

သွေး၈

ယိမ်းနွဲ့လျှံသွေး(၁)နှစ်နှစ်ဆယ်ကြာမှ ပြန်ပေါ်လာသည့်အခွင့်အရေး . . . ။ ပြန်ပေါ်လာသည်ဟု ဆိုငြား သဘာဝပြဋ္ဌာန်းချက် ကြောင့် သူ့အလိုလို ပြန်ပေါ်လာခြင်းမျိုး မဟုတ်။ ကံတရားဖေးမမှုကြောင့် ပြန်ပေါ်လာရခြင်း။ဟုတ်သည်။ မနေ့ညက ကျွဲမ မိမဲတူမှ ကျွဲဖြူထီးကလေးတစ်ကောင် ပေါက်ဖွားသန့်စင်နိုင်ခဲ့၏။ ဤသို့ ကျွဲဖြူတစ်ကောင် မွေးဖွားပေါ်ပေါက်လာရခြင်းသည်ပင် ဤ”ဘရာပနာ”ကျွဲမျိုးတို့အတွက် ကံကောင်းခြင်းဟု …

သမုဒယ ဒီရေတော၉

ရဲရင့်ကျော်သမုဒယ ဒီရေတော“ဟေ့ကောင် … ရေသံမကြားအောင် လှော်နော်”လှေဦးကနေ၍ သတိပေးလိုက်သော တာတီး၏ အသံကို ကြားတော့ အောင်ဒိုးတစ်ယောက် စိတ်ထဲမှာ ထောင်းခနဲဖြစ်ပြီး ဒေါသတွေ အလိပ်လိုက်ထတော့သည်။အိမ်ကထွက်မလာမီက သူ့ကို ဆူလိုက်၊ ပြောလိုက်၊ ဟောက်လိုက် လုပ်နေခဲ့သော ဖအေကို မကျေနပ်ရသည့်အထဲ အချင်းချင်း ဆရာလုပ်ခံရသောအခါ ပို၍ စိတ်တိုနေမိသည်။ဘယ့်နှယ် …

နဒီအတွင်းမှာ၈

လင်းယုန်တင့်ဆွေနဒီအတွင်းမှာရွာတန်းရှည်ဘက်မှ မီးရောင်မြင်လိုက်ရသဖြင့် အားစိုက်လှော်ရန် အားယူထားသော လှော်တက်ကိုင်ထားသည့် ကိုရင်မောင့်လက်တွေ တန့်သွားသည်။ မီးရောင်မြင်ရာကို ကိုရင်မောင် စူးစိုက်ကြည့်သည်။မီးရောင် အပေါ် မြောက်လာသည်။ ဘယ်ညာဝေ့ယမ်းနေသည်။သေချာပါပြီ။ မြစ်ထဲတွင် ပိုက်ချထားကြောင်း မော်တော် သို့မဟုတ် သင်္ဘောအား မီးအုပ်ဆောင်းဖြင့် အချက်ပြနေခြင်း ဖြစ်သည်။ကိုရင်မောင် စိတ်ဓာတ်ကျသွားသည်။ သူများထက်ဦးအောင် အိမ်က စောစောထွက်လာကာမှ …

ဟင်းစားတစ်ကောင် အသက်နှစ်ချောင်း၈

ဖျာပုံလှမိုးနွယ်ဟင်းစားတစ်ကောင် အသက်နှစ်ချောင်းမုဆိုးကျော် ကိုအောင်သိန်းသည် ဤဖြစ်ရပ်အား ဇနီးဖြစ်သူ မိတင်အေးကို မပြောဝံ့၍ ထိန်ချန်ထားခဲ့ရပါသည်။ပိတုန်းတစ်ကောင်သည် ကိုအောင်သိန်းကို လှည့်ပတ်ပျံရင်း တဝီဝီအော် နေသည်။ ကိုအောင်သိန်းက မျက်ခြည်မပြတ်သတိနှင့် ကြည့်နေသည်။သူ့လက်နှစ်ဖက်က မအားပါ။ ထီးရိုးဝါးကိုင်းတံကို ဘယ်လက်မှပင့်ကိုင်၍ ညာလက်ဖြင့် ကိုင်းတံအရင်းပိုင်းကို ဖိကိုင်၍ ဒူးတစ်ဖက်လှဲ၊ တစ်ဖက်ထောင်တွင် ညာဘက်နံဘေးကပ်ထားပြီး ဒီရေအတက်၏ …

ပိတောက်ပင်ချောင်မှ ဟင်းမျိုးကြီး၉

#ခင်မောင်အေး (မန္တလေး)ပိတောက်ပင်ချောင်မှ ဟင်းမျိုးကြီးလေသည် ထူးထူးခြားခြား ငြိမ်နေသည်။ မှိုင်းမှုန်သော ဥတုသည် ပူပူလောင်လောင် အိုက်စပ်စပ်ကြီး ဖြစ်လျက်ရှိ၏။ အခါတိုင်း ကြားနေရစမြဲဖြစ်သော ကျေးငှက် သာရကာတို့ အသံသည်ပင် တိတ်ဆိတ်လျက် ရှိလေသည်။ အသံခပ်အစ်အစ်ဖြင့် အဝေးဆီသို့ လွင့်ပျံလာသော “တက်တက် တူးခါးခါး”ဟူသော ခါဖိုတစ်ကောင်၏ တွန်သံကိုသာ တစ်ချက်တစ်ချက် ကြားရသည်။ဝဲယာအနှံ့ကို …

ပိုက်သမားဖိုးထောင်၈

ပိုက်သမားဖိုးထောင်“လာပြီဟေ့ ဖိုးထောင်ရေ”ဦးပိုက်ကြီးသည် သားဖိုးထောင် ပိုက်တန်းဖော်နေသည်ကို သူ၏ လက်လှော်ဘောက်တူလှေကလေးဖြင့် ဖိုးထောင်၏လှေဆီသို့ ခပ်သွက်သွက် လှော်ခတ်လာ၏။ဖိုးထောင်မှာ အဖေလာနေသဖြင့် အနိုင်နိုင်ဆွဲနေရသော ပိုက်တန်းကိုကိုင်ကာ“အဖေရေ ဧရာမငါးကြီး မိထားလို့ဗျ”ဟု ဝမ်းသာအားရပြောလိုက် သည်။သင်္ဃန်းကြီးရွာသည် ရွေးမြစ်မှခွဲသော ဇွင်ရွဲချောင်းကြီးအဖျား ပင်လယ်ပေါက်ရွာကြီးဖြစ်သည်။ဆောင်းဦးပေါက်ရာသီဖြစ်၍ ရေလုပ်ငန်းများ ဖွံ့ထွား၍ အထိအမိများသောအချိန်အခါလည်း ဖြစ်ပါ၏။မိုးနှင့် မုန်တိုင်းများလည်း အိပ်ပျော်သွားကြသော …