နှောင်းတမြေ့မြေ့(စ/ဆုံး)
———————– ကောင်းကင်တွင်တရိပ်ရိပ်တက်လာသော တိမ်ညိုတိမ်လိပ်များအား မော့ကြည့်ရင်း ဆရာလေး ခေမာ သက်ပြင်းမောကြီးတစ်ချက်အား ချလိုက်မိသည်။လေများတဖြူးဖြူး တိုက်ခတ်လာသည်နှင့်အမျှ လွင့်ဝဲကျလာသော သစ်ရွက်ခြောက်များက ဆရာလေး ခေမာ၏ အနီးအနား၌ ပျံ့ကြဲလျှက် … အရွက်ဟောင်းကြွေ ရွက်သစ်ဝေတတ်သော သစ်ပင်စိမ်းစိမ်းကြီးများကို ကြည့်ကာ ဘေး၌ရှိသော ရိုးတံရှည် တံမြက်စည်းကြမ်းကြီးကို ကိုင်လျှက် ဆရာလေးခေမာ …